Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကြာအင်းဆိပ်ကြီးတွင် တပ်နှင့် ရဲCDMများကို ထောက်ပံ့ငွေပေးအပ်

ယနေ့ အခမ်းအနားတွင် တပ်နှင့်ရဲ CDM သူရဲကောင်း ၁၆ဦးအတွက် တစ်ဦးလျင် ခုနစ်သောင်းကျပ်စီ ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း အသိပေးသည်။

ကြာအင်းဆိပ်ကြီးတွင် တပ်နှင့် ရဲCDMများကို ထောက်ပံ့ငွေပေးအပ်
ကြာအင်းဆိပ်ကြီးတွင် တပ်နှင့် ရဲCDMများကို ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ တပ်နှင့်ရဲ CDM များကို ထောက်ပံ့မှုထပ်မံပြုလုပ်ခဲ့ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

ယနေ့(ဩဂုတ် ၁၇ရက်) နေ့လယ်က ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်မြောက်နယ်မြေတွင် ထောက်ပံ့ငွေပေးအပ်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယနေ့ အခမ်းအနားတွင် တပ်နှင့်ရဲ CDM သူရဲကောင်း ၁၆ဦးအတွက် တစ်ဦးလျင် ခုနစ်သောင်းကျပ်စီ ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း အသိပေးသည်။

ထိုသို့ တပ်နှင့် ရဲCDMများကိုထောက်ပံ့ငွေ ပေးအပ်မှု ယခင်ကလည်းပြုလုပ်ခဲ့ရာ ခြောက်ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါထောက်ပံ့ငွေများကို ပြည်သူ့ရင်ခွင်ခိုလှုံရေးကော်မတီမှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။