Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ်တွင် ပျူစောထီးများ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

ယမန်နေ့(အောက်တိုဘာ ၂၂ ရက်) ညနေ ၅နာရီခန့်က ရွှေဘိုမြို့နယ်၊ ဂျိုးမြေဇင်းကျေးရွာရှိ ပျူစောထီး အထိုင်ချရာနေရာအား အဝေးထိန်းစနစ်ဖြင့် မိုင်းငါးလုံးခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ရှစ်ဦး ဒဏ်ရာရရှိသွားကြောင်း ၎င်းက ပြောသည်။

(စစ်ဆင်ရေးသွားရောက်နေသော ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ဆင်ရေးသွားရောက်နေသော ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းတွင် ဂျိုးမြေဇင်းနှင့် ပန်းရံကျေးရွာရှိ ပျူစောထီးအဖွဲ့များအား တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၂၂ ရက်) ညနေ ၅နာရီခန့်က ရွှေဘိုမြို့နယ်၊ ဂျိုးမြေဇင်းကျေးရွာရှိ ပျူစောထီး အထိုင်ချရာနေရာအား အဝေးထိန်းစနစ်ဖြင့် မိုင်းငါးလုံးခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ရှစ်ဦး ဒဏ်ရာရရှိသွားကြောင်း ၎င်းက ပြောသည်။

အလားတူ ညနေ ၅နာရီခွဲခန့်ကလည်း ပန်းရံပျူစောထီးကျေးရွာမှ လာသော ပျူစောထီးများအား တိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးသည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

” သီးလုံးကစ ဒီဘက်ဆို ကျွန်တော်တို့ မဟာမိတ်ရဲဘော်တွေ ဆော်ကြတော့စုပြီးမှပဲ လာရဲကြတာ။ တိုက်မိုင်း အသင့်ထောင်ထားတဲ့ မိုင်းတွေနဲ့ ခွဲခဲ့တာမို့ သတင်းဘဲ ကြားသိရတာပါ။ ထော်လာဂျီပေါ်မှာ သွေးတွေ ရွဲနှစ်နေတဲ့ အလောင်းတွေ မြင်လိုက်တယ်လို့ ပြောပါတယ်။ သေတာက ၁၂ကောင်လို့ ပြောတယ်။သီးလုံးမှာ သင်္ဂြိုလ်တယ်လို့ သိရတယ်။”ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF ၊ Bo Ba Taw – SHWEBO LPDF အဖွဲ့၊ GOLDEN EAGLE-ZBG၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊နဂါးနီ အာဠာဝက – ရွှေဘို LPDF၊ ဝမ်ကြီးအဖွဲ့၊ဘခတ်အဖွဲ့၊ မင်းဂေါင်အဖွဲ့၊ သီးလေးသီအဖွဲ့၊တောင်သူကြီးများအဖွဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲ‌‌ဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

သို့သော် ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရွှေဘိုမြို့နယ်တောင်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က အောက်တိုဘာ ၁၅ရက်မှ ၂၀ ရက်အထိ စစ်ကြောင်းထိုးဖျက်ဆီးမှုများပြုလုပ်သွားပြီး ဘုန်းဘွဲ့ကျေးရွာရှိ အမျိုးသား သုံးဦးအား သတ်ဖြတ်သွားခဲ့သည်။