Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျဆုံးခဲ့​သော​ဒေါက်တာ​ဇော်ထွယ်​အောင်နှင့်နိုင်ကျဥ်းများပါ​သောကားတန်းကို စစ်​ကောင်စီက စစ်ကားတန်းပုံစံ ထင်​ယောင်ထင်မှားဖြစ်​အောင်ဖန်တီးခဲ့ဟုမုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်တစ်ဦး​ပြော

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှထွက်လာသော စစ်ကောင်စီယာဥ်များ မိုင်းထိပြီး ထိုယာဥ်တန်း၌ ဓါးစာခံအဖြစ် ပါလာသည့် နိုင်ငံရေးအကျဥ်းသား ဒေါက်တာဇော်ထွယ်အောင် ကျဆုံးခဲ့ကြောင်း ​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

(ကျဆုံးခဲ့သော နိုင်ငံရေးအကျဥ်းသား ဒေါက်တာဇော်ထွယ်အောင်အား ယ​နေ့မီးသဂြိုဟ်စဥ်။ဓါတ်ပုံ-CJ)
(ကျဆုံးခဲ့သော နိုင်ငံရေးအကျဥ်းသား ဒေါက်တာဇော်ထွယ်အောင်အား ယ​နေ့မီးသဂြိုဟ်စဥ်။ဓါတ်ပုံ-CJ)

မုံရွာ​ထောင်မှနိုင်ငံ​ရေးအကျဥ်းသားဒေါက်တာဇော်ထွယ်အောင်ကျဆုံးပြီး နိုင်ကျဥ်းသားများဒဏ်ရာရ​သော စစ်ကားတန်းမိုင်းထိမှုတွင် စစ်​ကောင်စီတပ်က ရိက္ခာပို့​သော စစ်ကားတန်းပုံစံဖန်တီး၍ ထင်​ယောင်ထင်မှားဖြစ်​အောင်ပြုလုပ်ခဲ့​ကြောင်းမုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုရှင်းသန့်က ပြောကြားသည်။

“စစ်တပ်က နိုင်ငံရေးအကျဥ်းသားတွေကို ပုံမှန်တခြားကားနဲ့ခေါ်လို့ရရဲ့သားနဲ့ ရိက္ခာပို့တဲ့ကားပုံစံဖန်တီးပြီး မိုးကာတွေအုပ်တယ်။ အထဲထဲမှာ ခြေကျင်းတွေ နှစ်ယောက်တစ်တွဲခတ်တယ်။ သံဆူးကြိုးတွေ တန်းထားတယ်။ ဘေးကအစောင့်အရှောက်တွေလိုက်တယ်။ ခေါင်းခန်းကလည်းပါတယ်။ အဲလို စစ်တပ်ရဲ့ရိက္ခါကားနဲ့ ပုံစံတူ ပြုလုပ်ပြီး ထင်ယောင်ထင်မှားတွေ ဖြစ်အောင်လုပ်တာလို့ မြင်ပါတယ်။”ဟုမုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူကိုရှင်းသန့်က ပြောသည်။

(ကျဆုံးခဲ့သော နိုင်ငံရေးအကျဥ်းသား ဒေါက်တာဇော်ထွယ်အောင်အား ယ​နေ့မီးသဂြိုဟ်စဥ်။ဓါတ်ပုံ-CJ)
(ကျဆုံးခဲ့သော နိုင်ငံရေးအကျဥ်းသား ဒေါက်တာဇော်ထွယ်အောင်အား ယ​နေ့မီးသဂြိုဟ်စဥ်။ဓါတ်ပုံ-CJ)

ထို့အပြင်တော်လှန်ရေးအင်အားစုအချင်းချင်း သွေးကွဲစေရန် စစ်​ကောင်စီတပ်ကိုယ်တိုင်က PDF အယောင်ဆောင်ပြီး မိုင်းဆွဲတိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်ကြောင်း ကိုရှင်းသန့်က ဆက်​ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှထွက်လာသော စစ်ကောင်စီယာဥ်များ မိုင်းထိပြီး ထိုယာဥ်တန်း၌ ဓါးစာခံအဖြစ် ပါလာသည့် နိုင်ငံရေးအကျဥ်းသား ဒေါက်တာဇော်ထွယ်အောင် ကျဆုံးခဲ့ကြောင်း ​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

ဩဂုတ်လ ၁၅ ရက်နေ့က စစ်ကောင်စီတပ်သည် မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်အတွက်လက်နက်ခဲယမ်း ရိက္ခာများ ပို့ဆောင်အပြီး ဝမ်ပေါင် ကြေးနီစီမံကိန်းမှ ကြေးနီများကို မုံရွာ-မန္တလေးလမ်းအတိုင်း မန္တလေးဘက်ကို သယ်ဆောင်ခဲ့သည်။

အဆိုပါ ယာဥ်တန်းအတွင်း မုံရွာအကျဥ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများကိုပါ ကြားညှပ်ထည့်သွင်းကာ ဓါးစာခံအနေဖြင့် အသုံးပြု ၍ ​ခေါ်​ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းတက်ကြွလှုပ်ရှားသူအချို့က ပြောသည်။

ထိုယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး အကျဉ်းသားများ လိုက်ပါလာသည့်ကားပေါ်ပါ နိုင်ငံရေး အကျဉ်းသားတစ်ဦးဖြစ်သူ အသက် ၃၃ နှစ်အရွယ် ကချင်တိုင်ရင်းသား အသက် ၃၃ နှစ်အရွယ် ဒေါက်တာဇော်ထွယ်အောင်သည် အခင်းဖြစ်နေရာမှာတင် ကျဆုံးခဲ့ကြောင်း သိရသည်။

“ကိုငြိမ်းချမ်းက ဒဏ်ရာရတယ်။ တခြားထိခိုက်တာတွေလည်းရှိတယ်လို့ သိရတယ်။ ဘယ်လိုမျိုးဖြစ်တယ်ဆိုတာစုံစမ်းနေဆဲပါ။”ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုရှင်းသန့်က ပြောကြားသည်။

မုံရွာအကျဥ်းထောင်အတွင်းရှိ နိုင်ငံရေးမှုများဖြင့် နှစ်ကြီး ကျခံထားရသည့် နိုင်ငံရေးအကျဥ်းသားများကို မန္တလေးထောင်နှင့် မြင်းခြံထောင်များသို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ နိုင်ကျဥ်း ၁၀၀ ကျော်ကိုထောင်ပြောင်းမည်သတင်းရ၍ တော်လှန်ရေးအစုအဖွဲ့များအား မိုင်းထောင်ခြင်း မပြုရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို အချိန်မီ အကြောင်းကြားခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုအောင်နေမျိုးက လူမှုကွန်ရက်တွင်ရေးသားသည်။

“ဘုတလင်ဘက်က နိုင်ကျဉ်း ညီလေးတစ်ယောက်လဲထိတယ်။ ဒေါက်တာနဲ့ အတူတူသံခြေကျင်းတွဲခတ်ခံရတဲ့‌ကလေး သွေးထွက်လွန်ပြီး အခြေနေသိပ်မကောင်းဘူး။”ဟု ကိုအောင်နေမျိုးကဆိုသည်။

စစ်​ကောင်စီတပ်သည် ယခုလပိုင်းအတွင်းနိုင်ကျဥ်းများကို အပြင်ထုတ်၍ ပုံစံမျိုးစုံဖြင့် သတ်ဖြတ်မှုများပြုလုပ်​နေသည်။

ဒေါက်တာဇော်ထွယ်အောင်သည် မုံရွာမြို့တွင် မနောဥယျာဉ် ကချင်ရိုးရာစားသောက်ဆိုင်ဖွင့်လှစ်ထားသည့် ပရဟိတဆရာဝန်တစ်ဦးဖြစ်ပြီးအာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်နေ့က စစ်​ကောင်စီကိုဆန့်ကျင်သည်ဆိုကာ ၎င်း၏ မုံရွာမြို့ရှိ နေအိမ်၌ မတရား ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းအား စစ်ကောင်စီတပ်က ပုဒ်မ ၅၀ (ည)၊ ၅၀၅ (က) အပါအဝင် နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသူဖြစ်ကြောင်း သိရသည်။ ​

ထောင်အတွင်း နိုင်ငံ​ရေးအကျဥ်းသားများ မကျန်းမာပါက ကူညီကုသ​ပေးကာစိတ်ထား​ကောင်းသူဖြစ်​ကြောင်း နိုင်ကျဥ်းအချို့က​ပြောသည်။

စစ်ကောင်စီယာဥ်တန်းကို မည်သူက ၊မည်သည့်အဖွဲ့ကမိုင်းဆွဲတိုက်ခိုက်သည်ဆိုသည်ကို မသိရ​သေး​ပေ ။စစ်​ကောင်စီတပ်ကလည်းထုတ်ပြန်ခြင်းမရှိ​သေး​ပေ။

​ဒေသခံတစ်ဦးကလည်း စစ်​ကောင်စီတပ်သည် ယခု​နောက်ပိုင်း သွားလာပါက စစ်ကားတန်းမှန်း မသိ​စေရန်အရပ်သားကားများကိုသာ ပုံဖျက်၍အသုံးပြုသွားလာမှုများပြီး ၊နိုင်ငံ​ရေးအကျဥ်းသားများပါ​သောကားတန်းကို စစ်ကားတန်းမှန်းသိ့သာ​စေရန် ပြုလုပ်၍သွားခြင်းမှာ ​တော်လှန်​ရေးအဖွဲ့များအထင်မှား​စေရန်ဖြစ်နိုင်​ကြောင်း​ပြောသည်။

ထိုအပြင် ကျဆုံးခဲ့​သော ​ဒေါက်တာဇော်ထွယ်အောင်၏နာ​ရေးကို ယ​နေ့ (သြဂုတ် ၁၇ ) နံနက် ၁၁ နာရီတွင်မုံရွာမြို့မသုသာန် (​ဒေသအ​ခေါ် ဆားကျင်းသုသာန်)တွင် သဂြိုလ်ခဲ့​ကြောင်း ​ဒေသခံအချို့က​ပြောသည်။