Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်မြေစာပုံပြိုကျမှု ပျောက်ဆုံးသူ ၃၀ကျော် အနက် ရုပ်အလောင်းနှစ်လောင်း ရှာတွေ့

ဖားကန့်တွင် ပြီးခဲ့သည့် ဩဂုတ် ၅ရက်ကလည်း မြေစာပုံတစ်ခုပြိုကျခဲ့‌သေးပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသား ငါးဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

(မနမှော် မြေစာပုံပြိုကျပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TH)
(မနမှော် မြေစာပုံပြိုကျပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TH)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ သြဂုတ် ၁၃ ရက်ကဖြစ်ခဲ့သည့် မြေစာပုံပြိုကျမှုတွင် ပျောက်ဆုံးနေသူ ၃၀ကျော်အနက် နှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်က ရှာဖွေတွေ့ရှိထားသည်။

“အခုမနက်နှစ်လောင်း ပြန်တွေ့တယ်။ ဒီနေ့ဆို သုံးရက်မြောက်နေ့ဖြစ်ပြီ။ စာရင်းလာပေးထားသူတွေကတော့ ငိုငိုရီရီနဲ့ စောင့်နေကြတုန်းပါ”ဟု ရှာဖွေကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောသည်။

ဖားကန့်မြို့နယ် မနမှော်မှ မြေစာပုံတစ်ခုသည် သြဂုတ်၁၃ ရက် ညနေ ၃နာရီခွဲခန့်တွင် ပြိုကျခဲ့ခြင်းဖြစ်သည်။

ရေမဆေးရှာဖွေနေသူ ၃၄ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံ သက်ဆိုင်ရာမိသားစုဝင်များက စာရင်းပေးထားသည်။ ထိုဖြစ်စဉ်တွင် ဒဏ်ရာရသူ ရှစ်ဦးရှိခဲ့ပြီးဖားကန့်ဆေးရုံ၌ တက်ရောက်ကုသနေရဆဲဟု သတင်းရရှိသည်။

ဖားကန့်တွင် ပြီးခဲ့သည့် ဩဂုတ် ၅ရက်ကလည်း မြေစာပုံတစ်ခုပြိုကျခဲ့‌သေးပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသား ငါးဦးထက်မနည်း ဒဏ်ရာရခဲ့သည်။