Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်” ကမ်ပိန်းတွင် လူထုအား ပါဝင်ရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

လက်ရှိနွေဦးတော်လှန်ရေးတွင် ပြည်သူလူထုက ခုခံတွန်းလှန်စစ်အဖြစ် လက်ရုံးရည်နည်း လက်နက်ကိုင်တိုက်ပွဲ (Arm Resistance) နည်းနှင့် နှလုံးရည်နည်း လူထုတိုက်ပွဲ (Civil Resistance) နည်း ဆိုသည့် ပင်မတိုက်ပွဲမဏ္ဍိုင်ကြီး (၂) ရပ်လုံးကို စွဲကိုင်ကာ တိုက်ပွဲဝင်နေကြသည်။

"ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်" ကမ်ပိန်းတွင် လူထုအား ပါဝင်ရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း
"ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်" ကမ်ပိန်းတွင် လူထုအား ပါဝင်ရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

အာဏာသိမ်း စစ်ကောင်စီအား ဘဏ္ဍာရေးတိုက်ပွဲအဖြစ်ဆန့်ကျင်မည့် “ဖက်ဆစ်ဝင်ငွေဖြတ်တောက်ပြည်သူ့ဘဏ္ဍာတည်ဆောက်” ကမ်ပိန်းတွင် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြရန် တော်လှန်ရေးအင်အားစုများက ယနေ့ (သြဂုတ် ၅) ၌ တိုက်တွန်းနှိုးဆော်ခဲ့သည်။

လက်ရှိနွေဦးတော်လှန်ရေးတွင် ပြည်သူလူထုက ခုခံတွန်းလှန်စစ်အဖြစ် လက်ရုံးရည်နည်း လက်နက်ကိုင်တိုက်ပွဲ (Arm Resistance) နည်းနှင့် နှလုံးရည်နည်း လူထုတိုက်ပွဲ (Civil Resistance) နည်း ဆိုသည့် ပင်မတိုက်ပွဲမဏ္ဍိုင်ကြီး (၂) ရပ်လုံးကို စွဲကိုင်ကာ တိုက်ပွဲဝင်နေကြသည်။

"ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်" ကမ်ပိန်းတွင် လူထုအား ပါဝင်ရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း
“ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်” ကမ်ပိန်းတွင် လူထုအား ပါဝင်ရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

သို့သော် လူထုတိုက်ပွဲလှုပ်ရှားမှုတွင် ပါဝင်သည့် ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲမျက်နှာစာ (Financial and Economic Warfare) သည်လည်း အရေးကြီးသည့် တိုက်ပွဲတစ်ခုဖြစ်ပြီး ပြည်သူများ အလေးအနက် သိရှိမှုနှင့် လက်တွေ့ ပူးပေါင်းပါဝင်မှုအပိုင်း၌ အားနည်းလိုအပ်နေသေးကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB) က ဖော်ပြခဲ့သည်။

“ဖက်ဆစ်အုပ်စုမှာ ငွေကြေးနဲ့ ရုပ်ဝတ္ထုအင်အား ကြီးမားခဲ့ပေမယ့် အခုချိန်မှာ အကြမ်းဖက်တပ် အရှိန်မပျက် လည်ပတ်နိုင်ဖို့ အခက်အခဲဖြစ်နေပါတယ်။ အမြဲမပြတ်လှုပ်ရှားနိုင်ဖို့ ငွေကြေးပိုင်း လိုအပ်ချက် ပြဿနာတက်နေပါတယ်။ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေကလည်း စစ်အုပ်စုရဲ့ ပြည်ပ ဝင်ငွေရလမ်းနဲ့ ငွေထုတ်ငွေသွင်းစနစ်တွေကို ထိခိုက်နေပါတယ်။ အထူးသဖြင့် နိုင်ငံခြားငွေ အဝင်အထွက်လုပ်နေတဲ့ အဓိကဘဏ်ကြီး (၂) ခုလုံးကို နိုင်ငံတကာကနေ ပိတ်ဆို့အရေးယူလိုက်တာမျိုးကလည်း အထိနာစေပါတယ်။ တချိန်တည်းမှာ တနိုင်ငံလုံး ပတ်ပတ်လည်မှာ EROs ၊ PDFs များရဲ့ စစ်ရေးအရ တိုက်ခိုက်ခံနေရတဲ့ တပ်အဖို့ စစ်ရေးအသုံးစရိတ် လိုအပ်ချက်က မြင့်မားနေပါတယ်။ ဒါကြောင့် ဟန်ချက်ညီစွာပဲ လူထုအနေနဲ့ကစစ်အုပ်စုရဲ့ ဝင်ငွေရလမ်းမှန်သမျှကို လူထုနည်းနဲ့ ရိုက်ချိုး ဖြတ်တောက်ကြဖို့ အရေးတကြီး လိုအပ်ပါတယ်” ဟု GSCB က ဆိုသည်။

"ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်" ကမ်ပိန်းတွင် လူထုအား ပါဝင်ရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း
“ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်” ကမ်ပိန်းတွင် လူထုအား ပါဝင်ရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

ထို့ကြောင့်စစ်အုပ်စု၏ ပြည်တွင်း၊ ပြည်ပ ဝင်ငွေ ရပေါက်ရလမ်း အားလုံးကို ဖြတ်တောက်ခြင်းနှင့် NUG အစိုးရနှင့်တကွ တော်လှန်ရေးအင်အားစုများအတွက် ဘဏ္ဍာရန်ပုံငွေစနစ်တွေကို ခိုင်မာအားကောင်းအောင် တည်ဆောက်ခြင်း ဆိုသည့် “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ကမ်ပိန်းကို ပြည်သူတစ်ရပ်လုံး ပါဝင် လုပ်ဆောင်ကြရန် GSCB က နှိုးဆော်ခဲ့သည်။

ထို့အ​ပြင် လက်နက်အင်အား သာလွန်သည့် ဖက်ဆစ်စစ်တပ်အား ခုခံတော်လှန်ရာတွင် စစ်တပ်၏ ငွေဝင်ပေါက် အားလုံးကို ရရာနည်းလမ်းဖြင့် ဖြတ်တောက်ရန် လိုအပ်ကြောင်း လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ဆိုသည်။

“စစ်ပွဲတို့မည်သည်မှာ ရန်သူနဲ့ လက်ရုံးရည်ချင်းရင်ဆိုင်တိုက်ခိုက်ရတာရှိသလို ရန်သူကိုအင်အားချည့်နဲ့သွားစေမယ့် နည်းလမ်းပေါင်းစုံသုံးပြီး နှလုံးရည်နဲ့ တိုက်စစ်ဆင်ရတာလည်း ရှိပါတယ်။ ပြည်သူတစ်ရပ်လုံးက လက်နက်ခဲယမ်းအင်အားအဆမတန်သာလွန်တဲ့ ဖက်ဆစ်စစ်တပ်ကို ခုခံတော်လှန်စစ်ပွဲဆင်နွှဲနေတဲ့အချိန်မှာ ရန်သူစစ်တပ်ရဲ့ငွေဝင်ပေါက်၊ အသက်ရှုပေါက်အားလုံးကိုလည်း ရရာနည်းလမ်းနဲ့ပိတ်ဆို့ဖြတ်တောက်ပစ်ကြဖို့ လိုပါတယ်” ဟု ၎င်းက ဆက်​ပြောသည်။

"ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်" ကမ်ပိန်းတွင် လူထုအား ပါဝင်ရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း
“ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်” ကမ်ပိန်းတွင် လူထုအား ပါဝင်ရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

ဆက်လက်၍ “တချိန်တည်းမှာလည်း တော်လှန်ရေးရှေ့ဆက်ဖို့အတွကိ ပြည်သူ့ဘဏ္ဍာအင်အားကိုလည်းတည်ဆောက်ယူရမှာဖြစ်ပါတယ်။ ဒီ စီးပွားရေး၊ ဘဏ္ဍာရေး တိုက်ပွဲမျက်နှာစာမှာ ဦးဆောင်ပါဝင်တိုက်ခိုက်ကြမယ့် စစ်သူကြီးများကတော့ အခြားမဟုတ်ပါဘူး။ စစ်အာဏာရှင်ကိုကြံ့ကြံ့ခံရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ “တော်လှန်ပြည်သူတစ်ရပ်လုံး” ပဲဖြစ်ပါတယ်။ ပြည်သူသာအဓိကပါ။ ပြည်သူ့အားနဲ့ဖြိုရင် ပြိုကိုပြိုပါတယ်” ဟု ဒေါက်တာတေဇာစန်းက လူထုအား တိုက်တွန်းနှိုးဆော်ခဲ့သည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့်စစ်အုပ်စု၏ အဓိကစီးပွားရေးလုပ်ငန်းများ ဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းများ၊ လူသုံးကုန်စည်များ၊ ဝန်ဆောင်မှုလုပ်ငန်းများ စသည်တို့ကို (လုံးဝ) မပတ်သက်ဘူး၊ မဝယ်ယူဘူး၊ အားမပေးဘူး၊ မသုံးစွဲဘူး ဆိုပြီး သပိတ်မှောက် (Boycott) ကြရမည် ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက နှိုးဆော်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီကို ပေးဆောင်ရမည့် အခွန်အခများ မပေးဆောင်ကြရန်၊ စစ်အုပ်စု၏ အဓိကဝင်ငွေဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို နိုင်ငံတကာက အရေးယူပိတ်ဆို့ (Sanction) လုပ်ပေးခြင်းကို တောင်းဆိုကြရန်နှင့် ပြည်သူများ၏ အပ်နှံငွေဖြင့် စစ်အုပ်စုအား ငွေတိုက်စာချုပ်ရောင်းချပေးနေသည့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များကို ပြည်သူများအနေဖြင့် လိုအပ်သလို တုံ့ပြန်၊ အရေးယူ၊ ဆောင်ရွက်ကြရန်လည်း အထူးအရေးကြီးကြောင်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။