Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

‘၁၀၂၇စစ်ဆင်ရေး’ ငါးရက်အတွင်း စစ်ကောင်စီတပ်စခန်း ၉၀နီးပါးကို မဟာမိတ်တပ်များ သိမ်းပိုက်

စစ်ဆင်ရေး စတင်ဖော်ဆောင်ချိန်မှ ယမန်နေ့ (အောက်တိုဘာ ၃၀ ရက်)အထိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းအကြီး၊အသေး၊ ယာယီတပ်စခန်းစုစုပေါင်း ၈၀ကျော်ကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

('၁၀၂၇စစ်ဆင်ရေး' ငါးရက်အတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့သော စစ်ကောင်စီစခန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)

▪️ယမန်နေ့တိုက်ပွဲ၌ တင့်ကားလေးစီးနှင့် တပ်စခန်း ၁၃ခုသိမ်းယူနိုင်ဟု MNDAA ထုတ်ပြန်

▪️စစ်ဆင်ရေးအတွင်း သံချပ်ကာတပ်ရင်း(၇၄)မှ ဒုရင်းမှူးနှင့် တပ်စုမှူးနှစ်ယောက်ကိုလည်း ဖမ်းဆီးရမိ

ညီနောက်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇စစ်ဆင်ရေးကြီး ဖော်ဆောင်လာသော လေးရက်မြောက်နေ့ဖြစ်သည့် အောက်တိုဘာ ၃၀ရက် ယမန်နေ့တိုက်ပွဲတွင် WMA-301 လက်နက်ကြီးတပ်ဆင် ထားသော တင့်ကားလေးစီးနှင့် အခြားစစ်ရေးပစ္စည်းအမြောက်အများကို သိမ်းဆည်းရရှိခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

စစ်ဆင်ရေး စတင်ဖော်ဆောင်ချိန်မှ ယမန်နေ့ (အောက်တိုဘာ ၃၀ ရက်)အထိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းအကြီး၊အသေး၊ ယာယီတပ်စခန်းစုစုပေါင်း ၈၀ကျော်ကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

('၁၀၂၇စစ်ဆင်ရေး' ငါးရက်အတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့သော စစ်ကောင်စီစခန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
(‘၁၀၂၇စစ်ဆင်ရေး’ ငါးရက်အတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့သော စစ်ကောင်စီစခန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – The Kokang)

ယနေ့တွင်လည်း ချင်းရွှေဟော်မြောက်ပိုင်း၌တပ်စခန်း နှစ်ခု၊သိန္နီ နှင့်လားရှိုးမြို့နယ်ကြား၌ တပ်စခန်းတစ်ခု အပါအဝင် စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ဆင်ရေး ငါးရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၉၀ခန့်ကို မဟာမိတ်တပ်များကသိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

ယမန်နေ့တွင် MNDAA နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် မုံးကိုး ၊ ကိုးကန့်နှင့် မူပန်(သိန္နီ)ဒေသရှိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းများကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း MNDAAက ထုတ်ပြန်သည်။

ယမန်နေ့ အပါအဝင် MNDAAနှင့် AAတို့၏ လေးရက်ကြာ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဖောင်းဆိုင်နှင့် မန်ယန်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းအားလုံးများကို အောင်မြင်စွာ ရှင်းလင်းသိမ်းယူနိုင်ခဲ့သည်ဟု အသိပေးသည်။ ယနေ့ (အောက်တိုဘာ ၃၁ရက်)တွင်လည်း MNDAAတပ်ဖွဲ့မှ စစ်မြေပြင်ရှင်းလင်းရေး ကို ဆက်တိုက်လုပ်ဆောင်နေသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

('၁၀၂၇စစ်ဆင်ရေး' ငါးရက်အတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့သော စစ်ကောင်စီစခန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
(‘၁၀၂၇စစ်ဆင်ရေး’ ငါးရက်အတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့သော စစ်ကောင်စီစခန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – The Kokang)

အောက်တိုဘာ ၂၉ရက်တွင် MNDAAသည် စစ်ကောင်စီတပ်ဖွဲ့၏ WMA-301 လက်နက်ကြီးတပ်ဆင်ထားသော တင့်ကား တစ်စီးကိုသိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် ဖောင်းဆိုင်နှင့် လုံးဖိုင်ဒေသတွင် တင့်ကား နှစ်စီးကိုဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ချင်းရွှေဟော် မာကျတိပေါက်ပေါက်တောင်ကုန်း(ရာဘာကုန်း)တွင်လည်း သံချပ်ကာယာဥ်နှစ်စီး ဖျက်ဆီး သိမ်းဆည်းနိုင်ခဲ့ကြောင်း အသိပေးသည်။

('၁၀၂၇စစ်ဆင်ရေး' ငါးရက်အတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့သော စစ်ကောင်စီစခန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
(‘၁၀၂၇စစ်ဆင်ရေး’ ငါးရက်အတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့သော စစ်ကောင်စီစခန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – The Kokang)

ထို့ကြောင့် တင့်ကားနှင့် သံချပ်ကာ စုစုပေါင်း ငါးစီး သိမ်းဆည်းရရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့မှ သံချပ်ကာတပ်ရင်း(၇၄)မှ ဒုရင်းမှူးနှင့် တပ်စုမှူးနှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။

MNDAA၏ သတင်းထုတ်ပြန်ချက်များအရ စစ်ဆင်ရေး ငါးရက်တာအတွင်း တင့်ကားနှင့် သံချပ်ကာယာဉ် ငါးစီးကိုသိမ်းဆည်းနိုင်ပြီး လေးစီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

('၁၀၂၇စစ်ဆင်ရေး' ငါးရက်အတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့သော စစ်ကောင်စီစခန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
(‘၁၀၂၇စစ်ဆင်ရေး’ ငါးရက်အတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့သော စစ်ကောင်စီစခန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – The Kokang)

အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီးရှင်းလင်းစွာသိရှိနိုင်ရန် MNDAA ထံသို့ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။ သတင်းထုတ်ပြန်ချက်များအရ သံချပ်ကာယာဉ်နှင့် တင့်ကား ၉စီးအနက် ငါးစီးကိုသိမ်းနိုင်ပြီး လေးစီးဖျက်ဆီးထားကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီထံမှရသည့် သံချပ်ကာနှင့်တင့်ကား အရေအတွက်စုစုပေါင်း ၉စီး သို့မဟုတ် ၅စီး မည်သည့်အရေအတွက် ဖြစ်သည်ကိုရှင်းလင်းစွာသိနိုင်ရန် မေးမြန်းထားခြင်းဖြစ်သည်။