Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်အခြေစိုက် စကခ (၁၂) ကိုဒရုန်းနဲ့ တိုက်ခိုက်

ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း ကော့ကရိတ်မြို့ပေါ်က စစ်ကောင်စီတပ်စွဲရာ နေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာတွေရှိပါတယ်။

ကော့ကရိတ်အခြေစိုက် စကခ (၁၂) ကိုဒရုန်းနဲ့ တိုက်ခိုက်
ကော့ကရိတ်အခြေစိုက် စကခ (၁၂) ကိုဒရုန်းနဲ့ တိုက်ခိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာအခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ −၁၂ ) ကို ဒီနေ့မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့တွေက စစ်ရေးသတင်းဖော်ပြပါတယ်။

စကခ (၁၂) ကို ဒီနေ့ မနက်၁၁ နာရီဝန်းကျင်မှာ ဒရုန်းနဲ့တိုက်ခိုက်တာလို့ ဆိုထားပါတယ်။

အဲဒီနောက် ကေ့ာကရိတ်မြို့နယ်ထဲက လှိုင်ဝ တံတားထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုလည်း ဒရုန်းနဲ့တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။

အဲဒီတံတားဟာ ဘားအံ − ကော့ကရိတ် − မြဝတီလမ်းကြောင်းပေါ်မှာရှိတံတားဖြစ်ပါတယ်။

ဒီနေ့တိုက်ခိုက်မှုတွေကို ဒရုန်းတပ်ဖွဲ့ လေးဖွဲ့ ပူးပေါင်းလုပ်ဆောင်တာလို့ Kloud ဒရုန်းအဖွဲ့က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း ကော့ကရိတ်မြို့ပေါ်က စစ်ကောင်စီတပ်စွဲရာ နေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာတွေရှိပါတယ်။