Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြို – မြိုင်လမ်းပိုင်း၌ စစ်ကားတစ်စီး မိုင်းထိ

တားမြစ်ချက်အားမလိုက်နာ၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများမှာ မိမိတာဝန်သာဖြစ်ကြောင်း ပကဖက ထုတ်ပြန်ထားသည်။

(၂၀၂၂ ဇန်နဝါရီအတွင်းက လင်းကတောနယ်မြေရဲစခန်း စီးနင်းတိုက်ခိုက်ခံရစဥ်။ ဓာတ်ပုံ-ရေစကြိုပကဖ)
(၂၀၂၂ ဇန်နဝါရီအတွင်းက လင်းကတောနယ်မြေရဲစခန်း စီးနင်းတိုက်ခိုက်ခံရစဥ်။ ဓာတ်ပုံ-ရေစကြိုပကဖ)

▪︎စစ်တပ်က ယာဥ်များချောဆွဲနေ၍ ပြည်သူများဖြတ်သန်းခြင်းမပြုရန် ရေစကြို(ပကဖ) သတိပေး

မကွေးတိုင်း၊ ရေစကြို – မြိုင်လမ်းပိုင်း၌ စစ်ကောင်စီတပ်ယာဥ်တစ်စီး မိုင်းထိပြီးနောက် လာသမျှယာဥ်များအား ချောဆွဲနေ၍ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက သတိပေးသည်။

ယနေ့ (နိုဝင်ဘာ ၂၁ ရက်) နံနက်ပိုင်းတွင် ရေစကြို – မြိုင်လမ်းပိုင်းတွင် ဖြတ်သန်းသွားလာကြသောခရီးသည်တင်ယာဥ်များ အိမ်စီးကားများနှင့် ပြည်သူများအနေဖြင့် ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ လုံးဝ(လုံးဝ) ဖြတ်သန်းသွားလာခြင်းမပြုကြရန် ရေစကြို(ပကဖ)အဖွဲ့က ထုတ်ပြန်သည်။

ရေစကြိုမြို့နယ်၊ မြေဖြူကျင်းရွာအနီးတွင် စစ်ကောင်စီတပ်ယာဥ်တစ်စီး မိုင်းထိပျက်စီးနေသောကြောင့် ဖြတ်သန်းသွားလာသောယာဥ်များအား ဖမ်းဆီးချောဆွဲနေ၍ တားမြစ်ရခြင်းဖြစ်ကြောင်း ရေစကြို(ပကဖ)အဖွဲ့မှ ရဲဘော်ဝေကြီးက အသိပေးသည်။

“မနေ့ညက သုံးစီးထွက်လာတာ။ တစ်စီးအဆွဲခံလိုက်ရပြီး ဒီမနက်မထွက်နိုင်သေးဘဲ ရမ်းပစ်နေတယ်။”ဟု ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တားမြစ်ချက်အားမလိုက်နာ၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများမှာ မိမိတာဝန်သာဖြစ်ကြောင်း ပကဖက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement