Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆန်ဈေးတည်ငြိမ်ရန်ဆိုကာ မှတ်ပုံတင်တစ်ခုကို ဆန်နှစ်အိတ်ရောင်းပေးမည်ဟု ဆန်စပါးအသင်းချုပ်ဆို

ပြင်ပပေါက်ဈေးတွင် ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၁၀,၀၀၀ ကျပ်မှ ၁၄၀,၀၀၀ ကျပ်၊ဧရာဝတီပေါ်ဆန်းတအိတ်ကို ကျပ် ၉၅,၀၀၀ မှ ၁၀,၃၀၀၀ ကျပ်နှင့် ဆန်ကြမ်းတစ်အိမ်ကို ကျပ် ၆၅,၀၀၀ဝန်းကျင် ရှိနေသည်။

ဆန်ဈေးတည်ငြိမ်ရန်ဆိုကာ မှတ်ပုံတင်တစ်ခုကို ဆန်နှစ်အိတ်ရောင်းပေးမည်ဟု ဆန်စပါးအသင်းချုပ်ဆို
ဆန်ဈေးတည်ငြိမ်ရန်ဆိုကာ မှတ်ပုံတင်တစ်ခုကို ဆန်နှစ်အိတ်ရောင်းပေးမည်ဟု ဆန်စပါးအသင်းချုပ်ဆို

ဆန်ဈေးနှုန်းတည်ငြိမ်စေရန်အတွက်ဟုဆိုကာ မှတ်ပုံတင်တစ်ခုကို တစ်လလျှင် ဆန်နှစ်အိတ်ရောင်းချပေးမည်ဟု ဆန်စပါးအသင်းချုပ်က ဩဂုတ် ၄ရက်က ထုတ်ပြန်သည်။

ထိုသို့ရောင်းချရာတွင်လည်း ပြည်တွင်းစားသုံးမှုများသည့် ဆန်များကို ဝါးတန်းလမ်းတွင် ဩဂုတ် ၇ ရက်ကစတင်၍ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးမည်ဟု ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ဆန်များကို လွတ်လပ်စွာဝယ်ယူနိုင်မည်ဟု အသင်းချုပ်ကဆိုထားသော်လည်း ဝယ်ယူရာတွင် မှတ်ပုံတင်ပြသရမည် ဖြစ်သည်။ မှတ်ပုံတင်ပြသရာတွင်လည်း တစ်လလျှင် မှတ်ပုံတင်တစ်ခုကို ပေါ်ဆန်းတစ်အိမ်နှင့် ဧည့်မထိ အမျိုးအစား တစ်အိတ်စီသာ ဝယ်ယူနိုင်သည်ဟု အသင်းချုပ်က ကန့်သတ်ထားသည်။

ဆန်စပါးအသင်းချုပ်က ရောင်းချရာတွင် ရွှေဘိုပေါ်ဆန်းမွှေးဆန်များကို ၁၀၈ပေါင် တစ်အိတ်ကို ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကျပ်နှင့် ဧရာဝတီပေါ်ဆန်းမွှေးဆန်များကို ကျပ် ၉၄,၀၀၀မှ ကျပ် ၉၇,၀၀၀ အထိရောင်းချမည်ဟု ဆိုသည်။

ဧည့်မထဆန်များကို ကျပ် ၆၀,၀၀၀ မှ ၆၅,၀၀၀ အထိရောင်းချမည် ဖြစ်သည်။

ဌာနဆိုင်ရာဝန်ထမ်းများနှင့် စက်ရုံအလုပ်ရုံဝန်ထမ်းများသည် သက်ဆိုင်ရာ ဌာန၊ စက်ရုံ၊အလုပ်ရုံမှ တင်ပြစာများဖြင့် ဝယ်ယူရမည် ဖြစ်သည်။

Public Service Announcement
Public Service Announcement

“ဈေးနှုန်းက ပြင်ပပေါက်ဈေးနဲ့ သိပ်မကွာဘဲ တနေရာထဲမှာရောင်းပေးတော့ ဝယ်လည်း သယ်ယူစရိတ်နဲ့ ထူးမခြားဘူး”ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။ ရောင်းချမည့် ဝါးတန်းလမ်းမှ သူမနေထိုင်ရာ တောင်ဥက္ကလာပမြို့နယ်သို့ ဆန်အိတ်သယ်ယူလျှင် တက္ကစီငှားရမ်းခအဖြစ် ကျပ် ၁၀,၀၀၀ ကုန်ကျသည်ဟု ၎င်းက ဆိုသည်။

ပြင်ပပေါက်ဈေးတွင် ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၁၀,၀၀၀ ကျပ်မှ ၁၄၀,၀၀၀ ကျပ်၊ဧရာဝတီပေါ်ဆန်းတအိတ်ကို ကျပ် ၉၅,၀၀၀ မှ ၁၀,၃၀၀၀ ကျပ်နှင့် ဆန်ကြမ်းတစ်အိမ်ကို ကျပ် ၆၅,၀၀၀ဝန်းကျင် ရှိနေသည်။

ပြည်တွင်းဆန်ထွက်ရှိမှု လျော့ကျနေသော်လည်း ဆန်စပါးအသင်းချုပ်နှင့် စစ်ကောင်စီပူးပေါင်းကာ ပြည်ပကို ဆန်တင်ပို့နေခြင်းကြောင့် ပြည်တွင်ဆန်ဈေးမြင့်တက်နေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လတွင် ကုမ္ပဏီ ၄၁ခုက ပြည်ပကို ဆန်တန်ချိန် ၁၁၀,၀၀၀ ကျော်တင်ပို့ခဲ့သည်။

စစ်ကောင်စီနှင့် ဆန်စပါးအသင်းချုပ်တို့က ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်တန်ချိန် ၂ ဒဿမ ၆ သန်းတင်ပို့ပြီး ဒေါ်လာ သန်း ၈၅၀ရရှိခဲ့သည်။ လာမည့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင်လည်း ဆန်တန်ချိန် ၂သန်းခွဲတင်ပို့ကာ ဒေါ်လာ တစ်ဘီလီယံရရှိရန် စီစဉ်နေခြင်းဖြစ်သည်။