Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ် ညောင်ကိုင်းရွာပျူစခန်း မီးရှို့ဖျက်ဆီးခံရဟုဆို

ယမန်နေ့ (သြဂုတ် ၁ရက်)နံနက် ၃ နာရီခန့်က ရွှေဘိုမြို့နယ် ၊ ညောင်ကိုင်းရွာရှိ ပျူစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူသုံးဦးထိခိုက်ဒဏ်ရာများရရှိကြောင်း ဒေသခံများက ပြောသည်။

(စစ်ကိုင်းတိုင်းအတွင်းရှိ ပျူစောထီးအဖွဲ့ဝင်များအား ၂၀၂၂ အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - အညာသားလေး)
(စစ်ကိုင်းတိုင်းအတွင်းရှိ ပျူစောထီးအဖွဲ့ဝင်များအား ၂၀၂၂ အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - အညာသားလေး)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကြီးစိုးရာ ညောင်ကိုင်းကျေးရွာ ပျူစခန်းအား ဒေသတွင်းPDFများက ဝင်ရောက်တိုက်ခို​က်ရာ ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (သြဂုတ် ၁ရက်)နံနက် ၃ နာရီခန့်က ရွှေဘိုမြို့နယ် ၊ ညောင်ကိုင်းရွာရှိ ပျူစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူသုံးဦးထိခိုက်ဒဏ်ရာများရရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ကျေးရွာရှိ ပျူစောထီးစခန်းအဆောက်အအုံများကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

“ရွာကိုဝင်သိမ်းတာ ပြောတယ်။ မီးလည်းတင် သွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ထုတ်ပြန်ခြင်းမရှိသေးပေ။

ဇူလိုင် ၃၀ ရက် နံနက်ပိုင်းကလည်း ညောင်ကိုင်း၊ တည်သီးတော၊ ဆင်အင်း၊ ကူးတိုးဆိပ်၊ မြင်းစီး စသည့် ပျူကျေးရွာများမှ လစာထုတ်ရန် ထွက်လာသည့် အင်အား ၇၀ခန့်ပါ ပျူများကို မြို့လှ-ဂျိုးမြေဇင်း လမ်းပိုင်းတစ်နေရာတွင် ပဒေသာမိုင်း၊ ဆွဲမိုင်းနှင့် တိုက်မိုင်းဖြင့် သုံးကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ပျူအုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။