Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဝက်ဝံဝတ်စုံနဲ့ လူတွေကို လိမ်ညာပြသထားတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို တရုတ် တိရစ္ဆာန်ရုံ အသည်းအသန် ဖြေရှင်းနေရ

ဓာတ်ပုံတစ်ပုံမှာတော့ ဝက်ဝံတစ်ကောင် မတ်တပ်ရပ်နေပုံကို ရိုက်ပြထားပြီး ‘လူတွေက ကျွန်တော် မတ်တတ်ရပ်တာ လူတစ်ယောက်နဲ့ တူလွန်းတယ်လို့ ပြောနေကြတယ်။ ခင်ဗျားတို့ ကျွန်တော့်ကို ကောင်းကောင်း နားမလည်ပါဘူး’လို့ အရွှန်းဖောက် နောက်ပြောင် ရေးသားထားခဲ့ပါတယ်။

ပြသထားတဲ့ ဝက်ဝံတွေဟာ အစစ်မဟုတ်ဘဲ လူတွေဝင်ပြီး သရုပ်ဆောင်နေတာဆိုတဲ့ စွပ်စွဲချက်တွေကို တရုတ် တိရစ္ဆာန်ရုံ တစ်ခုက အသည်းအသန် ဖြေရှင်း ငြင်းဆိုနေရပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်းက ဟန်ဇူးမြို့မှာရှိတဲ့ ဟန်ဇူး တိရစ္ဆာန်ရုံက မလေးရှားဆန်း ဝက်ဝံတစ်ကောင် မတ်တပ်ရပ်နေပုံဟာ သဘာဝ မဆန်ဘူးလို့ ဝေဖန် ခံနေရပါတယ်။ နောက်ပြီး ခြေထောက်လိုမျိုး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို သေချာကြည့်ရင် ဝက်ဝံဝတ်စုံ ချုပ်ပြီး လူတွေက ဝင်ရောက် ဟန်ဆောင်တာနဲ့ တူနေတယ်ဆိုတဲ့ ထောက်ပြမှုတွေလည်း ဓာတ်ပုံနဲ့တကွ လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့လာပါတယ်။

ဓာတ်ပုံတစ်ပုံမှာတော့ ဝက်ဝံတစ်ကောင် မတ်တပ်ရပ်နေပုံကို ရိုက်ပြထားပြီး ‘လူတွေက ကျွန်တော် မတ်တတ်ရပ်တာ လူတစ်ယောက်နဲ့ တူလွန်းတယ်လို့ ပြောနေကြတယ်။ ခင်ဗျားတို့ ကျွန်တော့်ကို ကောင်းကောင်း နားမလည်ပါဘူး’လို့ အရွှန်းဖောက် နောက်ပြောင် ရေးသားထားခဲ့ပါတယ်။

တိရစ္ဆာန်ရုံရဲ့ ပြန်ကြားရေး တာဝန်ခံကတော့ အဲဒီ ဝက်ဝံတွေဟာ လူတွေလိုပဲ မတ်တပ်ရပ်တတ်တဲ့ သဘာဝမျိုး ရှိကြောင်း၊ ဓာတ်ပုံ တစ်ခုလောက်ကို အခြေပြုပြီး လူတွေက ဝက်ဝံယောင် ဆောင်နေပါတယ် ဆိုတာမျိုး စွပ်စွဲတာက ယုတ္တိ ကင်းမဲ့လွန်းကြောင်း ဒေသခံ သတင်းစာ တစ်စောင်ကို တုံ့ပြန် ပြောဆိုထားပါတယ်။

မလေးရှားဆန်း ဝက်ဝံတွေဟာ အကြီးစား ခွေးတစ်ကောင်စာလောက် ထွားကျိုင်းလေ့ရှိပြီး နောက်ခြေပေါ်မှာ မတ်တပ်ရပ်ရင် အရပ်အမြင့် ၁.၃ မီတာလောက်ထိ ရှိတတ်ပါတယ်။ ဂရစ်ဇလီလို အကြီးစား ဝက်ဝံမျိုးစိတ်တွေရဲ့ အရပ်အမြင့်က ၂.၈ မီတာလောက်ထိ ရှိတာကြောင့် မလေးရှားဆန်းတွေဟာ အတော်သေးငယ်တဲ့ ဝက်ဝံမျိုးစိတ် တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။

တရုတ် တိရစ္ဆာန်ရုံတွေက လာရောက်ကြည့်ရှုသူ ဧည့်သည်တွေကို မဟုတ်မမှန် လှည့်စားတယ်ဆိုတဲ့ သတင်းမျိုးတွေ အရင်ကလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဥပမာ ဝံပုလွေတွေ၊ အာဖရိကကြောင်တွေကို မျိုးစိတ် အစစ်အမှန် မဟုတ်ဘဲ အိမ်မွေး ခွေးနဲ့ကြောင်တွေကို ဆေးရောင်ပြောင်းဆိုးပြီး ပြသတာ၊ မြည်းတွေကို အဖြူနဲ့အနက် အကျားတွေ ခြယ်ပြီး မြင်းကျားအဖြစ် ပြသတာမျိုးတွေ အရင်က ကြုံခဲ့ရဖူးပါတယ်။