Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီထံမှ သံချပ်ကာနှင့်တင့်ကား ၅စီးသိမ်းဆည်းထားဟု MNDAA အတည်ပြု

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ၏ သံချပ်ကာနှင့်တင့်ကားယာဉ် ၆စီး သိမ်းဆည်းထားနိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်၏ ပြောကြားခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာ ၎င်းသိရှိထားသည်မှာ ၅စီးဟု ပြောသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းယူထား သော သံချပ်ကာကားနှင့် တင့်ကားများအား တွေ့ရစဥ်။ ဓာတ်ပုံ-The Kokang၊File Photo))
(စစ်ကောင်စီတပ်ထံမှ သိမ်းယူထား သော သံချပ်ကာကားနှင့် တင့်ကားများအား တွေ့ရစဥ်။ ဓာတ်ပုံ-The Kokang၊File Photo))

ကိုးကန့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သံချပ်ကာနှင့်တင့်ကားယာဉ် ၅စီးကိုသိမ်းဆည်းထားနိုင်ကြောင်း ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက လူထုနွေဦးသို့ အတည်ပြုပြောကြားသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ၏ သံချပ်ကာနှင့်တင့်ကားယာဉ် ၆စီး သိမ်းဆည်းထားနိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်၏ ပြောကြားခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာ ၎င်းသိရှိထားသည်မှာ ၅စီးဟု ပြောသည်။

“ဖောင်းဆိုင်ဘက်မှာ ၃စီးပါ။ ၂စီးကတော့ ဖြိုခွဲဖျက်ဆီးနိုင်ခဲ့တယ်။တစ်စီးကိုတော့သိမ်းဆည်းရရှိတယ်ပေါ့။ အားလုံးစုစုပေါင်းတော့ ၅စီးပေါ့”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ချင်းရွှေဟောဒေသရှိ စစ်ကောင်စီ၏ အခိုင်အမာတပ်စခန်းဖြစ်သည့် မာကြာတစ်ပေါက်ပေါက်တောင်ကုန်း တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ယင်းစခန်းမှ သံချပ်ကာ စစ်ကား၂စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အောက်တိုဘာ ၂၈ရက် တိုက်ပွဲသတင်းဖော်ပြရာ၌ MNDAAက အသိပေးထာသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၇၀ကျော်ကိုသိမ်းပိုက်ထားနိုင်ပြီးဖြစ်ကြောင်း MNDAA တာဝန်ရှိသူကယမန်နေ့တွင်ပြောကြားသည်။ယနေ့တွင်လည်း စစ်ကောင်စီတပ်စခန်း ၅ခုခန့်ကိုမဟာမိတ်တပ်များကတိုက်ပိုက်သိမ်းပိုက်ထားနိုင်ခဲ့သည်။ တိုက်ပွဲများအတွင်းမှလည်း စစ်လက်နက်ခဲယမ်းများစွာကိုသိမ်းပိုက်ရရှိထားသည်။

Public Service Announcement

Public Service Announcement