Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပျဥ်းမနားမြို့နယ်ရှိ စစ်​ကောင်စီ၏ ဘို့မသံ​တောင်စခန်းကို ကျားသံလုံးစစ်​ကြောင်းကတိုက်ခိုက်သိမ်းဆည်း၊ လက်နက်ပစ္စည်းကိုးမျိုးရရှိ

အဆိုပါစခန်းစီးနင်းတိုက်ခိုက်မှုအပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ရာ သြဂုတ် ၁၀ ရက်မှ ၁၃ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ(၇)ကြိမ်တွင် စစ်ကောင် စီတပ်မှ ၅၀ ခန့်သေဆုံးကာ PDF ရဲဘော်သုံးဦးကျဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(စစ်​ကောင်စီ၏ ဘို့မသံ​တောင်စခန်းကို​တော်လှန်​ရေးအဖွဲ့များကတိုက်ခိုက်စဥ်နှင့်သိမ်းဆည်းရရှိ​သော ပစ္စတိုတစ်လက်။ဓါတ်ပုံ- ကျားသံလုံးစစ်ကြောင်း)
(စစ်​ကောင်စီ၏ ဘို့မသံ​တောင်စခန်းကို​တော်လှန်​ရေးအဖွဲ့များကတိုက်ခိုက်စဥ်နှင့်သိမ်းဆည်းရရှိ​သော ပစ္စတိုတစ်လက်။ဓါတ်ပုံ- ကျားသံလုံးစစ်ကြောင်း)

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်ရှိ စစ်ကောင်စီတပ် ၏ ဘို့မသံတောင်စခန်းသိမ်း စီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးသေဆုံးကာ လက်နက်ပစ္စည်းကိုးမျိုး သိမ်းဆည်းရရှိခဲ့ကြောင်း KNLA တပ်မဟာ(၂)၊ သံတောင်မြောက်ပိုင်း(အထူးဒေသ)-NTDF က ယနေ့(သြဂုတ် ၁၅)အသိပေးထုတ် ပြန်သည်။

နေပြည်တော်ကောင်စီ၊ ပျဉ်းမနားမြို့နယ်အရှေ့ဘက်တွင်ရှိသော ဘို့မသံတောင်စခန်းကို သံတောင်မြောက်ပိုင်း(အထူးဒေသ)-NTDF နှင့် ရှမ်း/တောင်ဖယ်ခုံ သစ်ကြိတ်(1004)PDF တပ်ရင်းတို့ပူးပေါင်းသော Iron Tiger Battalion – ကျားသံလုံးစစ်ကြောင်းက သြဂုတ် ၁၀ ရက်တွင် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်​သည်။ အဆိုပါစခန်းစီးနင်းတိုက်ခိုက်မှုအပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ရာ သြဂုတ် ၁၀ ရက်မှ ၁၃ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ(၇)ကြိမ်တွင် စစ်ကောင် စီတပ်မှ ၅၀ ခန့်သေဆုံးကာ PDF ရဲဘော်သုံးဦးကျဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(စစ်​ကောင်စီ၏ ဘို့မသံ​တောင်စခန်းကို​တော်လှန်​ရေးအဖွဲ့များကတိုက်ခိုက်စဥ်နှင့်သိမ်းဆည်းရရှိ​သော ပစ္စတိုတစ်လက်။ဓါတ်ပုံ- ကျားသံလုံးစစ်ကြောင်း)
(စစ်​ကောင်စီ၏ ဘို့မသံ​တောင်စခန်းကို​တော်လှန်​ရေးအဖွဲ့များကတိုက်ခိုက်စဥ်နှင့်သိမ်းဆည်းရရှိ​သော ပစ္စတိုတစ်လက်။ဓါတ်ပုံ- ကျားသံလုံးစစ်ကြောင်း)

စစ်​ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှု အ​ရေနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်​​သေးပါ။သို့​သော် NTDF သတင်းထုတ်ပြန်ချက်တွင် စစ်​ကောင်စီတပ်သားများ​သေဆုံး​နေ​သောမှတ်တမ်းဓါတ်ပုံနှင့် စစ်တပ်မှအရာရှိများသာကိုင်​သော ပစ္စတိုတစ်လက်သိမ်းဆည်းနိုင်ခဲ့သည်ကိုလည်း သတင်းဓါတ်ပုံများတွင်​တွေ့ရသည်။

▪︎ဘို့မသံ​တောင်စခန်းသိမ်းတိုက်ပွဲ

ပျဉ်းမနားမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သော ဘို့မသံတောင်စခန်းကို သြဂုတ် ၁၀ ရက်နေ့နံ နက် ၆ နာရီ ၄၈ တွင် Iron Tiger Battalion – ကျားသံလုံးစစ်ကြောင်းမှ ဝင်ရောက်စီးနင်းခဲ့ရာ စစ်တပ်အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးသေဆုံး၍ လက်နက်ပစ္စည်းကိုးမျိုး သိမ်းဆည်းရရှိခဲ့ကြောင်း သံတောင်မြောက်ပိုင်း(အထူးဒေသ)-NTDF က ဖော်ပြသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း Iron Tiger Battalion – ကျားသံလုံးစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်သုံးဦးကျဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NTDF က အသိပေးသည်။

ထို့နောက် ယင်းနေ့(သြဂုတ် ၁၀)နံနက် ၉ နာရီ ၄၀ တွင် ဘို့မသံတောင်စခန်းဘက် စစ်ကူလာသော စစ်ကောင်စီတပ်မှယာဥ်ကို ဝေသာလီလမ်းမပေါ်တွင် ဖြတ်ထုတ်တိုက်ခိုက်နိုင်ခဲ့ပြီး ညနေ ၄ နာရီတွင် နန်းလွင်စန်းရွာသို့စစ်ကြောင်းထိုးလာသော (၆၀၆)တပ် စစ်ကြောင်းအားလည်း စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ အလားတူ ယင်းနေ့ညနေ ညနေ ၆ နာရီတွင် ဆိတ်ဖူးတောင်ကျေးရွာအတွင်း လူနာပို့ဆောင်သော စစ်ကောင်စီတပ်ကားအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

(စစ်​ကောင်စီ၏ ဘို့မသံ​တောင်စခန်းကို​တော်လှန်​ရေးအဖွဲ့များကတိုက်ခိုက်စဥ်နှင့်သိမ်းဆည်းရရှိ​သော ပစ္စတိုတစ်လက်။ဓါတ်ပုံ- ကျားသံလုံးစစ်ကြောင်း)

▪︎စစ်ကူစစ်​ကြောင်းများနှင့်တိုက်ပွဲဆက်ဖြစ်

သြဂုတ် ၁၁ ရက်နေ့နံနက် ၇ နာရီ ၂၅ တွင် ပျဉ်းမနား (၈၅)တပ်မှ ရန်သူ့အင်အား ၃၅ ဦးခန့်ဖြင့်ထိုးလားသောစစ်ကြောင်းနှင့် မိမိတို့စုပေါင်းတပ်များ ဘို့မအထက်နှင့်ဘို့မတဲစုရွာ အကြားတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဘို့မအထက်ကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်ခံခဲ့ရကြောင်း သံတောင်မြောက်ပိုင်း(အထူးဒေသ)-NTDF က ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုတွင် ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး နေ့လယ် ၂ နာရီ ၅၀ တွင် တိုက်ပွဲသို့စစ်ကူလာသော ပျဉ်းမနားမြို့နယ် တောင်မြင့်အုပ်စု တောင်မြင့်ရွာမ ရွာမှ အင်အား ၆၀ ခန့်ပါသောစစ်ကောင်စီနှင့် ရေပူတောင်မြင့်ကျေးရွာနှင့် တောင်မြင့်ရွာမကျေးရွာ အကြားတွင် ၁၅ မိနစ်ကြာ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း NTDF က အသိပေးသည်။

(စစ်​ကောင်စီ၏ ဘို့မသံ​တောင်စခန်းကို​တော်လှန်​ရေးအဖွဲ့များကတိုက်ခိုက်စဥ်နှင့်သိမ်းဆည်းရရှိ​သော ပစ္စတိုတစ်လက်။ဓါတ်ပုံ- ကျားသံလုံးစစ်ကြောင်း)
(စစ်​ကောင်စီ၏ ဘို့မသံ​တောင်စခန်းကို​တော်လှန်​ရေးအဖွဲ့များကတိုက်ခိုက်စဥ်နှင့်သိမ်းဆည်းရရှိ​သော ပစ္စတိုတစ်လက်။ဓါတ်ပုံ- ကျားသံလုံးစစ်ကြောင်း)

▪︎​တောင်မြင့်လမ်းဆုံတိုက်ပွဲ

အလားတူ သြဂုတ် ၁၃ ရက်တွင်လည်း နေပြည်တော် ပျဉ်းမနား ရေပူအောင်ခေါင်ကျေးရွာ တောင်မြင့်လမ်းဆုံတွင် ဘို့မအထက်မှပြန်ဆင်းလာသော (၈၅)တပ်နှင့် Iron Tiger Battalion – ကျားသံလုံးစစ်ကြောင်းတို့ နောက်ထပ်တစ်ကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဒီစစ်ကြောင်း(Iron Tiger Battalion – ကျားသံလုံးစစ်ကြောင်း)ရဲ့ ရည်ရွယ်ချက်က နေပြည်တော်ကောင်စီ ‌နယ်မြေ အတွင်းမှာ တိုက်ပွဲဖော်ဆောင် နိုင် ရေးပါ”ဟု စစ်ကြောင်းတွင်ဦးဆောင်ပါဝင်သည့် သံတောင်မြောက်ပိုင်း(အထူးဒေသ)-NTDF မှ စစ်ရေးသတင်းပြန်ကြားရေးတာဝန်ခံ ကိုခန့်က People’s Spring သို့ ပြောသည်။

အထက်ပါကဲ့သို့ နေပြည်တော်နယ်မြေအတွင်း စစ်ရေးဖော်ဆောင်နိုင်ရန် သံတောင်မြောက်ပိုင်း(အထူးဒေသ)-NTDF ၏ဖိတ်ခေါ်မှုဖြင့် ရှမ်း/တောင်ဖယ်ခုံ သစ်ကြိတ်(1004)PDF တပ်ရင်းတို့ပူးပေါင်းပြီး Iron Tiger Battalion – ကျားသံလုံးစစ်ကြောင်းဟု အမည် ပေးကာ ပူးပေါင်းစစ်ဆင်ရေးများ ဆင်နွှဲနေခြင်းဖြစ်သည်။

ထို့အတူ အဆိုပါ Iron Tiger Battalion – ကျားသံလုံးစစ်ကြောင်းကို KNLA တပ်မဟာ(၂)၊သံတောင်မြောက်ပိုင်းအထူးဒေသ-NTDF ဥက္ကဋ္ဌ ဦးကိုကြီး၏ဦးဆောင်ညွှန်ကြားမှုနှင့်အတူ စစ်ရေးတိုက်ပွဲအတွေ့ကြုံရှိသည့် စစ်သည်တော်များဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။