Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနေဒီတောင်ရှိ စစ်ကောင်စီခန်းကို PDF-Zoland တိုက်ခိုက်သိမ်းပိုက်

ကနေဒီတောင်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင်စခန်းချလာခြင်းဖြစ်သည်။

(က​နေဒီ​တောင်ကို ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(က​နေဒီ​တောင်ကို ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ချင်းပြည်နယ်၊ ကနေဒီတောင်ရှိ စစ်ကောင်စီစခန်းကို PDF-Zolandက ယနေ့ မနက်ပိုင်းကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း အဆိုပါအဖွဲ့ထံကအတည်ပြုလိုက်သည်။

အင်အား ၃၀ခန့်ရှိသည့် အဆိုပါစစ်ကောင်စီစခန်းကို ယနေ့(နိုဝင်ဘာ ၂၁ရက်) နံနက် ၄နာရီခန့်က ဝင်ရောက်စီးနင်းတိုက်ခဲ့ပြီး ၂ နာရီ ဝန်းကျင်တိုက်ပွဲဖြစ်ပွားပြီး​နောက်နံနက် ၆နာရီ​ကျော်တွင် စစ်ကောင်စီစခန်းကို သိမ်းဆည်းရမိခြင်းဖြစ်သည်ဟု Zoland-PDFတာဝန်ရှိသူကပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦးကျော်က ထွက်ပြေးလွတ်မြောက်သွားသည်ဟုသိရသည်။ ထိုအပြင် စစ်ကောင်စီတပ်သားတစ်ချို့ကိုလည်း ဖမ်းဆီးရမိထားသည်ဟု PDF-Zolandထံမှသိရသည်။

“စခန်း(ကနေဒီတောင် စကစ တပ်စခန်း)သိမ်းနိုင်တာတော့အတည်ပြုပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။” ဟု PDF Zoland သတင်းရင်းမြစ် တစ်ဦးကလည်းပြောပြသည်။

စစ်ကောင်စီတပ်စခန်းမှလက်နက်အကြီးနှင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်းလည်းသိရသည်။

Public Service Announcement

Public Service Announcement

“တီးတိန်မြို့နယ်၊ ကနေဒီတောင် ပြည်သူလက်ထဲရောက်ရှိသွားပါပြီ”ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

ကနေဒီတောင်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင်စခန်းချလာခြင်းဖြစ်သည်။