Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သပြေညိုသတင်းလွှာ ပေ့ချ်နဲ့ ဆက်စပ်တယ်ဆိုပြီး ၆ ဦးကို စစ်တပ်ဖမ်းဆီးထား

သပြေညို သတင်းလွှာ ပေ့ချ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေး မှာ စစ်တပ်ရဲ့မြေပြင်လှုပ်ရှားမှုသတင်းတွေကိုနေ့စဉ်တင်ပေးတာဖြစ်ပါတယ်။

သပြေညိုသတင်းလွှာ ပေ့ချ်နဲ့ ဆက်စပ်တယ်ဆိုပြီး ၆ ဦးကို စစ်တပ်ဖမ်းဆီးထား
သပြေညိုသတင်းလွှာ ပေ့ချ်နဲ့ ဆက်စပ်တယ်ဆိုပြီး ၆ ဦးကို စစ်တပ်ဖမ်းဆီးထား

မန္တလေးမှာ စစ်ကောင်စီတပ်ရဲ့မြေပြင်လှုပ်ရှားမှု သတင်းတွေကို ဖော်ပြပေးနေတဲ့ သပြေညိုသတင်းလွှာ ဖေ့ဘွတ်ခ်စာမျက်နှာနဲ့ဆက်စပ်ပြီး လူ ၆ ဦးကို ဖမ်းဆီးထားတယ်လို့ စုံစမ်းသိရပါတယ်။

ဖမ်းခံရသူ ၆ ဦးဟာအမျိုးသမီး ၃ ဦးနဲ့အမျိုးသား ၃ ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ဆက်တိုက်ဖမ်းခံရတာပါ။

အဲဒီ ၆ ဦး ဟာ သပြေညိုသတင်းလွှာ ပေ့ချ်အတွက် ငွေကြေးကောက်ခံတာ ၊ ငွေကြေးထောက်ပံ့တာ ၊ စစ်တပ်ရဲ့ မန္တလေးမှာ လှုပ်ရှားမှုသတင်းတွေ ပေးပို့တာ ဆိုပြီး စွပ်စွဲထားတာလို့သိရပါတယ်။

သပြေညို သတင်းလွှာ ပေ့ချ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေး မှာ စစ်တပ်ရဲ့မြေပြင်လှုပ်ရှားမှုသတင်းတွေကိုနေ့စဉ်တင်ပေးတာဖြစ်ပါတယ်။

စစ်ကောင်စီတပ် ပိတ်ဆို့စစ်ဆေးနေတဲ့နေရာ ၊ စစ်တပ်ယာဉ်တန်းဖြတ်သန်းသွားတဲ့နေရာတွေ စတာတွေကိုဖော်ပြပေးတာတွေ့ရပါတယ်။