Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်မြေစာပုံပြိုကျမှု ရုပ်အလောင်း ၆ လောင်းပြန်ပေါ်လာ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ သြဂုတ်လ ၁၃ ရက် ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က မနရွာ မှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူတွေပါသွားတာပါ။

ဖားကန့်မြေစာပုံပြိုကျမှု ရုပ်အလောင်း ၆ လောင်းပြန်ပေါ်လာ
ဖားကန့်မြေစာပုံပြိုကျမှု ရုပ်အလောင်း ၆ လောင်းပြန်ပေါ်လာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနရွာ မြေစာပုံပြိုကျရာမှာ ပျောက်ဆုံးနေသူ ၃၇ ဦးအနက် ဒီမနက်ပိုင်းမှာ ၆ ဦးရဲ့ရုပ်အလောင်းကိုပြန်တွေ့ရပြီလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေထံကသိရပါတယ်။

ဒီမနက်ပိုင်း မနက် ၆ နာရီခန့်မှာ နွံ့ကန်ထဲကနေ ရုပ်အလောင်းအချို့ ပြန်ပေါ်လာတာပါ။

” ထပ်ပေါ်လာဖို့လည်းရှိနိုင်တယ်၊ မိုးကလည်းဆက်တိုက်ရွာနေတော့ အန္တရာယ်များသလို သယ်ရတာလည်း ခက်ခဲမှုတွေရှိနေတယ်” လို့ ကယ်ဆယ်ရေးပါဝင်သူအမျိုးသားတစ်ဦးကပြောပါတယ်။

ရုပ်အလောင်းပြန်တွေ့ရတဲ့ ၆ ဦးအနက် ၂ ဦးရဲ့ အမည်ကိုသာသိရသေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ သြဂုတ်လ ၁၃ ရက် ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က မနရွာ မှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူတွေပါသွားတာပါ။

လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ စာရင်းအရ မြေစာပုံပြိုကျမှုမှာ ပျောက်ဆုံးနေသူ ၃၇ ဦးရှိတယ်လို့သိရပါတယ်။

ဒါအပြင်ဒဏ်ရာရခဲ့သူ ၈ ဦးရှိခဲ့ပြီး ဆေးရုံမှာ ကုသမှု ခံယူခဲ့ရပါတယ်။