Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနေဒီတောင်တပ်စခန်းနေရာကို PDF ဇိုလဲန်းအလံ ပြန်လွှင့်ထူ

ကနေဒီတောင်ကြော အပြန်အလှန် ထိန်းချုပ်နိုင်မှု ဖော်ပြချက်နှင့်ပတ်သက်ပြီး ပြည်သူများက ချင်းတပ်ဖွဲ့နှစ်ခုကို အချင်းချင်း စည်းလုံးရန် တိုက်တွန်းမှုများရှိသည်။

(တီးတိန်မြို့နယ် ကနေဒီတောင် တပ်စခန်းနေရာကို ပြည်သူကာကွယ်ရေးတပ်(PDF)- ဇိုလဲန်းတပ်ဖွဲ့အလံ ပြန်လည်လွှင့်ထူထားစဉ်။ ဓာတ်ပုံ - PDF ဇိုလဲန်း)
(တီးတိန်မြို့နယ် ကနေဒီတောင် တပ်စခန်းနေရာကို ပြည်သူကာကွယ်ရေးတပ်(PDF)- ဇိုလဲန်းတပ်ဖွဲ့အလံ ပြန်လည်လွှင့်ထူထားစဉ်။ ဓာတ်ပုံ - PDF ဇိုလဲန်း)

▪️စစ်ကောင်စီတပ်စွဲရန် ကြိုးပမ်းချိန် ပစ်ခတ်မှုများရှိခဲ့ဟု အသိပေး

ထားမြတ်/People’s Spring

ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင် တပ်စခန်းနေရာကို ပြည်သူကာကွယ်ရေးတပ်(PDF)- ဇိုလဲန်းတပ်ဖွဲ့အလံ ပြန်လည်လွှင့်ထူလိုက်ကြောင်း PDFက အသိပေးသည်။

အဆိုပါ တပ်စခန်းကို PDF ဇိုလဲန်းက ၂၀၂၃ နိုဝင်ဘာ ၂၁ရက်တွင်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက ဇွန်လတတိယပတ်တွင် ထိုးစစ်ဆင်လာ၍ တိုက်ပွဲရှိခဲ့သည်ဟု ဆိုသည်။

” အဲဒီနေရာကို ဇွန် ၂၁ ရက် မနက် ၃ နာရီလောက်မှာ စကစတပ်တွေ တပ်ပြန်စွဲဖို့ လုပ်တဲ့ချိန်မှာ ပစ်ခတ်မှုတွေရှိတယ်၊ ညနေပိုင်းမှာ သွားကြည့်တဲ့အချိန်မှာ စကစ တွေမရှိတော့ဘူး၊ အဲဒါနဲ့ ဒီအတိုင်းထားလိုက်တဲ့အချိန်မှာဇွန် ၂၂ နေ့ကျမှ CNA လက်အောက်ခံ PDA တပ်တွေက ဘာပစ်ခတ်မှုမှမရှိပဲ ဒီအတိုင်းတက်ပြီး အလံသွားထောင်လိုက်တာပါ။အဲဒါကို သိပြီးတော့ ဒီနေ့ ဇွန်၂၃ ရက် ကျတော့ PDF ဇ်ုလဲန်းအဖွဲ့တွေက ကျန်တဲ့အလံတွေဖြုတ်ပြီး PDF ဇိုလဲန်းအလံပြန်ထောင်တာဖြစ်တယ်” ဟု PDF ဇိုလဲန်းတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

PDA တီးတိန်ကလည်း ကနေဒီတောင်ကြောကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဇွန်လ ၂၂ရက်တွင် ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

PDA တီးတိန် တပ်ဖွဲ့၏ ကနေဒီတောင်၌ အလံလွှင့်ထူမှုသည် လက်ဦးမှုရယူခြင်းဖြစ်ကြောင်း PDF ဇိုလဲန်းတာဝန်ရှိသူက မှတ်ချက်ပြုသည်။

PDA တီးတိန်သည် ချင်းပြည်ကောင်စီ တပ်ပေါင်းစု၌ ပါဝင်သည့် တပ်ဖြစ်ပြီး PDF ဇိုလဲန်းသည် ချင်းညီနောင် အဖွဲ့ဝင်ဖြစ်သည်။ ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုသည် မတူပီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေမှု အပါအဝင် ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းအကြား ပြဿနာများ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့် ကနေဒီတောင်ကြော အား ပြန်လည် ထိန်းချုပ်နိုင်သည့် အခြေအနေနှင့်ပတ်သက်ပြီး PDA တီးတိန် ဖော်ပြသည့် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးရာ မြင်ကွင်းနှင့် PDF ဇိုလဲန်းဖော်ပြသည့် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးရာ မြင်ကွင်းများလည်း မတူညီသည်ကို တွေ့ရသည်။

PDA တီးတိန်က ကနေဒီတောင်ကြောရှိ စေတီ အနီး ချင်းအမျိုးသားအလံနှင့် PDA တီးတိန်အလံကို လွှင့်ထူထားခြင်းဖြစ်ပြီး PDF ဇိုလဲန်း၏ ဖော်ပြချက်တွင် ကနေဒီတောင်ကြောရှိ စက်သွယ်ရေးတာဝါတိုင် တည်ရှိရာထိပ်၌ PDF အလံ လွှင့်ထူခဲ့ခြင်းဖြစ်သည်။

ကနေဒီတောင်ကြော အပြန်အလှန် ထိန်းချုပ်နိုင်မှု ဖော်ပြချက်နှင့်ပတ်သက်ပြီး ပြည်သူများက ချင်းတပ်ဖွဲ့နှစ်ခုကို အချင်းချင်း စည်းလုံးရန် တိုက်တွန်းမှုများရှိသည်။

“ကာကွယ်ပါ။ စည်းလုံးပါ။ နိုင်ငံရေး သဘောထားကွဲလွဲခွင့်ရှိသည်။ စစ်ရေးမှာ ပူးပေါင်းဆောင်ရွက်ပါ။ စည်းလုံးခြင်းသည် အင်အား”ဟု ပြည်သူတစ်ဦးက PDF ဇိုလဲန်း၏ ထုတ်ပြန်ချက်အောက်၌ မှတ်ချက်ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်အား ယမန်နေ့ (ဇွန်လ ၂၃ ရက်​)တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တနေရာရှိ ဘုရားတစ်ဆူတွင် သံဃာတော်များစုဝေး၍ စတင်ပြုလုပ်ခဲ့သည်။

မေးမြန်းခန်း

ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးရှောင်အရေးကူညီနေသည့် Kayan Rescue Committee မှ ကိုချမ်းအေးကို လူထုနွေဦး(People's Spring )က ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဇွန်လ ၂၁ ရက် နံနက် ၅ နာရီခွဲခန့်က စစ်ကောင်စီ၏ ကပစ(၁၄)လက်အောက်ခံ ကျောင်းကုန်းရွာဟောင်းကင်းဂိတ်နှင့် စခန်းကုန်းကို CDF အရှိုနှင့် ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း(APDF)တို့ပူးပေါင်းပြီး ၂ နာရီကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ဇွန်လ ၁၇ ရက် မနက်တွင် စုကလိစခန်းအား ဝင်ရောက်တိုက်ခိုက်ကာ ဇွန်လ ၂၁ရက်တွင် စခန်းတစ်ခုလုံးအား အပြီးသတ် ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။