Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်နယ်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် စစ်ရှောင် ကလေးငယ်တစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာအများအပြားရှိနေပြီး စားနပ်ရိက္ခာများလိုအပ်နေသည်။

(လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ။ ပုံအဟောင်း ဖြစ်ပါသည်။)
(လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ။ ပုံအဟောင်း ဖြစ်ပါသည်။)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် (၉)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(သြဂုတ် ၁၅ ရက်) နေ့လယ် ၂ နာရီခန့်​က ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီစီမံကိန်းမှထွက်ခွာလာပြီး ပုသိမ် – မုံရွာလမ်းပေါ်ရောက်ရှိလာသော စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေကုန်းကျေးရွာရှိ ကလေးငယ်တစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

“ပုသိမ် – မုံရွာကားလမ်းလေး၌ စစ်ရှောင်နေရသော (၉)နှစ်သားအရွယ် မောင်ကျော်သီဟ နေရာတင်ပွဲချင်းပြီးသေဆုံးပြီး ပြည်သူ ငါးယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်”ဟု စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့က ဆိုသည်။

အလားတူ နေ့လယ် ၁၂ နာရီခွဲခန့်​ကလည်း စစ်ကောင်စီတပ်စွဲရာ အောင်ဇေယျတောင်ကုန်းမှလက်နက်ကြီးပစ်ခတ်မှုကြောင့် (၆၀)အရွယ်အမျိုးသမီး တစ်ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးသည်။

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာအများအပြားရှိနေပြီး စားနပ်ရိက္ခာများလိုအပ်နေသည်။