Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး မြရည်နန္ဒအိမ်ရာအနီး မှာ အမျိုးသားအလောင်းထပ်တွေ့

အလောင်းတွေ့တဲ့နေရာဟာ မြရည်နန္ဒာ အိမ်ရာ အရှေ့ဘက် ၁၂၀ လမ်း နဲ့ သန့်ဇင်ကုန်းကျေးရွာဒေါင့် မှာ ဒီမနက် ၁၀ နာရီဝန်းကျင်က တွေ့ခဲ့ရတာပါ။

မန္တလေး မြရည်နန္ဒအိမ်ရာအနီး မှာ အမျိုးသားအလောင်းထပ်တွေ့
မန္တလေး မြရည်နန္ဒအိမ်ရာအနီး မှာ အမျိုးသားအလောင်းထပ်တွေ့

မန္တလေး ပုသိမ်ကြီးမြို့နယ်၊ မြရည်နန္ဒာအိမ်ရာ အနီး လမ်းဘေး မြေကွက်လပ်မှာလူလတ်ပိုင်းအမျိုးသား ရုပ်အလောင်းကို ဒီနေ့မနက်ပိုင်းမှာ တွေ့ခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းထံကသိရပါတယ်။

အလောင်းတွေ့တဲ့နေရာဟာ မြရည်နန္ဒာ အိမ်ရာ အရှေ့ဘက် ၁၂၀ လမ်း နဲ့ သန့်ဇင်ကုန်းကျေးရွာဒေါင့် မှာ ဒီမနက် ၁၀ နာရီဝန်းကျင်က တွေ့ခဲ့ရတာပါ။

သေဆုံးသူအမျိုးသားဟာ အသက် ၃၀ ဝန်းကျင်ရှိပြီး ပြင်ပ ဒဏ်ရာမတွေ့ရဘူးလို့လည်း သိရပါတယ်။

မန္တလေး မြရည်နန္ဒအိမ်ရာအနီး မှာ အမျိုးသားအလောင်းထပ်တွေ့
မန္တလေး မြရည်နန္ဒအိမ်ရာအနီး မှာ အမျိုးသားအလောင်းထပ်တွေ့

“အခုဖြစ်တဲ့နေရာဝန်းကျင်တလျောက် အလောင်းတွေလာလာပစ်ကြတာ”လို့ လူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

ဇွန်လ ၂၈ ရက်လည်း မြရည်နန္ဒအိမ်ရာအနီး ၁၂၀ လမ်း နား မြေကွက်လပ်မှာပဲအမျိုးသားအလောင်း တစ်လောင်းတွေ့ခဲ့တာရှိပါတယ်။

မန္တလေးမှာ ပြီးခဲ့တဲ့ တစ်ပတ်တာအတွင်း စွန့်ပစ်ထားတဲ့ အမျိုးသား ရုပ်အလောင်း ၆ လောင်းတွေ့ခဲ့ရပြီး အဲဒီမှာအချို့ဟာ သတ်ဖြတ်ခံထားရတဲ့လက္ခဏာတွေ တွေ့ရတယ်လို့ လူမှုကူညီရေးအသင်းထံကတဆင့်သိရပါတယ်။