Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်ချအလင်းဝင်ခြင်းမှာ စစ်ကောင်စီတပ်များအတွက် အကောင်းဆုံးထွက်ပေါက်ဖြစ်ကြောင်း MNDAA အသိပေး

တိုင်းချစ်ပြည်ချစ်လူမျိုးချစ်ကြသောသူများ ဖြစ်ကြလျှင် စစ်ကောင်စီတို့နှင့်ဆက်လက် မပူးပေါင်းတော့ဘဲ ပြည်သူရင်ခွင်သို့ပြန်လာပြီး ပြည်ထောင်စုတော်လှန်ရေးလမ်းစဉ်ထဲသို့ ပူးပေါင်းပါဝင်လာ သင့်ကြောင်းလည်း အကြံပြုထားသည်။

(စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ - ၁၂၉ တပ်ရင်းတစ်ရင်းလုံးနှင့် မိသားစုဝင်များ ကိုးကန့်တပ်မတော်ထံ လက်နက်ချအဖမ်းခံခဲ့ကို ၂၀၂၃ နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Three Brotherhood Alliance)
(စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ - ၁၂၉ တပ်ရင်းတစ်ရင်းလုံးနှင့် မိသားစုဝင်များ ကိုးကန့်တပ်မတော်ထံ လက်နက်ချအဖမ်းခံခဲ့ကို ၂၀၂၃ နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Three Brotherhood Alliance)

လက်နက်ချအလင်းဝင်သည့်လမ်းကြောင်းမှာ စစ်ကောင်စီတပ်များအတွက် အကောင်းဆုံးထွက်ပေါက်ဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၏ ပူးတွဲစစ်ဆင်ရေးသတင်းများ ထုတ်ပြန်ရာ၌ ထိုသို့အသိပေးဖော်ပြခြင်းဖြစ်သည်။

MNDAAသည် နိုဝင်ဘာ ၁၉ရက် ၁၀၂၇ စစ်ဆင်ရေး ၂၄ရက်မြောက်နေ့တွင် ကိုးကန့်ဒေသ ရွှင်မာလင်နေရာတလျှောက်ရှိ စစ်ကောင်စီ၏တပ်စခန်း(၄)ကိုသိမ်းပိုက်ခဲ့ ကြောင်း အသိပေးသည်။

နိုဝင်ဘာ ၂၀ရက်တွင်လည်း စစ်ကောင်စီတပ်စခန်းအချို့ ထပ်မံသိမ်းပိုက်ထားနိုင်ခဲ့ပြီး စစ်ဆင်ရေးအတွင်း MNDAAက သိမ်းပိုက်သည့် တပ်စခန်း ၁၅၈ ခုထိရှိလာကြောင်း အသိပေးထားသည်။ ညီနောင်မဟာမိတ်တပ်ဖွဲ့တွင်ပါဝင်သည့် တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ခဲ့သည့်တပ်စခန်း ၅၀ နီးပါးရှိရာ စုစုပေါင်း တပ်စခန်း ၂၀၀ ကျော်ကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

မဟာမိတ်တပ်ဖွဲ့၏ပူးတွဲတိုက်ခိုက်မှုအောက်တွင် စစ်ကောင်စီသည်ဘာမှမလုပ်နိုင်တော့သည့်အပြင် ၎င်းလက်အောက်တပ်ဖွဲ့ ဝင်များကလည်း စိတ်ဓာတ်ကျဆင်းနေသောကြောင့် လက်နက်ချအလင်းဝင်သည့် လမ်းကြောင်းမှာ ၎င်းတို့အတွက် အကောင်းဆုံးထွက်ပေါက်ဖြစ်နေကြောင်း MNDAAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်အောက်တွင် ဆက်လက်ပူးပေါင်းပြီး အများပြည်သူများ၏ဆန့်ကျင်ဘက်နေရာတွင် ဆက်လက်ရပ်တည်နေပါက လုံးဝကျရှုံးသွားမည်ဖြစ်ကြောင်းဖော်ပြသည်။

တိုင်းချစ်ပြည်ချစ်လူမျိုးချစ်ကြသောသူများ ဖြစ်ကြလျှင် စစ်ကောင်စီတို့နှင့်ဆက်လက် မပူးပေါင်းတော့ဘဲ ပြည်သူရင်ခွင်သို့ပြန်လာပြီး ပြည်ထောင်စုတော်လှန်ရေးလမ်းစဉ်ထဲသို့ ပူးပေါင်းပါဝင်လာ သင့်ကြောင်းလည်း အကြံပြုထားသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်က အင်အား ၁၂၀ ကျော်ရှိသည့် တပ်ရင်းအလိုက် အလင်းဝင်မှု၊ အင်အား ၄၀ကျော်ရှိသည့် တပ်စခန်းအလိုက်အလင်းဝင်မှု အပြင် အစုအဖွဲ့လိုက်အလင်းဝင်မှုများ၊ လက်နက်ချ အညံ့ခံမှုများစွာရှိခဲ့သည်။ အလားတူ ကရင်နီဒေသ၊ ကရင်ဒေသ၊ ရခိုင်ဒေသတို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အစုအဖွဲ့လိုက် လက်နက်ချ အလင်းဝင်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။