Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နမ်ဖက်ကာတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံး၊ ၈ဦးဒဏ်ရာရ

ယနေ့တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာလျက်ရှိပြီး စခန်းအချို့ကို မြောက်ပိုင်းလက်နက်ကိုင်များက သိမ်းပိုက်ထားသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်၍ ကလေးငယ် တစ်ဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံးကာ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယနေ့ နံနက်တွင် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်များကို မြောက်ပိုင်းလက်နက်ကိုင်တပ်များက တိုက်ခိုက်ရာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“နမ့်ဖက်ကာ စကစ ဗျူဟာကုန်းက လက်နက်ကြီး ရမ်းပစ်တာ။ပြည်သူ၈ ဦး ပြင်းထန်ဒဏ်ရာရတယ်။ နမ့်ဖက်ကာမြို့က အမျိုးသမီး တစ်ဦးနဲ့ ကလေးတစ်ဦး သေသွားတယ်။လူနေ ရပ်ကွက်ထဲကို ပစ်တာ”ဟု သတင်းရင်းမြစ်ကပြောသည်။

ယနေ့တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာလျက်ရှိပြီး စခန်းအချို့ကို မြောက်ပိုင်းလက်နက်ကိုင်များက သိမ်းပိုက်ထားသည်။