Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရ

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့ ပူးပေါင်း၍ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေးလုံးသည် လေတပ်စခန်းကို ထိရောက်မှုရှိစွာပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းက​ယ​နေ့ သတင်းထုတ်ပြန်လိုက်သည်။

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရ
မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရ

▪︎စစ်​ကောင်စီ ​လေ​ကြောင်းအသုံးပြု၍ ပြည်သူများကိုအကြမ်းဖက်မှုပိုလုပ်လာ​သော​ကြောင့်တုံ့ပြနမယ်ခြင်းဟုတာဝန်ရှိသူ​ပြော

မကွေးလေတပ်စခန်းကို ယနေ့ မနက် ၁နာရီခန့်က ရှော့တိုက်ဒုံး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်ဆီဂိုထောင်ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုအမှတ်( ၁ )စစ်​ဒေသ မကွေးခရိုင် အမှတ် (၂) တပ်ရင်းမှတာဝန်ရှိသူက​ပြောသည်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့ ပူးပေါင်း၍ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေးလုံးသည် လေတပ်စခန်းကို ထိရောက်မှုရှိစွာပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းက​ယ​နေ့ သတင်းထုတ်ပြန်လိုက်သည်။

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရ
မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရ

“ကျနော်တို့ မနက်၁နာရီလောက် မဟာမိတ်တွေအတူပူးပေါင်းပြီး မကွေးလေတပ်စခန်းကို ၁၀၇မမ၅လုံးနဲ့သွားပစ်တယ် ၄လုံး မကွေးလေတပ်ဝန်းထဲကျရောက်ပေါက်ကွဲခဲ့ပြီးတော့ ၁လုံးကတော့ Errorတက်တယ် လေတပ်ထဲက ဆီဂိုဒေါင်တစ်ခုကိုတော့ ထိမှန်တယ်လို့ အနီးဝန်းကျင်ကနေ အတည်ပြုနိုင်တယ် စစ်ခွေးတချို့လည်းထိခိုက်ကျဆုံးတယ်လို့ သတင်းရထားပေမယ့် အသေးစိတ်အတည်ပြုနိုင်ဖို့တော့ စုံစမ်းရခက်နေပါတယ်”ဟု မကွေးခရိုင်အမှတ်၂ တပ်ရင်းမှတာဝန်ရှိသူက​ပြောသည်။

လေတပ်အနီးဝန်းကျင်ကို လုံခြုံရေးအထူးတင်းကြပ်ထားသဖြင့် အသေးစိတ်အတည်ပြုရန် ခက်ခဲ​ကြောင်းလည်း၎င်းကဆက်​ပြောသည်။

အဆိုပါစစ်ဆင်​ရေးကို MKCDF( Mountain Knights Civilians Defense Force)၊ မကွေးခရိုင် အမှတ် (၂)တပ်ရင်း၊ ငါးပြေမ ပျောက်ကြားတပ်ဖွဲ့နှင့် တောင်တွင်းကြီး ပကဖတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုမကွေးခရိုင်တပ်ရင်း (၂)က ထုတ်ပြန်ထားသည်။

“စစ်ကောင်စီက လေကြောင်းအသုံးပြုပြီးတော့ အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်လာတာတွေ တော်တော်များလာတဲ့အတွက် ကျနော်တို့ လက်လှမ်းမီတဲ့ မကွေးလေတပ်စခန်းကို ၁၀၇မမတွေနဲ့သွားပစ်ခဲ့တာပါ”ဟု အထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

မကွေးလေတပ်စခန်းကို ၂၀၂၂ နိုဝင်ဘာ၁၅ရက်ကလည်း ဒေသခံကာကွယ်ရေးများက ရှော့တိုက်ဒုံး ၃လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသည်။

​တော်လှန်​ရေးအင်အားစုများက စစ်​ကောင်စီ၏တံတားဦး​လေ​တပ် ၊မဂ်လာဒုံ​လေတပ် ၊​နေပြည်​တော်​လေတပ်တို့ကိုလည်း ယခုနှစ်အတွင်း ​ရှော့တိုက်ဒုံးများ ၊တာ​ဝေးဖြင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ထားသည်။