Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (အောက်တိုဘာ ၂၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️၁၀၂၇ စစ်ဆင်ရေးကို ပြည်သူတစ်ရပ်လုံးနှင့်အတူ ဂုဏ်ပြု ကြိုဆိုကြောင်း NUCC ​ကြေညာ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်(MNTJP/MNDAA)၊ တအာင်း(PSLF/TNLA)နဲ့ ရက္ခိုင်(ULA/AA) ညီနောင်မဟာမိတ်အဖွဲ့များ ဦးဆောင်ကာ BPLA၊ PLA၊ MDY-PDF စတဲ့ တော်လှန်ရေးအင်အားစုများ ပူးပေါင်းပါဝင်တဲ့ “Operation 1027” စစ်ဆင်ရေး စတင်ဆင်နွှဲနေခြင်းကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ပြည်သူလူထုတရပ်လုံးနှင့်အတူ ဝမ်းမြောက် အားတက်စွာ ဂုဏ်ပြုကြိုဆိုကြောင်း NUCCက ထုတ်ပြန်ပါတယ်။ ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးရည်ရွယ်ချက်များကို လေ့လာသုံးသပ်ပြီး အပြည့်အ၀ သဘောတူထောက်ခံကြောင်း NUCCက ဖော်ပြပါတယ်။ နောက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကလည်း ‘၁၀၂၇ စစ်ဆင်ရေး’မှာ ကျန်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အားလုံး အရှိန်မြှင့်ပါဝင်ကြဖို့တိုက်တွန်းပြီး တစ်ပြိုင်တည်းဝိုင်းဝန်း ခုခံတွန်းလှန်မယ်ဆိုပါက စစ်အာဏာရှင်စနစ် မလွဲဧကန်ကျဆုံးမယ်လို့ ဆိုပါတယ်။

▪️၁၀၂၇ စစ်ဆင်ရေး သုံးရက်အတွင်း စစ်ကောင်စီ တပ်စခန်း ၅၇ ခုသိမ်းပိုက်ပြီးဖြစ်ဟု MNDAA ပြော

ကိုးကန့်တပ်မတော်(MNDAA) အပါအဝင် မဟာမိတ်တပ်များ ပူးပေါင်းဆောင်ရွက်နေတဲ့ ‘၁၀၂၇ စစ်ဆင်ရေး’စတင်ချိန် အောက်တိုဘာ ၂၇ ရက်မှ ဒီနေ့အချိန်ထိ စစ်ကောင်စီတပ်စခန်း ၅၇ ခုကို သိမ်းပိုက်နိုင်ပြီလို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပါတယ်။ ဒီနေ့မှာ MNDAAက ကိုးကန့်၊ မုံးကိုး၊ လားရှိုး၊ သိန္နီ၊ နမ့်စလပ် ဒေသများမှာ စစ်ဆင်ခဲ့ရာ မနက် ၁၁ နာရီအချိန်ထိ စစ်ကောင်စီတပ်စခန်း ၁၁ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သတ်မှတ်ထားတဲ့ ရန်သူ့ စခန်းများနဲ့ ရန်သူ့ပစ်မှတ်များကို ဆက်လက်သိမ်းပိုက်ရယူနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နွေဦးတော်လှန်ရေးမှပေါက်ဖွားလာပြီး တော်လှန်ရေးထဲမှာ လက်ရှိအချိန်အထိ ကြံ့ကြံ့ခံတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းအချို့နှင့်လည်း ဟန်ချက်ညီစစ်ဆင်ရေးကို အတူတကွ ဆက်လက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲများအတွင်း ရန်သူ့အလောင်းအမြောက်အမြားနှင့်အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိတယ်လို့ MNDAA ကဖော်ပြပါတယ်။

(စစ်​ကောင်စီတပ်ထံမှ စစ်စခန်းများသိမ်းပိုက်ပြီး​နောက်​တော်လှန်​ရေးအဖွဲ့များက လက်နက်၊ခဲယမ်း၊စစ်သုံးပစ္စည်းနှင့် စစ်သုံ့ပန်းများကို​သိမ်းပိုက်ရရှိစဥ်။ဓါတ်ပုံ-The Kokang)
(စစ်​ကောင်စီတပ်ထံမှ စစ်စခန်းများသိမ်းပိုက်ပြီး​နောက်​တော်လှန်​ရေးအဖွဲ့များက လက်နက်၊ခဲယမ်း၊စစ်သုံးပစ္စည်းနှင့် စစ်သုံ့ပန်းများကို​သိမ်းပိုက်ရရှိစဥ်။ဓါတ်ပုံ-The Kokang)

▪️ကိုးကန့်နဲ့ တအာင်းဒေသရှိ ကျေးရွာများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကျေးရွာများရှိ ပြည်သူလူထုနေအိမ်များပျက်စီးခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA)က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ချင်းရွှေဟော်မြို့ မာလီးဖျင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထုနေအိမ်များ ပျက်စီးခဲ့သလို ကိုးကန့်နယ်မြေ ညိုဖျင်စီပါးကျေးရွာကိုလည်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထုနေအိမ်များစွာ ပျက်စီးခဲ့တယ်လို့ MNDAAက ထုတ်ပြန်ပါတယ်။ တအာင်းတပ်မတော်(TNLA)ကလည်း စစ်ကောင်စီတပ်ဟာ နမ္မတူမြို့နယ် ရွာသစ်ပေါင်ဆာရွာကို မနေ့ နေ့ခင်းက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကာ နေအိမ်ငါးလုံးထိမှန်ပျက်စီးခဲ့တယ်လို့ အသိပေးပါတယ်။ မန်ပန်ရွာပတ်ဝန်းကျင်ကိုလည်း တိုက်ပွဲမရှိဘဲ တိုက်လေယာဥ်နဲ့ ဗုံး ၃ ကြိမ်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

(ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကိုးကန့်နယ်မြေ ညိုဖျင်စီပါးကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒေသခံများ​၏ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)
(ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကိုးကန့်နယ်မြေ ညိုဖျင်စီပါးကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒေသခံများ​၏ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – The Kokang)

▪️နောင်ချိုရှိ စစ်ကောင်စီတပ်စွဲရာနေရာကို TNLAနဲ့ မန္တလေး PDFပူးပေါင်းတပ် တိုက်ခိုက်ရှင်းလင်း

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တအာင်းတပ်မတော်(TNLA)နဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF)က ဒီနေ့ မနက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိပြီး လက်နက်များ ရရှိခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။ နောင်ချိုမြို့အဝင်ရှိ ကျောက်ကြမ်းကျေးရွာမှာ စစ်ကောင်စီ​ရဲ့ ၁၁၄ နဲ့ ၁၁၅ တပ်ရင်းများရှိပြီး အဲဒီတပ်ရင်းများ တိုက်ခိုက်ခံနေရတာလို့ နောင်ချိုမြို့ ဒေသခံက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီအလောင်း (၆)လောင်း၊ လက်နက် (၇)လက်၊ 60 MM မော်တာ (၁)လုံး၊ လက်နက်ခဲယမ်းများစွာနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးပါတယ်။ လက်ရှိမှာ နောင်ချိုမြို့ရှိ နာမည်ကျော် မူးယစ်ဂိတ်ကိုလည်း ဖွင့်ပေးထားပြီး စစ်ကောင်စီ​ ဝန်ထမ်းများ ထွက်ပြေးသွားပြီလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

(TNLA ပူးပေါင်းတပ်မှ ရဲဘော်များနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(TNLA ပူးပေါင်းတပ်မှ ရဲဘော်များနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

▪️၁၀၂၇ စစ်ဆင်ရေးမှာ PLAလည်း ပူး​ပေါင်းတိုက်ခိုက်၊ သိန္ဒီမြို့ကို ​တော်လှန်ရးအဖွဲ့များ ထိန်းသိမ်းနိုင်ပြီဟုဆို

၁၀၂၇ စစ်ဆင်ရေးမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People’s Liberation Army – PLA ပူး​ပေါင်းပါဝင်ရောက်တိုက်ခိုက်နေပြီး ဒီနေ့မနက်ပိုင်း သိန္ဒီမြို့တွင်းတိုက်ပွဲမှာ မြို့ကို မဟာမိတ်တပ်ပေါင်းစုက ထိန်းသိမ်းလိုက်နိုင်ပြီလို့ ဒေသခံများက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ PLA ပါဝင်နေတာကို ဓာတ်ပုံမှတ်တမ်းအချို့နှင့်အတူ တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး PLA ရဲဘော်များဟာ ရုပ်ဝတ္တုပစ္စည်းပိုင်းဆိုင်ရာ ပိုင်ဆိုင်မှု နည်းပါးသူများ ဖြစ်တဲ့အပြင် စစ်ရေးစည်းမျဉ်းစည်းကမ်း လျှိုဝှက်ချက်များကို အကန့်အသတ်ဖြင့်သာ ဖော်ပြနိုင်ခြင်းအပေါ် မိဘပြည်သူများ နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ တဖက်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း သိန္ဒီမြို့မှာ မနေ့ ညနေကစလို့ ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေပြီး သိန္ဒီရဲစခန်းကို တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားတယ်လို့ ဒေသခံများက ပြောပါတယ်။

(၁၀၂၇ စစ်ဆင်​ရေးတွင်ပါဝင်တိုက်ခိုက်​နေ​သော PLA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PLA)
(၁၀၂၇ စစ်ဆင်​ရေးတွင်ပါဝင်တိုက်ခိုက်​နေ​သော PLA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PLA)

▪️နမ္မတူမြို့နယ်ရှိ ခမရ(၃၂၄)အထိုင်စခန်းကို KIA စခန်းသိမ်းတိုက်ပွဲဆင်နွှဲ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ စစ်ကောင်စီအထိုင်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းကို တိုက်ခိုက်နေတာဖြစ်ပြီး စခန်းသိမ်းနိုင်မယ့် အလားအလာရှိတယ်လို့ ဆိုပါတယ်။ စခန်းသိမ်းတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ကလည်း တိုက်လေယာဉ် နှစ်စီးဖြင့်လာရောက် တိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ မနေ့ကလည်း MNDAA သိမ်းပိုက်ခဲ့တဲ့ မုံးကိုး ဖောင်းဆိုင်ဘက်ကိုလည်း စစ်ကောင်စီတပ်က တိုက်လေယာဉ် သုံးစီးဖြင့် မနေ့ညပိုင်းက ဗုံးကြဲတိုက်ခိုက်လာတယ်လို့ သိရပါတယ်။

▪️မင်းလှမြို့နယ်မှ တပ်သားသစ်စုဆောင်းရေးတာဝန်ခံ ဗိုလ်ကြီးမျိုးဆန်းဝင်း ပစ်သတ်ခံရ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ တပ်သားသစ်စုဆောင်းရေးတာဝန်ခံ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး မျိုးဆန်းဝင်းဆိုသူကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက မင်းလှမြို့နယ် စစ်သားစုဆောင်းရေးရုံးတာဝန်ခံ စစ်ကောင်စီတပ်ဗိုလ်ကြီး မျိုးဆန်းဝင်းကို ဇရစ်ချောင်းကျေးရွာနဲ့ ချောင်းနားကျေးရွာကြားမှာ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)တပ်ခွဲ (၂)နဲ့ သာယာဝတီဂဠုန်တပ်ဖွဲ့တို့ပူးပေါင်းပြီး သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့​တာလို့ ဆိုပါတယ်။

(အသတ်ခံရသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး မျိုးဆန်းဝင်းအား တွေ့ရစဉ်)
(အသတ်ခံရသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး မျိုးဆန်းဝင်းအား တွေ့ရစဉ်)

▪️ထီးချိုင့်မြို့အနီး နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့အနီး နေရာနှစ်ခုမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDFပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့ နေ့လယ်မှာ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ ထီးချိုင့်မြို့နှင့် နှစ်မိုင်ခန့်အကွာမှ ကုက္ကိုယ်ကုန်းနဲ့ သခွပ်ချောင်ကျေးရွာသို့ ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနှစ်ခုကို KIA၊ PDFပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်နေတာပါ။ ဒါ့အပြင် မနေ့က ထီးချိူင့်မြို့ ကြက်သွန်ခင်းကျေးရွာတံတားမှာ စစ်ကောင်စီစစ်ကြောင်း ပဒေသာမိုင်းမိခဲ့ပြီး သေဆုံးသူများပြားခဲ့ပါတယ်။

(KIAတပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ-The New York Time)
(KIAတပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ-The New York Time)

▪️သရက်ချောင်းမြို့မရဲစခန်းနဲ့ ပျူစောထီးစခန်းတိုက်ခိုက်ခံရ

တနင်္သာရီတိိုင်း၊ သရက်ချောင်းမြို့မရဲစခန်းနဲ့ ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာရှိ ပျူစောထီးစခန်းတို့ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တပြိုင်နက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီနေ့ အသိပေး ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ သရက်ချောင်းမြို့မရဲစခန်းနဲ့ ထားဝယ်နယ်၊ ရောင်းမော်ရွာမှ ပျူစောထီးစခန်းတို့ကို သရက်ချောင်း(ပကဖ)အဖွဲ့ဝင်အဖွဲ့များနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တပြိုင်နက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။