Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမြန်လမ်းတွင် အိမ်စီးကားတစ်စီး လမ်းလယ်ကျွန်းရှိထန်းပင် ဝင်တိုက်မိပြီး နှစ်ဦးဒဏ်ရာရ

အဆိုပါ အမျိုးသားနှင့် အမျိုးသမီးတို့ကို အမြန်လမ်းကြက်ခြေနီအသင်းမှ ဖြူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့က ဆိုသည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ - MFSD

ရန်ကုန် – မန္တလေး အမြန်လမ်းတွင် အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်တိုက်မိ၍ နှစ်ဦးဒဏ်ရာရရှိမှု ယနေ့ (ဇူလိုင် ၁၅) ညနေက ဖြစ်ပွားခဲ့သည်။

ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၈)တွင် AD Van အမျိုးအစား ယာဉ်တစ်စီး မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်ရောက်တိုက်မိကာ ယာဉ်ပေါ်ပါ အမျိုးသားနှင့် အမျိုးသမီးတို့ ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့က ဖော်ပြထားသည်။

“မိုးရွာနေတော့ အရှိန်တင်မောင်းတဲ့အချိန်မှာ ကားလမ်းမှာ စလစ်ဖြစ်ပြီး လမ်းလယ်ကျွန်းက ထန်းပင်ကို ဝင်တိုက်မိတာပါ။ ကားပေါ်ပါလာတဲ့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး ဒဏ်ရာရသွားတယ်။ အမျိုးသားက မစိုးရိမ်ရပေမယ့် အမျိုးသမီးကတော့ စိုးရိမ်ရဖွယ် ရှိပါတယ်။ အမျိုးသမီး ထိုင်လာတဲ့ဘက်က ကားဘေးခြမ်းတစ်ခုလုံး ကျေသွားပါတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ ပြ​ည်သူတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသားနှင့် အမျိုးသမီးတို့ကို အမြန်လမ်းကြက်ခြေနီအသင်းမှ ဖြူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့က ဆိုသည်။