Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရိုဟင်ဂျာတွေကို လူမျိုးသုဉ်း သတ်ဖြတ်မှု ကြားနာရေး ICJ ရက်ထပ်ရွှေ့

အာဖရိကတိုက်ရဲ့ အသေးဆုံး စာရင်းဝင် နိုင်ငံလေး တစ်ခုဖြစ်တဲ့ ဂမ်ဘီယာက မြန်မာဟာ ၁၉၄၈ ခုနှစ်၊ ဂျနီဗာ ကွန်ဗန်းရှင်း သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့ကြောင်းနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာ ထောင်နဲ့ချီ သေဆုံးခဲ့တယ်လို့ ယုံကြည်ရကြောင်း စွပ်စွဲထားပါတယ်။

(ICJ မှတရားသူကြီးများ ။ဓါတ်ပုံ- ICJ)
(ICJ မှတရားသူကြီးများ ။ဓါတ်ပုံ- ICJ)

မြန်မာစစ်တပ်က ရိုဟင်ဂျာ မျိုးနွယ်စုတွေကို လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စွပ်စွဲမှုနဲ့ ချေပမှုတွေ အပြန်အလှန် တင်သွင်းမယ့် သတ်မှတ် ကာလကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က သက်တမ်း တိုးမြှင့်ပေးလိုက်ပါတယ်။

အနောက်အာဖရိက ဒေသက မွတ်ဆလင် အများစု နေထိုင်ရာ ဂမ်ဘီယာ အစိုးရဟာ မြန်မာနိုင်ငံမှာ ၂၀၁၇ တုန်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု အမည်ခံ စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး စွဲချက်တင်ထားခဲ့ပါတယ်။

အာဖရိကတိုက်ရဲ့ အသေးဆုံး စာရင်းဝင် နိုင်ငံလေး တစ်ခုဖြစ်တဲ့ ဂမ်ဘီယာက မြန်မာဟာ ၁၉၄၈ ခုနှစ်၊ ဂျနီဗာ ကွန်ဗန်းရှင်း သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့ကြောင်းနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာ ထောင်နဲ့ချီ သေဆုံးခဲ့တယ်လို့ ယုံကြည်ရကြောင်း စွပ်စွဲထားပါတယ်။

နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာ အခြေစိုက်တဲ့ တရားရုံးက ဂမ်ဘီယာ အနေနဲ့ စွပ်စွဲချက်တွေ တည်ဆောက်ဖို့အတွက် ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်ထိ အချိန်ရမှာဖြစ်ပြီး အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်က တန်ပြန်ချေပ ခုခံမှုတွေကို တည်ဆောက်ဖို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်ထိ အချိန်ယူနိုင်ဖို့ ခွင့်ပြုပေးလိုက်ကြောင်း ပြောပါတယ်။

အဲဒီလို နောက်ဆုံး သတ်မှတ်ရက် ရွှေ့ဆိုင်းပေးတာတွေကို ကုလသမဂ္ဂရဲ့ တရားစီရင်ရေး ဆိုင်ရာ အဓိကဌာန တခုလည်းဖြစ်တဲ့ ICJက အရင်ကလည်း လုပ်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ရိုဟင်ဂျာတွေ အနေနဲ့ သူတို့အပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်တစ်ခု ရှာပေးဖို့ အချိန်တွေ အရမ်းစောင့်နေရတာကို စိတ်ပျက်လာနေကြပြီလို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)ရဲ့ အာရှရေးရာ ဌာနခွဲ ဒုတိယ ဒါရိုက်တာ ဖီးလ် ရောဘတ်ဆန်က ပြောပါတယ်။

သူက အခုရွှေ့ဆိုင်းမှုဟာ နောက်ဆုံးအကြိမ် ဖြစ်ဖို့ မျှော်လင့်ကြောင်း၊ ICJ အနေနဲ့ မြန်မာစစ်တပ်က တောင်းဆိုတိုင်း အချိန်တွေ တိုးပေးနေတာကို ရပ်ဖို့ လိုနေပြီဖြစ်ကြောင်းလည်း ဝေဖန်သွားပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ဂမ်ဘီယာရဲ့ စွပ်စွဲချက်အတွက် မြန်မာ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJမှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတုန်းက သွားရောက် ခုခံ လျှောက်လဲခဲ့ဖူးပါတယ်။ နောက်တော့ မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရကို ဖြုတ်ချ အာဏာသိမ်းပြီး အမှုကို ဆက်လက် ရင်ဆိုင်နေတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ မြန်မာ့ ဒီမိုကရေစီ တော်လှန်ရေး အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က စစ်တပ် အနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း ဟုတ်မဟုတ် ICJရဲ့ ဆုံးဖြတ်ပိုင်ခွင့်အပေါ် အပြည့်အဝ အသိအမှတ်ပြု ထောက်ခံသွားမယ်လို့ ကြေညာပြီး အရင်က ခုခံ လျှောက်လဲထားမှု အားလုံးကို ရုပ်သိမ်းတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနှစ်၊ ဇူလိုင်လမှာပဲ ICJက မြန်မာစစ်​ကောင်စီရဲ့ ခုခံ လျှောက်လဲချက် အားလုံးကို ပယ်ချခဲ့တာကြောင့် မြန်မာစစ်တပ်အပေါ် ခိုင်မာတဲ့ သက်သေတွေနဲ့ စွဲချက်တင်နိုင်မယ့် လမ်းတွေ ပိုပွင့်လာပါတယ်။ ဒါပေမဲ့လည်း အဲဒီ လုပ်ငန်းစဉ်တွေ အထမြောက်ဖို့အတွက် နှစ်တွေနဲ့ချီ အချိန်ယူရဖွယ် ရှိတယ်လို့လည်း သိရပါတယ်။