Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စုကလိမြို့တပ်စခန်း သိမ်းပိုက်မှု ဗိုလ်မှူးကြီး တစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ဦး ဖမ်းမိ၊ လက်နက် မျိုးစုံ ၃၇လက်ရ

ဇွန်လ ၁၇ ရက် မနက်တွင် စုကလိစခန်းအား ဝင်ရောက်တိုက်ခိုက်ကာ ဇွန်လ ၂၁ရက်တွင် စခန်းတစ်ခုလုံးအား အပြီးသတ် ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။

(စုကလီမြို့ စစ်​ကောင်စီတပ်စခန်းမှ သိမ်းပိုက်ရရှိခဲ့​သော လက်နက်ခဲယမ်းများနှင့် မြို့အဝင်ဆိုင်းဘုတ်။ဓါတ်ပုံ-KNU)
(စုကလီမြို့ စစ်​ကောင်စီတပ်စခန်းမှ သိမ်းပိုက်ရရှိခဲ့​သော လက်နက်ခဲယမ်းများနှင့် မြို့အဝင်ဆိုင်းဘုတ်။ဓါတ်ပုံ-KNU)

▪︎စစ်ကောင်စီတပ်သား ၆ဦးသေဆုံး၊ KNLA ပူးပေါင်းတပ်မှ ၁၅ဦး ဒဏ်ရာရ

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် အရှေ့ခြမ်းရှိ စုကလိမြို့စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ၌ စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီး ၀ဏ္ဏတိုး အပါအဝင် စစ်သုံ့ပန်း ၂၁ ဦး ဖမ်းမိကာ စစ်ကောင်စီတပ်သား ၆ဦး သေဆုံးခဲ့ကြောင်း KNU ကသတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ အမှတ်(၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃) လက်အောက်ခံ၊ ခမရ(၅၆၀) တပ်ရင်းမှ ဗိုလ်မှူးကြီး ၀ဏ္ဏတိုး နှင့် ဒု-ဗိုလ်မှူးကြီး သူရိန်ဦး ‌ဦးဆောင်သော တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၂၁ရက်တွင် အပြီးသတ်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။

(စုကလီမြို့ စစ်​ကောင်စီတပ်စခန်းမှ သိမ်းပိုက်ရရှိခဲ့​သော လက်နက်ခဲယမ်းများနှင့် မြို့အဝင်ဆိုင်းဘုတ်။ဓါတ်ပုံ-KNU)
(စုကလီမြို့ စစ်​ကောင်စီတပ်စခန်းမှ သိမ်းပိုက်ရရှိခဲ့​သော လက်နက်ခဲယမ်းများနှင့် မြို့အဝင်ဆိုင်းဘုတ်။ဓါတ်ပုံ-KNU)

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၆)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း၊ စစ်သုံ့ပန်းအဖြစ် တပ်ခွဲမှူး ဗိုလ်မှူးကြီး ၀ဏ္ဏတိုး အပါအဝင် ၂၁ဦး ဖမ်းမိခဲ့ပြီး ၁၄ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေး ပူး‌ပေါင်းတပ်ဖွဲ့မှ (၁၅) ဦး ဒဏ်ရာ ရခဲ့သည်ဟုလည်း ဖော်ပြထားသည်။

စုကလိ တပ်စခန်းသိမ်းတိုက်ပွဲမှ လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၃၇လက် သိမ်းဆည်းရရှိခဲ့​သည်။သို့​သော် RPG-7 ၁ လက် ၊ ငါးကြင်းမှီးစက်လက် ၁လက် အပါအဝင် လက်နက် ၁၀ လက်မှာ ပျက်စီးနေကြောင်းလည်းအသိပေးသည်။

(စုကလီမြို့ စစ်​ကောင်စီတပ်စခန်းမှ သိမ်းပိုက်ရရှိခဲ့​သော လက်နက်ခဲယမ်းများနှင့် မြို့အဝင်ဆိုင်းဘုတ်။ဓါတ်ပုံ-KNU)
(စုကလီမြို့ စစ်​ကောင်စီတပ်စခန်းမှ သိမ်းပိုက်ရရှိခဲ့​သော လက်နက်ခဲယမ်းများနှင့် မြို့အဝင်ဆိုင်းဘုတ်။ဓါတ်ပုံ-KNU)

သိမ်းဆည်းရမိ လက်နက်ခဲယမ်းများကို ဖော်ပြထားရာ ၆၀ မမ (ပြောင်းရှည်) – ၁ လက်၊ ၆၀ မမ (ပြောင်းတို) – ၁ လက်၊ RPG – 7 – ၁ လက် (ပျက်စီး)၊ MA-1 – ၁၂ လက် (၄ လက် ပျက်စီး)၊ MA-2 – ၁၅ လက် (၄ လက် ပျက်စီး)၊ MA-3 – ၄ လက် (၁ လက် ပျက်စီး)၊ MA-79 – ၂ လက်၊ ငါးကြင်းမှီး စက်လက် – ၁ လက် (ပျက်စီး) တို့ပါဝင်သည်။

ထို့ပြင် လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ၊ မိုင်းများ၊ ဆက်သွယ်ရေးစက်၊ ဒရုန်းနှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။

စုကလိတပ်စခန်းကို မတိုက်ခိုက်မီ KNLAက လက်နက်ချပြီး အမှန်တရားဘက် ရပ်တည်ရန် မတ်လ ၂၅ရက်နေ့မှ ၃၀ ရက်နေ့အတွင်း စာပို့ အကြောင်းကြားခဲ့သည်။ သို့ရာတွင် လိုက်နာခြင်းမရှိ၍ KNLA၊ KNDO ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်က မတ်လ ၃၀ရက်မှ ဇွန်လ ၁၆ရက်အထိ စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားများ၏ စိတ်ဓာတ်ရေးရာ နှင့် ခွန်အားများ ပျက်ပြားစေရန် စနိုက်ပါ ဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သည်။

ထို့နောက် ဇွန်လ ၁၇ ရက် မနက်တွင် စုကလိစခန်းအား ဝင်ရောက်တိုက်ခိုက်ကာ ဇွန်လ ၂၁ရက်တွင် စခန်းတစ်ခုလုံးအား အပြီးသတ် ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။

KNU ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်း နေရာအနံ့တိုက်ပွဲများ နေ့စဥ်နှင့်အမျှဖြစ်ပွားလျှက်ရှိနေပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများကိုလည်း K.N.L.A ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်လျှက်ရှိနေကြောင်း ဖော်ပြသည်။

(စုကလီမြို့ စစ်​ကောင်စီတပ်စခန်းမှ သိမ်းပိုက်ရရှိခဲ့​သော လက်နက်ခဲယမ်းများနှင့် မြို့အဝင်ဆိုင်းဘုတ်။ဓါတ်ပုံ-KNU)
(စုကလီမြို့ စစ်​ကောင်စီတပ်စခန်းမှ သိမ်းပိုက်ရရှိခဲ့​သော လက်နက်ခဲယမ်းများနှင့် မြို့အဝင်ဆိုင်းဘုတ်။ဓါတ်ပုံ-KNU)

အာဏာသိမ်း စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်အုပ်ချုပ်မှု စနစ်အတွက် အထောက်အကူဖြစ်စေသော မည်သည့် ထောင့်တိုင်မှန်သမျှကို ဆန့်ကျင်ရန် နှင့် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆိုမတရားဖိနှိပ်အုပ်ချုပ်နေသော စစ်တပ်အား စွန့်ခွာကာ KNUနှင့် ပြည်သူလူထု ရင်ခွင်သို့ စိတ်ရင်းဖြင့် လာရောက်ပူးပေါင်းပေါ်ရန် ဖိတ်ခေါ်ကြောင်း ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်အတွင်းရှိ​သော စုကလီမြို့နယ်ခွဲတွင် ၂၀၁၄ သန်း​ခေါင်စာရင်းအရ လူဦး​ရေ ၅၇၀၀ ​ကျော်ရှိသည်။ ​ဒေသခံပြည်သူအများစုမှာ စိုက်ပျိုး​ရေးလုပ်ငန်း လုပ်ကိုင်အသက်​မွေးဝမ်း​ကြောင်းပြုကြသည်။မြန်မာ- ထိုင်းနယ်စပ်အနီးရှိ နယ်စပ်မြို့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒီတောင်ကြော အပြန်အလှန် ထိန်းချုပ်နိုင်မှု ဖော်ပြချက်နှင့်ပတ်သက်ပြီး ပြည်သူများက ချင်းတပ်ဖွဲ့နှစ်ခုကို အချင်းချင်း စည်းလုံးရန် တိုက်တွန်းမှုများရှိသည်။

သတင်း

ဇွန်လ ၂၁ ရက် နံနက် ၅ နာရီခွဲခန့်က စစ်ကောင်စီ၏ ကပစ(၁၄)လက်အောက်ခံ ကျောင်းကုန်းရွာဟောင်းကင်းဂိတ်နှင့် စခန်းကုန်းကို CDF အရှိုနှင့် ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း(APDF)တို့ပူးပေါင်းပြီး ၂ နာရီကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာ

အစ္စရေး စစ်တပ်ကတော့ လေတပ် တိုက်လေယာဉ်တွေဟာ ဟားမားစ်တွေရဲ့ အခြေခံ အဆောက်အအုံ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အသေးစိတ် အချက်အလက်တွေကို မကြာခင် ထုတ်ပြန်သွားမယ်လို့ ကြေညာထားပါတယ်။

သတင်း

ဇွန်လ ၈ ရက်ကလည်း ရန်ကုန်မြို့၌ Dark Shadow အဖွဲ့ဝင် လေးဦးအပါအဝင် မြို့ပြပြောက်ကျားအဖွဲ့ဝင် ၉ဦးမှာ စစ်ဆင်ရေးမပြုမီ စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးမှုခံခဲ့ရသည်။