Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပန်းတိုင်အောင်ပွဲကိုသာ အာရုံပြုရန် ယာယီသမ္မတက ပြည်သူများအား သတင်းစကားပါး

ယာယီသမ္မတအနေဖြင့် ပြည်သူလူထုအား အသိပေးပြောကြားလိုသည့် သတင်းစကားများကို အလျဉ်းသင့်လျင် သင့်သလို ၎င်း၏ Facebook စာမျက်နှာ၌ ဖော်ပြလေ့ရှိသည်။

ပန်းတိုင်အောင်ပွဲကိုသာ အာရုံပြုရန် ယာယီသမ္မတက ပြည်သူများအား သတင်းစကားပါး
ပန်းတိုင်အောင်ပွဲကိုသာ အာရုံပြုရန် ယာယီသမ္မတက ပြည်သူများအား သတင်းစကားပါး

ပြည်သူများအနေဖြင့် ပန်းတိုင်အောင်ပွဲကိုသာ အာရုံပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့(ဇူလိုင် ၃၁ရက်) ပြည်သူများထံ သတင်းစကားပါးလိုက်သည်။

ယာယီသမ္မတအနေဖြင့် ပြည်သူလူထုအား အသိပေးပြောကြားလိုသည့် သတင်းစကားများကို အလျဉ်းသင့်လျင် သင့်သလို ၎င်း၏ Facebook စာမျက်နှာ၌ ဖော်ပြလေ့ရှိသည်။

Public Service Announcement
Public Service Announcement

“ကျနော်တို့ အားလုံးဟာ တော်လှန်ရေးမှာ လုပ်ကိုင် ဆောင်ရွက်ပုံတွေ မတူညီကြပေမယ့် လျှောက်တဲ့လမ်းချင်း တူလို့ လူချင်းတွေ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားသူချင်း တက်နိုင်သရွေ့ ညီညီညွတ်ညွတ် ဖေးဖေးမမနဲ့ ပန်းတိုင် အောင်ပွဲကိုပဲ အာရုံပြုပြီး လျှောက်လှမ်းကြရမှာ ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ အဓိကလုပ်ငန်းတာဝန်မှာ ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရန်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေသည်မှာ စစ်ကောင်စီဖြစ်ကြောင်း ယာယီသမ္မတက ဇူလိုင် ၂၅ရက် အစိုးရ အဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ပြီး စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်း အသိပေးထားသည်။