Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတုန်းမြို့ရှိ စစ်တပ် စစ်ဆေးရေးဂိတ်နှစ်ခုကို တော်လှန်ရေးပူးပေါင်းအဖွဲ့ ပစ်ခတ်တိုက်ခိုက်

ယမန်နေ့(ဇူလိုင် ၃၀) နံနက် ၆နာရီခန့်က မင်းတုန်းမြို့၊ ဗူးတောင်းကျေးရွာအနီးရှိ မင်းတုန်းတံတား (ကန်လည်တံတား)ဂိတ်နှင့် (၅)မိုင်စစ်ဆေးရေးဂိတ်တို့ကို ဒရုန်း၊ (၄၀) မမများအပါအဝင် လက်နက်ငယ်များဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ကျောင်းသားလက်ရုံးတပ်တော်(SAF)မှ ရှေ့တန်းရောက်ရဲဘော်အချို့အားတွေ့ရစဥ်။ဓာတ်ပုံ - SAF)
(ကျောင်းသားလက်ရုံးတပ်တော်(SAF)မှ ရှေ့တန်းရောက်ရဲဘော်အချို့အားတွေ့ရစဥ်။ဓာတ်ပုံ - SAF)

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ရှိ စစ်ကောင်စီ၏ မင်းတုန်းတံတားဂိတ်နှင့် (၅)မိုင်စစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်(SAF)က ယနေ့(ဇူလိုင် ၃၁)အသိပေး ထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၃၀) နံနက် ၆နာရီခန့်က မင်းတုန်းမြို့၊ ဗူးတောင်းကျေးရွာအနီးရှိ မင်းတုန်းတံတား (ကန်လည်တံတား)ဂိတ်နှင့် (၅)မိုင်စစ်ဆေးရေးဂိတ်တို့ကို ဒရုန်း၊ (၄၀) မမများအပါအဝင် လက်နက်ငယ်များဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ရန်သူအင်အားက ဂိတ် နှစ်ခုပေါင်း ၄၀ဝန်းကျင်ရှိပါတယ်။ တိုက်ခိုက်ချိန် နာရီဝက်ကြာမြင့်ပါတယ်။ နောက်ဆက်တွဲကတော့ ထိခိုက်မှုရှိတယ်လို့ပဲ သိရပါတယ်။ အသေးစိတ်မသိရသေးပါ” ဟု ကျောင်းသားလက်ရုံးတပ်တော်(SAF)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အထက်ပါတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိ အကျမသိရသေးဘဲ စုံစမ်းဆဲဖြစ်ကြောင်း၊ တိုက် ခိုက်မှုတွင် ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း ပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း SAF က အသိပေးသည်။

အထက်ပါ စစ်ရေးတိုက်ခိုက်မှုများကို နယ်မြေခံတပ်ရင်းတစ်ခုဖြစ်သည့် အမှတ် (၁) စစ်ဒေသ သရက်ခရိုင် အမှတ်(၄)တပ်ရင်း၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)နှင့် လွတ်မြောက်ရေးအင်အားစု စစ်သည်တော်များတပ်ဖွဲ့(WOLF)တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။