Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို KIA/PDF ပိတ်ဆို့တိုက်ခိုက်

အောက်တိုဘာ ၂၇ရက် နံနက် ၆နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ယခုတွင် လေကြောင်း ပစ်ကူ လာရောက်နေသည်ဟု ဆိုသည်။

(ရှေ့တန်းတနေရာတွင် တွေ့ရသော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များ။ ဓာတ်ပုံ - KIA)
(ရှေ့တန်းတနေရာတွင် တွေ့ရသော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များ။ ဓာတ်ပုံ - KIA)

▪️စစ်ကောင်စီတပ် အထိနာ၍ ရဟတ်ယာဉ်ပစ်ကူပေး

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တစ်နေရာတွင် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းပြီး တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားလျက်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၂၇ရက် နံနက် ၆နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ယခုတွင် လေကြောင်း ပစ်ကူ လာရောက်နေသည်ဟု ဆိုသည်။

“အခု ထီးချိုင့်မှာ ရဟတ်ယာဉ်နဲ့ ပစ်နေတယ်။ KIAနဲ့ PDF ပေါင်းပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတယ်။ ထိပ်တိုက်တိုက်ပွဲဖြစ်တာ။ စစ်ကောင်စီ စစ်ကြောင်းကို ပိတ်ဆို့ပြီး တိုက်နေတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များပြားလျက်ရှိသည်ဟုလည်း ပြောပြသည်။