Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်း – မြန်မာနယ်စပ်ရှိ စစ်ကောင်စီ ရိက္ခာဂိုဒေါင် စီးနင်းတိုက်ခိုက်ခံရ

စစ်ကောင်စီက မယ်စဲ့မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအပါအဝင် ကယားပြည်နယ်ရှိ အဓိက လမ်းမကြီးများဖြစ်သော ဖယ်ခုံ – လွိုင်ကော်၊ဆီဆိုင် – လွိုင်ကော်၊လွိုင်ကော် – ရှားတောနှင့် ဒီးမော့ဆို – ဖရူဆို အစရှိသည့်လမ်းမကြီးများကို ထိန်းချုပ်နိုင်ရေး အပြင်းအထန်ထိုးစစ်ဆင်နေသည်။

(သိမ်းဆည်းရရှိသော လက်နက်ခံယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KA Battalion No.2)
(သိမ်းဆည်းရရှိသော လက်နက်ခံယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KA Battalion No.2)

▪️စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိဟု ကရင်နီတပ်ရင်း(၂) ပြော

ထိုင်း – မြန်မာနယ်စပ်တစ်နေရာရှိ စစ်ကောင်စီ၏ ရိက္ခာဂိုဒေါင်ကို စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်း ကရင်နီတပ်မတော်(KA)တပ်ရင်း – ၂ က ထုတ်ပြန်သည်။

သြဂုတ် ၁၃ ရက်က ကရင်နီ(ကယား)ပြည်နယ်၏ နယ်စပ်၌ရှိသော စစ်ကောင်စီ၏ ရိက္ခာဂိုဒေါင်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ တိုက်ခိုက်ခဲ့သော ရိက္ခာဂိုဒေါင်တည်နေရာအား မေးမြန်းခဲ့သော်လည်း ကရင်နီတပ်မတော် တပ်ရင်း (၂)တာဝန်ရှိသူက လုံခြုံရေးအရ ပြောဆိုခြင်း မရှိပေ။

ဆက်သွယ်ရေးစက်ကြီးတစ်လုံးအပါအဝင် လက်နက်လေးလက်နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း အသိပေးသည်။

“သူတို့အထိနာလို့ မကျေနပ်သဖြင့် ဩဂုတ် ၁၄ရက် နံနက် ၃ နာရီအချိန်မှာ လေယာဉ်နဲ့ နှစ်ကြိမ်ပြန်လာကြဲခဲ့။ရဲဘော်နှစ်ဦး ဒဏ်ရာရသွားတယ်”ဟု ကရင်နီတပ်မတော် တပ်ရင်း (၂) တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီက မယ်စဲ့မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအပါအဝင် ကယားပြည်နယ်ရှိ အဓိက လမ်းမကြီးများဖြစ်သော ဖယ်ခုံ – လွိုင်ကော်၊ဆီဆိုင် – လွိုင်ကော်၊လွိုင်ကော် – ရှားတောနှင့် ဒီးမော့ဆို – ဖရူဆို အစရှိသည့်လမ်းမကြီးများကို ထိန်းချုပ်နိုင်ရေး အပြင်းအထန်ထိုးစစ်ဆင်နေသည်။

ထို့ကြောင့် ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ သေဆုံးမှုများစွာရှိနေပြီး ဖားဆောင်း၊ဒီးမော့ဆို နှင့် ဖရူဆိုတိုက်ပွဲများတွင် လက်နက်နှင့် ခဲယမ်းများ ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည်။

ထို့အတူ ကရင်နီတပ်ပေါင်းစုမှ ရဲဘော် ါးဦးထက်မနည်းမှာလည်း ဖားဆောင်းနှင့် ဒီးမော့ဆို တိုက်ပွဲများတွင် ကျဆုံးခဲ့ရသည်။