Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှစ်​လေးလုံးပြည်သူ့အရေးတော်ပုံ ၃၅ နှစ်မြောက်လူထုဆန္ဒပြပွဲ လန်ဒန်တွင်ကျင်းပမည်

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (Kim) အပါအဝင် ယူကေရှိ တော်လှန်ရေးမိသားစုဝင်များက ၂၆မိုင် လမ်းလျှောက်၍နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေကြမည် ဖြစ်ကြောင်းလည်း စီစဥ်သူများထံမှသိရသည်။

ရှစ်​လေးလုံးပြည်သူ့အရေးတော်ပုံ ၃၅ နှစ်မြောက်လူထုဆန္ဒပြပွဲ လန်ဒန်တွင်ကျင်းပမည်
ရှစ်​လေးလုံးပြည်သူ့အရေးတော်ပုံ ၃၅ နှစ်မြောက်လူထုဆန္ဒပြပွဲ လန်ဒန်တွင်ကျင်းပမည်

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် လာမည့် သြဂုတ် ၅ ရက်၌ ရှစ်​လေးလုံး(၈၈၈၈) ပြည်သူ့အရေးတော်ပုံ ၃၅ နှစ်မြောက် အထိမ်းအမှတ် လူထုဆန္ဒပြပွဲ ကျင်းပမည် ဖြစ်သည်။

အဆိုပါ လူထုဆန္ဒပြပွဲကို သြဂုတ် ၅ ရက် နေ့လည် ၂ နာရီတွင် ပါလီမန်ရင်ပြင်တွင် စတင်ကျင်းပမည် ဖြစ်ပြီး ယင်းရင်ပြင်မှ ဗြိတိနိဝန်ကြီးချုပ်နေထိုင်ရာ ဒေါင်းနမ်းလမ်းသို့ ချီတက်ဆန္ဒပြမည် ဖြစ်ကြောင်း ယူကေရှိ တော်လှန်ရေးမိသားစုဝင်များက ဖော်ပြထားသည်။​ဒေါင်းနင်းလမ်းတွင် ၁ နာရီ ခန့် ဆန္ဒထုတ်​ဖော်ကြမည်ဟုသိရသည်။

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (Kim) အပါအဝင် ယူကေရှိ တော်လှန်ရေးမိသားစုဝင်များက ၂၆မိုင် လမ်းလျှောက်၍နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေကြမည် ဖြစ်ကြောင်းလည်း စီစဥ်သူများထံမှသိရသည်။

၈၈၈၈ ကာလမှ ယခုထက်ထိတိုင် တော်လှန်နေသူများကို ဂုဏ်ပြုလေးစားသည့်အနေဖြင့်​ရော ၊ ဗြိတိန်အစိုးရနှင့် နိုင်ငံတကာကို မြန်မာပြည်ဖွားများက သွေးမအေးကြောင်း ပြသသည့်အ​နေဖြင့်​ရော လူထုဆန္ဒပြပွဲနှင့် လမ်းလျှောက်ရန်ပုံငွေပွဲတို့တွင် ပါဝင်ပေးကြရန် ယူကေရှိ တော်လှန်ရေးမိသားစုဝင်များက တိုက်တွန်းခဲ့သည်။

“၈၈၈၈ အရေးတော်ပုံဟာ ၃၅နှစ်ပြည့်တော့မယ်။ အဲဒီကတည်းက တောင်းယူလာခဲ့တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ဒီမိုကနေစီစနစ်ကတော့ အခုထိ ပြည်သူ့လက်ထဲ မရောက်သေးပါဘူး။ ဒါပေမဲ့ ရောင်နီသန်းလို့ မကြာမီ မိုးလင်းလာပါတော့မယ်။ ဒီအချိန်မှာ အားလုံးစုစည်းပါဝင်နေကြောင်း နိုင်ငံ

တကာကို ပြဖို့ လိုသလို စစ်အာဏာရူးတွေကိုလည်း ပြဖို့ လိုပါတယ်။ ဒီလောက်တော့ မြန်မာပြည်ဖွားတိုင်း လုပ်နိုင်ကြမယ်လို့ ထင်ပါတယ်။ ၈၈၈၈ အထိမ်းအမှတ်ပွဲများကို ကမ္ဘာတဝှမ်း တတ်နိုင်သလောက် ပါဝင်ပေးကြပါ” ဟု ယူကေမိသားစုဝင်များက နှိုးဆော်ခဲ့သည်။