Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နန်ဆန်ယာန်ဒေသတွင် စစ်ကောင်စီက တိုက်ပွဲမဖြစ်မဖြစ်သည့်နေရာများကိုပါ လက်နက်ကြီးများပစ်ခတ်

ဇူလိုင် ၃ရက်မှစ၍ KIA ဌာနချုပ်နယ်မြေအနီးရှိနန်ဆန်ယာန်ဒေသတွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။

(နေရပ်ပြန်​နေထိုင်သည်မှာ မကြာ​သေး​သော နန်ဆန်ယာန်​ကျေးရွာနှင့်အနီးတစ်ဝိုက်မှ ​ဒေသခံများမှာ ထပ်မံ​ထွက်ပြေး​ တိမ်း​ရှောင်​နေရသည်။ဓာတ်ပုံ - မြစ်ကြီးနားဂျာနယ်)
(နေရပ်ပြန်​နေထိုင်သည်မှာ မကြာ​သေး​သော နန်ဆန်ယာန်​ကျေးရွာနှင့်အနီးတစ်ဝိုက်မှ ​ဒေသခံများမှာ ထပ်မံ​ထွက်ပြေး​ တိမ်း​ရှောင်​နေရသည်။ဓာတ်ပုံ - မြစ်ကြီးနားဂျာနယ်)

“ဗန်းမော်ဘက်က စစ်ကြောင်းတွေလည်း တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို ထိုးဝင်လာတဲ့အနေအထားကို တွေ့ရပါတယ်။ အဲဒါကြောင့် တိုက်ပွဲကတော့ ဆက်ဖြစ်ဖို့တော့များပါတယ်” – ဗိုလ်မှူးကြီးနော်ဘူ

ကချင်ပြည်နယ် နန်ဆန်ယာန်ဒေသ၌ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ကျေးရွာအချို့ကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ဇူလိုင် ၃ရက်မှစ၍ KIA ဌာနချုပ်နယ်မြေအနီးရှိနန်ဆန်ယာန်ဒေသတွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။

“နန်ဆန်ယာန်မှာဖြစ်တဲ့တိုက်ပွဲကတော့ မနေ့ကတော့ မြေပြင်တိုက်ပွဲမရှိဘူး။ စကစဘက်ကနေ လက်နက်ကြီးနဲ့ရမ်းပစ်တာလည်းရှိပါတယ်။ တိုက်ပွဲဖြစ်တာကတော့နန်ဆန်ယာန်ဘက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ တိုက်ပွဲမဖြစ်တဲ့ ရွာတွေဖြစ်တဲ့ မိုင်ဆပ်ပါဘက်မှာလည်း သူတို့က လက်နက်ကြီးနဲ့ပစ်တဲ့အနေအထားကိုတွေ့ရပါတယ်။နောက်တစ်ခုကတော့ စကစဘက်က စစ်ကူတွေလည်း ပြန်ပြီးတိုးထားတာကိုတွေ့ရပါတယ်။ မနေ့က ညနေပိုင်းအထိ တော့ ဗန်းမော်ဘက်က စစ်ကြောင်းတွေလည်း တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို ထိုးဝင်လာတဲ့အနေအထားကို တွေ့ရပါတယ်။ အဲဒါကြောင့် တိုက်ပွဲကတော့ ဆက်ဖြစ်ဖို့တော့များပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ပြောကြားသည်။

မြစ်ကြီးနား – ဗန်းမော်ကားလမ်းလည်း အခုထက်ထိပိတ်ထားဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ပြည်သူလူထု သွားလာလှုပ်ရှားတာလည်း မတွေ့ရပါဘူး။ နန်ဆန်ယာန်ကျေးရွာမှာလည်း ပြည်သူလူထုက မရှိသလောက်ဖြစ်နေပါတယ်။ စစ်ရေးအခြေအနေကတော့ တင်းမာနေတုန်းဖြစ်ပါတယ်ဓဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

နန်ဆန်ယာန်ဒေသခံတစ်ဦးကမူ ယမန်နေ့ညပိုင်းတွင် နန်ဆန်ယာဘက်သို့အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်ကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုရှိသည်ဟု ပြောသည်။