Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့ရဲ့ တပ်ဖွဲ့ဝင် ၂၂ ဦးကို စစ်ကောင်စီ လွှတ်ပေး

အခုလို လွတ်ငြိမ်းပေးရာမှာ နောက်တစ်ကြိမ်ပြစ်မှုကျုးလွန်ရင် ယခင်ကျန်ရှိခဲ့တဲ့ ပြစ်ဒဏ်များပါ ပေါင်းထည့်ကျခံရမယ့် ပုဒ်မနဲ့ စစ်ကောင်စီက လွှတ်ပေးတာပါ။

TNLA တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ် (ဓာတ်ပုံ − TNLA)
TNLA တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ် (ဓာတ်ပုံ − TNLA)

ဒီနေ့ ဝါဆိုလပြည့်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းပေးရာမှာ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ရဲ့ တပ်ဖွဲ့ဝင် ၂၂ ဦးကို လွှတ်ပေးလိုက်တယ်လို့ကြေညာထားပါတယ်။

လွှတ်ပေးလိုက်တဲ့ တပ်ဖွဲ့ဝင်တွေဟာ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊ ရက္ခိုင့်တပ်တော်(AA) တို့ရဲ့အဖွဲ့ဝင်တွေဖြစ်တယ်လို့စစ်ကောင်စီက ဆိုထားပါတယ်။

၂၂ ဦးအနက် TNLA အဖွဲ့ဝင် ၁၆ ဦး ၊ MNDAA အဖွဲ့ဝင် ၂ဦး ၊ SSPP/SSA ၃ ဦး နဲ့ AA အဖွဲ့ဝင် ၁ ဦးတို့ ပါဝင်တယ်လို့သိရပါတယ်။

အခုလို လွတ်ငြိမ်းပေးရာမှာ နောက်တစ်ကြိမ်ပြစ်မှုကျုးလွန်ရင် ယခင်ကျန်ရှိခဲ့တဲ့ ပြစ်ဒဏ်များပါ ပေါင်းထည့်ကျခံရမယ့် ပုဒ်မနဲ့ စစ်ကောင်စီက လွှတ်ပေးတာပါ။