Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြို့ပြပြောက်ကျားအဖွဲ့များ(UG)အတွင်း စစ်ကောင်စီသူလျှိုများစိမ့်ဝင်နေဟု လှိုင်ပကဖ သတိပေး

ဇွန်လ ၈ ရက်ကလည်း ရန်ကုန်မြို့၌ Dark Shadow အဖွဲ့ဝင် လေးဦးအပါအဝင် မြို့ပြပြောက်ကျားအဖွဲ့ဝင် ၉ဦးမှာ စစ်ဆင်ရေးမပြုမီ စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးမှုခံခဲ့ရသည်။

(ရန်ကုန်မြို့၌ ညပိုင်းအချိန် လိုက်လံစစ်ဆေးနေသော စစ်ကောင်စီအဖွဲ့ဝင်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့၌ ညပိုင်းအချိန် လိုက်လံစစ်ဆေးနေသော စစ်ကောင်စီအဖွဲ့ဝင်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ရဲခေါင်/People’s Spring

မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့များ(UG)အတွင်း စစ်ကောင်စီသူလျှိုများစိမ့်ဝင်နေကြောင်း လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(ဇွန်လ ၂၂ရက်) သတိပေးထုတ်ပြန်သည်။

လက်ရှိကြုံတွေ့ရသော အကြောင်းအရာများကို အခြားသောတော်လှန်ရေးအဖွဲ့များနှင့် မြို့ပြ UG အဖွဲ့ဝင်များအနေဖြင့် အထူးသတိပြုစိစစ်ဆောင်ရွက်နိုင်ရန်ဟု ဆိုသည်။

လွန်ခဲ့သော တစ်လခွဲကျော်က သက်ဆိုင်ရာ ခရိုင်တာဝန်ခံနှင့်ချိတ်ဆက်ကာ မစ်ရှင်တစ်ခုဖော်ဆောင်နိုင်ရန် ခရိုင်တာဝန်ခံထံသို့ လိုအပ်သောအသုံးအဆောင်ပစ္စည်းများကို လှိုင်မြို့နယ် ပကဖက ပေးအပ်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

သို့သော် အကြောင်းအမျိုးမျိုးကြောင့် မစ်ရှင်ဖော်ဆောင်နိုင်ခြင်းမရှိသည့်အတွက် ၎င်းတို့ပေးအပ်ထားသော ပစ္စည်းများအားပြန်လည်တောင်းခံခဲ့ပြီးနောက် လှိုင် ပကဖ၏ ပစ္စည်းများအပြင်အခြားအပိုပစ္စည်း (လက်လုပ်မိုင်း) အား အပိုပေးအပ်မည့်အကြောင်း ဆက်သွယ်ပြောကြားလာသော်လည်း လှိုင်ပကဖ မှ ငြင်းဆိုခဲ့ကြောင်း အသိပေးသည်။

ပစ္စည်းများပြန်လည်အပ်နှံသောနေ့တွင် လှိုင်ပကဖ၏ ပစ္စည်းများအပြင် လေးထောင့်ကော်ဗူး တစ်ဗူးအပိုပါဝင်လာသည့်အတွက် လမ်းတွင်ဖွင့်ဖောက်စစ်ဆေးရာ ယင်းဗူးသည်အပေါ်ယံ ( လက်လုပ်မိုင်း )ကဲ့သို့ ပြင်ဆင်ထားပြီး အလုံပိတ်ထားသော အတွင်းတွင် Mytel Sim Card အသုံးပြုထားသည့် GPS တစ်ခု ပါဝင်လာသည်ကို စီစစ်တွေ့ရှိရကြောင်း လှိုင်ပကဖက ပြောသည်။

ထိုဖြစ်စဥ်ကြောင့် ပစ္စည်းသွားရောက်ယူဆောင်သော အဖွဲ့ဝင်များမှ ချက်ခြင်းသတင်းပို့ကာ လမ်းတွင် ပစ္စည်းများအား ဖျောက်ဖျက်ပစ်လိုက်ကြောင်း အသိပေးသညိ။

ဖြစ်စဥ်အား သုံးသပ်ချက်အရ လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဲ့သို့ အခြားသောမြို့ပြပျောက်ကြားအဖွဲ့များအား အကြမ်းဖက်စစ်ကောင်စီမှ နည်းမျိုးစုံဖြင့် ဖြိုခွင်းနိုင်ရန်အတွက် ၎င်းတို့၏ အယောင်ဆောင်သူလျှိုများအား မြို့ပြတော်လှန်ရေးအဖွဲ့များအတွင်းသို့ထည့်သွင်း စိမ့်ဝင်နေသည်ကိုတွေ့ရှိရသည်ဟု ဆိုသည်။

“နဂိုကတည်းက စကစသူလျှိုကြောင့်ပါခဲ့ရတဲ့ ဖြစ်စဥ်တွေရှိခဲ့တယ်။အခုလည်း ရှိနိုင်သလို နောက်လည်းရှိနေမှာပဲ။တစ်ခုပဲ သတိမလွတ်ဖို့ ပဲ။ဒီရက်ပိုင်း သန်လျင်ကိစ္စဖြစ်သွားတာလည်း သူလျှိုကြောင့်ပဲလို့ သတင်းပေါက်နေတယ်။ရန်ကုန် UGအဖမ်းဆီးလည်း ခပ်စိတ်စိတ် ဖြစ်နေတယ်”ဟု ရန်ကုန်မြို့ရှိ တော်လှန်ရေးတပ်သားတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တော်လှန်ရေးအဖွဲ့အစည်းများ၊ မြို့ပြပြောက်ကျားအဖွဲ့များအားလုံး အထူးသတိပြုကာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းသည်။

“စိမ့်ဝင်နေတာတွေရှိ ကောင်းရှိမယ်လေ။ ကျနော်တို့ဒီကြားထဲကနေပဲ အကောင်းဆုံးဆက်လက်တော်လှန်နေကြရတာပါ။ အတတ်နိုင်ဆုံးတော့ သတိမပျက်ရအောင် ပြင်ဆင်ဆောင်ရွက်နေပါတယ်”ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

ဇွန်လ ၈ ရက်ကလည်း ရန်ကုန်မြို့၌ Dark Shadow အဖွဲ့ဝင် လေးဦးအပါအဝင် မြို့ပြပြောက်ကျားအဖွဲ့ဝင် ၉ဦးမှာ စစ်ဆင်ရေးမပြုမီ စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးမှုခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒီတောင်ကြော အပြန်အလှန် ထိန်းချုပ်နိုင်မှု ဖော်ပြချက်နှင့်ပတ်သက်ပြီး ပြည်သူများက ချင်းတပ်ဖွဲ့နှစ်ခုကို အချင်းချင်း စည်းလုံးရန် တိုက်တွန်းမှုများရှိသည်။

သတင်း

ဇွန်လ ၂၁ ရက် နံနက် ၅ နာရီခွဲခန့်က စစ်ကောင်စီ၏ ကပစ(၁၄)လက်အောက်ခံ ကျောင်းကုန်းရွာဟောင်းကင်းဂိတ်နှင့် စခန်းကုန်းကို CDF အရှိုနှင့် ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း(APDF)တို့ပူးပေါင်းပြီး ၂ နာရီကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ဇွန်လ ၁၇ ရက် မနက်တွင် စုကလိစခန်းအား ဝင်ရောက်တိုက်ခိုက်ကာ ဇွန်လ ၂၁ရက်တွင် စခန်းတစ်ခုလုံးအား အပြီးသတ် ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

CAN တပ်မဟာ(၄)နယ်မြေဖြစ်သည့် အဆိုပါဒေသ၌ ချင်းပြည်ကောင်စီတပ်ပေါင်းစု၌ ပါဝင်သည့် ဒေသကာကွယ်ရေးတပ်များ ဖြစ်သော CDFဟွာငိုလ်ရမ်၊ CDF Siyin တပ်များလည်းရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။