Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နောင်ချိုရှိ စစ်ကောင်စီတပ်စွဲရာနေရာကို TNLAနှင့် မန္တလေး PDFပူးပေါင်းတပ် တိုက်ခိုက်ရှင်းလင်း

နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာတွင် ရောက်ရှိတပ်စွဲနေသော စစ်ကောင်စီတပ်အား TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ အောက်တိုဘာ ၂၉ရက် နံနက် ၄နာရီတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(TNLA ပူးပေါင်းတပ်မှ ရဲဘော်များနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(TNLA ပူးပေါင်းတပ်မှ ရဲဘော်များနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

▪️စစ်ကောင်စီတပ် အလောင်း ၆လောင်း၊ လက်နက် ၇လက်ရဟု အသိပေး

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တအာင်းတပ်မတော်(TNLA)နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF)က ယနေ့မနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိပြီး လက်နက်များ ရရှိခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။

နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာတွင် ရောက်ရှိတပ်စွဲနေသော စစ်ကောင်စီတပ်အား TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ အောက်တိုဘာ ၂၉ရက် နံနက် ၄နာရီတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နောင်ချိုမြို့အဝင်ရှိ ကျောက်ကြမ်းကျေးရွာတွင် စစ်ကောင်စီ​၏ ၁၁၄ နှင့် ၁၁၅ တပ်ရင်းများရှိသည်။ အဆိုပါ တပ်ရင်းများအား တိုက်ခိုက်ခံနေရခြင်းဟု နောင်ချိုမြို့ ဒေသခံက ပြောသည်။

(TNLA ပူးပေါင်းတပ်မှ ရဲဘော်များနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(TNLA ပူးပေါင်းတပ်မှ ရဲဘော်များနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

တိုက်ပွဲအတွင်း စစ်ကောင်စီအလောင်း (၆)လောင်း၊ လက်နက် (၇)လက်၊ 60 MM မော်တာ (၁)လုံး၊ လက်နက်ခဲယမ်းများစွာနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးသည်။

“ကျောက်ကြမ်းမှာ တိုက်ကြတာ မနက် ၄ခွဲလောက်တည်းက ဖြစ်နေတာ။ နံနက် ၈နာရီလောက်အထိ တိုက်နေတာ။ ကျောက်ကြမ်းက မြို့အဝင်မှာ စကစရဲ့ ၁၁၄၊ ၁၁၅ တပ်ရှိတယ်။ အုမ္မခါးက မြို့နဲ့ ၇မိုင်လောက်ပဲဝေးတယ်။ အဲဒီမှာ TNLA က တပ်စွဲထားတာ”ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် နောင်ချိုမြို့ရှိ နာမည်ကျော် မူးယစ်ဂိတ်ကိုလည်း ဖွင့်ပေးထားပြီး စစ်ကောင်စီ​၏ ဝန်ထမ်းများ ထွက်ပြေးသွားပြီဟု မြို့ခံတစ်ဦးက ပြောသည်။

အုမ္မခါးကျေးရွာသည် မန္တလေး- လားရှိုးလမ်းမပေါ် တည်ရှိပြီး အဆိုပါကျေးရွာ၌ TNLAပူးပေါင်းအဖွဲ့က တပ်စွဲထားသည်ဟု ဆိုသည်။

မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာဘက်တွင်လည်း ယနေ့ နံနက်အစောပိုင်းတွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို TNLAနှင့် မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်လျက်ရှိသည်။

ယခု စစ်ဆင်ရေးကာလအတွင်း စစ်ရေးတင်းမာနေသည့် အရပ်ဒေသ၊ တိုက်ပွဲဖြစ်ပွားနေသည့် အရပ်ဒေသများသို့ ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှု၊ ဘေးအန္တာရာယ် မှ ရှောင်ရှားနိုင်စေရန် ခရီးသွားလာခြင်းမပြုလုပ်ကြရန် အသိပေးမေတ္တာရပ်ခံထားသည်။

မဖြစ်မနေခရီးသွားလာရမည်ဆိုပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ တပ်ရင်း တပ်ဖွဲ့တို့ထံ သတင်းပို့ ခွင့်ပြုချက်တောင်းခံသွားရန် အသိပေးကြောင်း TNLAက ထုတ်ပြန်သည်။

TNLA အပါအဝင် မဟာမိတ်တပ်များက ‘၁၀၂၇ စစ်ဆင်ရေး’ ဆောင်ရွက်လျက်ရှိရာ တပ်စခန်း ၄၀ကျော်ကို သိမ်းပိုက်ထားနိုင်ကြောင်း အသိပေးထားသည်။ယနေ့မနက်တွင်လည်း လားရှိုးမြို့ အရှေ့ဘက်ရှိ စစ်ကောင်စီစခန်းတစ်ခုကို MNDAAက သိမ်းပိုက်ထားသည်။