Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်တွင် စစ်ကောင်စီက အတွဲလိုက်မစ်ဆိုင်းဒုံးများ အသုံးပြုတိုက်ခိုက်လာ

စစ်ကောင်စီက မယ်စဲ့မြို့ပြန်လည်သိမ်းပိုက်နိုင်ရေး အပါအဝင် ကယားပြည်နယ်ရှိ အဓိက လမ်းမကြီးများဖြစ်သော ဖယ်ခုံ – လွိုင်ကော်၊ဆီဆိုင် – လွိုင်ကော်၊လွိုင်ကော် – ရှားတော နှင့် ဒီးမော့ဆို – ဖရူဆို အစရှိသည့်လမ်းမကြီးများကို ထိန်းချုပ်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်နေသည်။

(စစ်ကောင်စီ အမြောက်တပ်၏ အတွဲလိုက်ဒုံးပစ်ခတ်မှု အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီ အမြောက်တပ်၏ အတွဲလိုက်ဒုံးပစ်ခတ်မှု အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီက အတွဲလိုက်မစ်ဆိုင်းဒုံးများအသုံးပြုတိုက်ခိုက်လာသည်ဟု ကရင်နီတပ်ပေါင်းစုမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

နေပြည်တော်နှင့် နီးကပ်သည့် ကရင်နီပြည်ဒေသတွင် စစ်ရေးအရ ရှုံးနိမ့်နေသည့် စစ်ကောင်စီက ၎င်းတို့၏ နောက်ဆုံးပေါ်လက်နက်များကို ယခု ရက်သတ္တပတ်ကစ၍ မြေပြင်တိုက်ပွဲများ၌ အသုံးပြုလာခြင်းဟု ဆိုသည်။

“အတွဲလိုက်ဒုံးစနစ်တွေကို ပြီးခဲ့တဲ့ ၁၃ ရက်က ဒီးမော့ဆိုတိုက်ပွဲမှာ စတွေ့ရတယ်။ပြီးတော့ မြေပြင် တပ်တွေကလည်း အရင်နဲ့မတူတဲ့ အဆင့်​​​မြင့် Jumper(ဆက်သွယ်ရေး စနစ်အားဖြတ်တောက်သည့် စက်ပစ္စည်းတွေ လည်းပါလာတယ်”ဟု ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူက ရှင်းပြသည်။

ထို့အပြင် ယနေ့(သြဂုတ် ၁၆ ရက်)နံနက်ပိုင်းတွင် ဒီးမော့ဆို မြို့နယ်၌ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးအခြေအနေကြောင့် ထိတွေ့မှုနေရာကို ၎င်းက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

စစ်ကောင်စီက မယ်စဲ့မြို့ပြန်လည်သိမ်းပိုက်နိုင်ရေး အပါအဝင် ကယားပြည်နယ်ရှိ အဓိက လမ်းမကြီးများဖြစ်သော ဖယ်ခုံ – လွိုင်ကော်၊ဆီဆိုင် – လွိုင်ကော်၊လွိုင်ကော် – ရှားတော နှင့် ဒီးမော့ဆို – ဖရူဆို အစရှိသည့်လမ်းမကြီးများကို ထိန်းချုပ်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်နေသည်။

ထို့ကြောင့် ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ သေဆုံးမှုများစွာရှိနေပြီး ဖားဆောင်း၊ဒီးမော့ဆိုနှင့် ဖရူဆို တိုက်ပွဲများတွင် လက်နက်နှင့် ခဲယမ်းများစွာ ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည်။

ထို့အတူ ကရင်နီတပ်ပေါင်းစုမှ ရဲဘော်ငါးဦးထက်မနည်းမှာလည်း တိုက်ပွဲများတွင် ကျဆုံးခဲ့ရသည်။