Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

၁၀၂၇ စစ်ဆင်ရေး ၂၅ရက် အတွင်း စစ်ကောင်စီ လက်လွှတ်ရသည့် တပ်စခန်း ၂၀၀ကျော်ရှိလာ

TNLA ၏ ထုတ်ပြန်ချက်များအရ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်စခန်းအချို့နှင့် အကျဉ်းဦးစီးစခန်း ၄ခုတို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ရာ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်း ၅၀နီးပါးထိသိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

(ကိုးကန့်​ဒေသ နိုဝင်ဘာ ၂၀ ရက်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့် MNDAA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang)
(ကိုးကန့်​ဒေသ နိုဝင်ဘာ ၂၀ ရက်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့် MNDAA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang)

▪︎MNDAA က လောက်ကိုင်ဒေသတစ်ခုလုံးကိုဝန်ရံထားနိုင်ပြီး သင့်တော်သည့်အချိန်တွင် သိမ်းယူမည်ဟု အသိပေး

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က စစ်ကောင်စီတပ်စခန်းများကို ယခုရက်ပိုင်းအတွင်းထပ်မံ သိမ်းပိုက်နိုင်ခဲ့၍ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းသိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီတပ်စခန်းပေါင်း ၂၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA)နှင့်ကိုးကန့်တပ်မတော်(MNDAA) တို့၏ ထုတ်ပြန်ချက်များ၌ တွေ့ရသည်။

စစ်ဆင်ရေး ၂၅ ရက်မြောက်နေ့ နိုဝင်ဘာ ၂၀ရက်တွင် MNDAA သည် ကိုးကန့်ခရိုင် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း အချို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ရှီးရှမ်းဒေသ တာရွှေထန်အုပ်စုတွင် တန်ပြန်ထိုး စစ်လာသောစစ်ကောင်စီ တပ်ဖွဲ့များကို နောက်ပြန်ဆုတ်အောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

(ကိုးကန့်​ဒေသ နိုဝင်ဘာ ၂၀ ရက်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့် MNDAA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang)
(ကိုးကန့်​ဒေသ နိုဝင်ဘာ ၂၀ ရက်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့် MNDAA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang)

ယမန်နေ့ တုန်ရှမ်းဒေသ တာကျူချင့်ရွာအနီးစစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှုတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသကဲ့သို့ တာရွှေထန်ဒေသ အခြေချ စစ်ကောင်စီတပ်၏ တန်ပြန်ထိုးစစ် အား တိုက်ခိုက်ရာတွင်လည်း စစ်ကောင်စီတပ် နောက်ပြန်ဆုတ်သွားပြီး လက်နက်ခဲယမ်းအချို့ သိမ်းနိုင်ခဲ့ကြောင်း အသိပေးသည်။

စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ ၂၇ရက်မှ နိုဝင်ဘာ ၂၀ရက်နေ့အထိ ညီနောင်မဟာမိတ်အဖွဲ့တို့မှ စစ်ကောင်စီတပ်စခန်း အကြီး အသေး စုစုပေါင်း(၁၅၈)ခု သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း ယနေ့ ထုတ်ပြန် သည်။

TNLA ၏ ထုတ်ပြန်ချက်များအရ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်စခန်းအချို့နှင့် အကျဉ်းဦးစီးစခန်း ၄ခုတို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ရာ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်း ၅၀နီးပါးထိသိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

(ကိုးကန့်​ဒေသ နိုဝင်ဘာ ၂၀ ရက်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့် MNDAA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang)
(ကိုးကန့်​ဒေသ နိုဝင်ဘာ ၂၀ ရက်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့် MNDAA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang)

စစ်ကောင်စီတပ်ဖွဲ့မှစနစ်တကျတည်ဆောက်ခဲ့သော မြို့နှင့် မဟာဗျူဟာစခန်းများမှာ တစ်ခုပြီးတစ်ခု ဖယ်ရှားခံနေရပြီး မဟာမိတ်တပ်ဖွဲ့၏ (၁၀၂၇)စစ်ဆင်ရေး သည် အောင်မြင်မှုများကို တစ်ခုပြီး တစ်ခု ဆက်လက်ဖော်ဆောင်နိုင်ခဲ့သည့်အတွက်ကြောင့် စစ်ကောင်စီတို့မှာ လက်ကျန်မြို့များ ကိုသာ အသေအလဲ ကာကွယ်နေရသည်ဟုထုတ်ပြန်ချက်က ဖော်ပြထားသည်။

MNDAAအနေဖြင့်လည်း လောက်ကိုင်ဒေသတစ်ခုလုံးကို ဝန်ရံထားနိုင်ပြီး သင့်တော်သည့်အချိန် ရောက်ရှိသည်နှင့်

တစ်ပြိုင်နက် ချက်ချင်းပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း တန်ပြန်ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့ကို အထိနာအောင် ခုခံတိုက်ခိုက် နိုင်ခဲ့ပြီး ကိုးကန့်ရုပ်သေးအဖွဲ့ (ပြည်သူ့စစ်အဖွဲ့) များကိုအမြစ်ပြတ်ချေမှုန်းရန် ပြင်ဆင်နေကြောင်း ထုတ်ပြန်သည်။

(ကိုးကန့်​ဒေသ နိုဝင်ဘာ ၂၀ ရက်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့် MNDAA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang)
(ကိုးကန့်​ဒေသ နိုဝင်ဘာ ၂၀ ရက်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့် MNDAA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang)

စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်အဖွဲ့ မှ မည့်သည့်တုံ့ပြန်စေကာမူ ၎င်းတို့၏ပြိုကွဲခြင်းက အချိန်မဝေးတော့ဟု အသိပေးထားသည်။

ယခု MNDAA ထုတ်ပြန်ခဲ့သည့် စစ်ကောင်စီတပ်စခန်း ၁၅၈ ခုသိမ်းပိုက်နိုင်မှုမှာ MNDAAနှင့် ရက္ခိုင့်တပ်တော်(AA) အပါအဝင် အခြားမဟာမိတ်တပ်များ သိမ်းပိုက်ထားနိုင်သည့် အရေအတွက်ဖြစ်ပြီး တအာင်းတပ်မတော်(TNLA)က သိမ်းပိုက်ထားသည့် တပ်စခန်းများ ပါ စုပေါင်းရေတွက်ပါက စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်း ၂၀၀ကျော် သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။