Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှား​တောမြို့နယ်တွင် စစ်တပ်စခန်းတစ်ခုနှင့် ပွိုင့်ကုန်းတစ်ခုကို KAသိမ်းပိုက်၊ စစ်ကူစစ်​ကြောင်းကိုတိုက်ခိုက်ရာ စစ်သား၆ ဦး​သေဆုံးပြီးလက်နက်ခဲယမ်းများစွာရရှိ

တိုက်ပွဲတွင်​သေဆုံးခဲ့​သောစစ်သားရုပ်အ​လောင်းများကိုပါထုတ်ပြန်ထားပြီး People’s Spring တယ်လီဂရန်ချန်နယ်တွင်​ဖော်ပြထားပါသည်။

(စစ်တပ်ထံမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KA)
(စစ်တပ်ထံမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KA)

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် ပွိုင့်ကုန်း ကိုသိမ်းပိုက်ရရှိခဲ့ပြီး စစ်ကူလာသည့်စစ်ကောင်စီတပ်ကိုပါ တိုက်ခိုက်ရာ ဗိုလ်ကြီးနှစ်ဦးအပါအဝင် ခြောက်ဦးသေကာ လက် နက် ၊ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ကရင်နီတပ်မတော် KA တပ်ရင်း (၂) က ထုတ်ပြန်လိုက်သည်။

ရိက္ခာလမ်းကြောင်းဖြတ်တောက်ကာ မကြာခဏ တိုက်ခိုက်ခဲ့၍ သံလွင်မြစ်အရှေ့ခြမ်းရှိ နယ်စပ်တပ်စခန်း ကျားပါးစပ်လေးနှင့် ပွိုင့် ၂၉၅၇ တို့ကိုစစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ထို့နောက် ကရင်နီတပ်မတော်က ထိုစခန်းနှင့် ပွိုင့်ကုန်းကို ဇွန် ၂၅ ရက်က နယ်မြေရှင်းလင်းရာ ၆၀ မမ ဗုံးသီး ၄၅ လုံး၊ RPG 7 ဗုံးသီး ၂၄ လုံး၊MG ငါးကြင်းမြီး ကျည် ၄,၃၆၉ တောင့်၊ MA ကျည် အတောင့် ၃၄၀၊လက်ပစ်ဗုံး ၄ လုံး နှင့် ၁၄ မိုင်း ၁၀ လုံးကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

(စစ်တပ်ထံမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KA)
(စစ်တပ်ထံမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KA)

ထို့အပြင်စစ်ကြောင်းတစ်ကြောင်းဖြင့်ရှမ်းပြည်နယ်မှ တဆင့်လာသည့် ခလရ ၅၁၀ စစ်ကြောင်းကို ဒေါမယ်ကျိုရွာဟောင်း၌ ဇွန်လ ၂၉ ရက်က ကရင်နီတပ်မ တော်ကကြာဖြတ်တိုက်ခိုက်ခဲ့သည်။

တစ်နာရီကြာမြင့်သည့် ထိုတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ဗိုလ်ကြီး အဆင့်ရှိသူ နှစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့ပြီးလက်နက်မျိုးစုံ ၁၀ လက်​ကျော်နှင့် ခဲယမ်းများ ၊ဗုံးသီးများ ၊မိုင်းများ ရရှိခဲ့သည်။သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများမှာ 60 mm ၁ လက်နှင့် ကျည် ၁၄ လုံး၊ RPG 7 ကျည် ၇ လုံး၊ 79 ဗုံးသီး၆၅ လုံး၊ MG(ငါးကြင်းမြီး)၁ လက်၊ ပြောင်း ၂ ခုနှင့် ကျည် ၇၂၆ တောင့်၊MA5(9 mm) ၁ လက်၊ MA4 (79) တွဲ ၁ လက်၊ MA3 ၄ လက်၊ MA2 ၁ လက်၊ MA1 ၂ လက်၊ MA ဘောက် ၂၆ ခုနှင့် ကျည် ၃,၇၂၀ တောင့်၊ စွပ်ဗုံး ၂၁ လုံး၊ လက်ပစ်ဗုံး ၈ လုံးနှင့် နင်းမိုင်း ၈ လုံးတို့ဖြစ်သည်။

တိုက်ပွဲတွင်​သေဆုံးခဲ့​သောစစ်သားရုပ်အ​လောင်းများကိုပါထုတ်ပြန်ထားပြီး People’s Spring တယ်လီဂရန်ချန်နယ်တွင်​ဖော်ပြထားပါသည်။

သို့သော် ၁၂၀ မမ အပါအဝင် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချခဲ့မှု၌ တပ်ရင်း ၂ တပ်ခွဲ ၁ မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်းလည်း KA က အသိ​ပေးခဲ့သည်။