Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုး ထောင်ဒဏ် ၁၀နှစ် မတရား ချမှတ်ခံရ

မဝတ်ရည်အောင်သည် ယခင်က ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် (၃)နှစ် ကနဦး ချမှတ်ခံထားရပြီး လက်ရှိတွင် ထောင်ဒဏ် (၄)နှစ် ထပ်မံချမှတ်ခံရသည့်အတွက် စုစုပေါင်းထောင်ဒဏ် (၇) နှစ် ရှိလာပြီဖြစ်သည်။

ဓာတ်ပုံ - YUESU
ဓာတ်ပုံ - YUESU

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ) ဒုဥက္ကဌ ကိုထက်ပိုင်စိုးအား စစ်ကောင်စီက မတရားဖမ်းဆီးပြီးနောက် အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ်ကို ယမန်နေ့က ချမှတ်ခဲ့သည်။

ကိုထက်ပိုင်စိုးသည် ပြီးခဲ့သည့် ၂၀၂၂ ဧပြီ ၂၁ ရက်က ရန်ကုန်မြို့ သဃန်းကျွန်း လေးထောင့်ကန်လမ်းမပေါ်၌ သွားလာနေစဉ် မနွေးရတီတိုးနှင့်အတူ မတရားမဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀ (ည)ဖြင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံး၌ ရုံးတင်တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

” ကိုထက်ပိုင်စိုးက တရားရင်ဆိုင်ချိန်မှာလည်း ဖိနှိပ်မှုတွေ၊ ခြိမ်းခြောက်မှုတွေ ခံခဲ့ရတယ်လို့ သိရပါတယ်။ အခုလဲ တရားစွဲဆိုခံရချိန် တစ်နှစ်နဲ့ နှစ်လကျော်ကြာပြီးမှ အမိန့်ချမှတ်ခံရတာပါ။ သူ့ကို (ကိုထက်ပိုင်စိုး) အရပ်ဘက်တရားရုံးတွေမှာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ် မတရား ချမှတ်ခဲ့တာပါ။ သူတို့တွေ အမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက် အပြင်မှာရှိနေတဲ့သူတွေက တော်လှန်ရေးကို ပိုအားစိုက်ပေးကြဖို့ လိုအပ်ပါတယ်”ဟု ကျောင်းသားလူငယ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ရက်ကလည်း ကျောင်းသားများသမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်အား စစ်ကောင်စီက ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် (၄)နှစ် ချမှတ်ခဲ့ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သတင်းထုတ်ပြန်ခဲ့သည်။

မဝတ်ရည်အောင်သည် ယခင်က ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် (၃)နှစ် ကနဦး ချမှတ်ခံထားရပြီး လက်ရှိတွင် ထောင်ဒဏ် (၄)နှစ် ထပ်မံချမှတ်ခံရသည့်အတွက် စုစုပေါင်းထောင်ဒဏ် (၇) နှစ် ရှိလာပြီဖြစ်သည်။