Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထိုနယ်တိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေဟု KNLA သတင်းရင်းမြစ်ပြော

ကျိုက်ထိုနယ် အပါအဝင် KNU တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ် စစ်ကြောင်းများ၊ ယာဉ်တန်းများ၊ စစ်ကောင်စီတပ်စွဲရာနေရာများကို ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

(KNLA မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - EPA)
(KNLA မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - EPA)

▪️စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းပစ်၍ အရပ်သား သုံးဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ ကျိုက်ထိုမြို့နယ် ဇီးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) သတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၁၆ရက် နံနက်ပိုင်းက အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်ကို KNLA တပ်ရင်း(၃)၊ သူရိယ စစ်ကြောင်း ဒရုံးတပ်ဖွဲ့၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)၊ ကျိုက်ထို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နှင့် ဘီးလင်း(ပကဖ)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲမှာ နံနက် ၇နာရီမှ ၉နာရီအထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးခဲ့ကြောင်း KNLA သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ အရပ်သားပြည်သူများထိခိုက်ခဲ့ရာ အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး သေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။

ကျိုက်ထိုနယ် အပါအဝင် KNU တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ် စစ်ကြောင်းများ၊ ယာဉ်တန်းများ၊ စစ်ကောင်စီတပ်စွဲရာနေရာများကို ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။