Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကျင်မြို့နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ဒေသခံ ၁ သောင်းကျော် စစ်ရှောင်နေရ

တိုက်ပွဲတွေဟာ KNU တပ်မဟာ (၃) တပ်ရင်း ( ၇ ) လက်အောက်ခံ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား ဖြစ်တာ ဖြစ်ပြီး အနီးအနား ကျေးရွာတွေက လူထုဟာ မနေရဲတော့ဘဲ ဘေးလွတ်ရာကိုတိမ်းရှောင်ကြရတာလို့ KNU က ဆိုပါတယ်။

ညောင်လေးပင်ခရိုင်ထဲက ပြည်သူအချို့ကိုတွေ့ရစဉ် (ပုံဟောင်း)
ညောင်လေးပင်ခရိုင်ထဲက ပြည်သူအချို့ကိုတွေ့ရစဉ် (ပုံဟောင်း)

ပဲခူးတိုင်း အရှေ့ခြမ်း ညောင်လေးပင်ခရိုင် ၊ ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ကျေးရွာ ၉ ရွာက ဒေသခံ ပြည်သူ ၁ သောင်းကျော် ထွက်ပြေးနေရတယ်လို့ KNU ဗဟိုဘက်က အသိပေးဖော်ပြပါတယ်။

တိုက်ပွဲတွေဟာ KNU တပ်မဟာ (၃) တပ်ရင်း ( ၇ ) လက်အောက်ခံ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား ဖြစ်တာ ဖြစ်ပြီး အနီးအနား ကျေးရွာတွေက လူထုဟာ မနေရဲတော့ဘဲ ဘေးလွတ်ရာကိုတိမ်းရှောင်ကြရတာလို့ KNU က ဆိုပါတယ်။

ဒီလိုထွက်ပြေးနေရတဲ့ ရွာတွေဟာ ပျဉ်ရေ၊ ဝိုင်ကျွန်း၊ သိုက်တူးကုန်း၊ ညောင်ပင်ကြီးရွာသစ်၊ ညောင်ပင်ကြီး ရွာမ၊ စပ်စု၊ သက်ကယ်ကုန်း၊ အင်္ဂနီ၊ကျောက်တန်း နဲ့ စံဖဲ ကျေးရွာတို့ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီရွာတွေအပြင် အခြားသော ကျေးရွာ ၇ ရွာ က ဒေသခံ ၃,၀၀၀ ကျော်ဟာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထွက်ပြေးနေရတယ်လို့. KNU ဖော်ပြပါတယ်။

KNU တပ်မဟာ ၃ နယ်မြေ ထဲကို စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းအမှတ်. ခမရ ၂၀၊ ခြေလျင်တပ်ရင်းအမှတ် ခလရ ၂၆၄ တို့ စစ်ကြောင်းထိုးနေတာလို့လည်းသိရပါတယ်။

ဓာတ်ပုံ − KNU