Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူမှ ​ကောလင်းသို့ စစ်​ကြောင်းထိုးရန်ကြိုစား​သောစစ်​ကြောင်းPDFများကတိုက်ခိုက်စစ်သား ၈၀ ကျော် သေ၊ လက်နက်မျိုးစုံ ၆၀ခန့်ရဟု PDF စစ်ရုံးချုပ်ထုတ်ပြန်

သတင်းထုတ်ပြန်ချက်နှင့်အတူ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်များနှင့် ခဲယမ်း ကျည်များကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနက ဓာတ်ပုံမှတ်တမ်းထုတ်ပြန်ပြသခဲ့သည်။

(သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများအားတွေ့ရစဥ်။ ဓာတ်ပုံ-MOD)
(သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများအားတွေ့ရစဥ်။ ဓာတ်ပုံ-MOD)

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အပါအဝင် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားသည့် ကောလင်းမြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦးကျော်သေဆုံးပြီး လက်နက် ၅၉ လက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ၊ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (စစ်ရုံးချုပ်)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၆ရက်တွင် ကောလင်းမြို့ကို သိမ်းပိုက်ခဲ့ရာစစ်ကောင်စီက နိုဝင်ဘာ ၈ရက်တွင် အင်အား ၂၀၀ ကျော်ဖြင့် ကောလင်းကို စစ်ကြောင်းထိုးရန် ထွက်လာစဉ် ယနေ့နိုဝင်ဘာ ၁၀ရက် မနက်က ကန့်ဘလူ မြို့နယ်၊ အလယ်ခုံကျေးရွာ အနောက်မြောက်ဘက်တွင် တိုက်ခိုက်ခံရပြီး အထိနာခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှ ကောလင်းမြို့ ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ယနေ့မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် အမှတ် (၂) တပ်ရင်း၊ ခရိုင် ပကဖ လှုပ်ရှားရေးအဖွဲ့နှင့် မြို့နယ်/နယ်မြေခံ ပကဖအဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း ရန်သူ့ တပ်သား (၈၀) ဦးကျော်ခန့် သေဆုံးခဲ့ပြီး (၂၀) ဦး ဝန်းကျင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ရန်သူ့တပ်ထံမှ လက်နက်မျိုးစုံ (၅၉) လက်နှင့် ခဲယမ်းမီးကျောက်အမြောက်အမြား သိမ်းဆည်းရရှိ ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်က အသိပေးထုတ်ပြန်သည်။

သတင်းထုတ်ပြန်ချက်နှင့်အတူ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်များနှင့် ခဲယမ်း ကျည်များကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနက ဓာတ်ပုံမှတ်တမ်းထုတ်ပြန်ပြသခဲ့သည်။

Public Service Announcement

Public Service Announcement

“သေတဲ့​ကောင်​တွေအများကြီးပဲ။​ပြေးမိ​ပြေးရာ ထွက်​ပြေးသွားတဲ့​ကောင်​တွေလဲ အများကြီး။လက်နက်​တွေလဲ အများကြီးပဲရတယ်။ ” ဟုရှေ့တန်းသတင်းရင်းမြစ်က Infinity Group သို့​ဖြေကြားထားသည်။

ထိုစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် အမှတ် (၂) တပ်ရင်း၊ ခရိုင် ပကဖ လှုပ်ရှားရေးအဖွဲ့နှင့် မြို့နယ်/နယ်မြေခံ ပကဖအဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။