Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဦးပိန်တံတားကျိုးကျပြီး ထိခိုက်ဒဏ်ရာရသူတွေရှိနေ

တံတားကျိုးကျချိန်မှာ တံတားပေါ်ကနေ လူ ၂၀ ထက်မနည်း ရေထဲပြုတ်ကျခဲ့ပြီး အသေအပျောက်မရှိပေမယ့် ထိခိုက်ဒဏ်ရာရသူတွေ ရှိနေပါတယ်။

ဓာတ်ပုံ − လူမှုကွန်ရက်
ဓာတ်ပုံ − လူမှုကွန်ရက်

မန္တလေး က နာမည်ကျော် ဦးပိန်တံတား ဒီနေ့ နေ့ခင်းပိုင်းက လာရောက်လည်ပတ်သူများပြားချိန် ကျိုးကျသွားလို့ ထိခိုက်ဒဏ်ရာရသူတွေရှိနေပါတယ်။

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့မှာ ဦးပိန်တံတားဆီ လာရောက်လည်ပတ်သူတွေ နဲ့စည်ကားခဲ့ပြီး နေ့ခင်း ၂ နာရီ အချိန်မှာ တံတားအရှေ့ဘက်ခြမ်း ကျိုးကျသွားတာပါ။

“လူကတအားများတော့ တံတားက ယိုင်နေတာ ” လို့ ဦးပိန်တံတားဆီ သွားရောက်လည်ပတ်ခဲ့သူတစ်ဦးက ပြောပြပါတယ်။

တံတားကျိုးကျချိန်မှာ တံတားပေါ်ကနေ လူ ၂၀ ထက်မနည်း ရေထဲပြုတ်ကျခဲ့ပြီး အသေအပျောက်မရှိပေမယ့် ထိခိုက်ဒဏ်ရာရသူတွေ ရှိနေပါတယ်။

လက်ရှိမှာတော့ တံတား ကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement