Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်မ(၉၉)မှဗိုလ်မှူးနှင့် အရာရှိလေးဦးပါပြန်ပေးဆွဲအဖွဲ့ မူဆယ်၌ အဖမ်းခံရ

ဖမ်းမိထားသည့်စစ်ကောင်စီအရာရှိများထံမှ ၎င်းတို့လုယက်ထားသည့် ကားနှင့်ငွေကြေးများ၊ လက်နက်ခဲယမ်းအချို့လည်း တွေ့ရှိခဲ့သည်။

(ပြန်ပေးဆွဲငွေတောင်းနေသော တပ်မ(၉၉)မှ ဗိုလ်မှူးပါ လေးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)
(ပြန်ပေးဆွဲငွေတောင်းနေသော တပ်မ(၉၉)မှ ဗိုလ်မှူးပါ လေးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)

ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံသူဌေးများအား ပြန်ပေးဆွဲ ငွေတောင်းနေသည့် တပ်မ(၉၉)မှ ဗိုလ်မှူးအပါအဝင် အရာရှိလေးဦးကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးခဲ့သည်။

မူဆယ်မြို့တွင် တာဝန်ကျနေသည့် တပ်မ(၉၉)မှ ဗိုလ်မှူးဟန်ဇင်စိုး၊ဗိုလ်ကြီးကျော်သူအောင်၊ဗိုလ်ချမ်းမြေ့လင်းနှင့် ဗိုလ်မျိုးညီညီထွန်းတို့ကို ကောင်းမှုလွယ်ရပ်ကွက်၊ အိမ်အမှတ်(၁၂၇)တွင် ဇွန်လ ၁၈ရက်က ဖမ်းမိခြင်းဖြစ်သည်။

” အဲဒီနေ့က ပြန်ပေးစွဲသွားတာကို CCTVကနေ လိုက်ကြည့်တော့ ကားက အဲဒီအိမ်ထဲဝင်သွားတယ်။ ရဲတွေရောပြည်သူ့စစ်တွေပါ ဝင်ဖမ်းတော့ စကစအရာရှိတွေတွေ့တာပဲ။ ဒီဖြစ်စဉ်ကိုတမြို့လုံးကသိတာဆိုတော့ သူတို့ချင်းပြဿနာတက်နေကြတယ်။”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းမိထားသည့်စစ်ကောင်စီအရာရှိများထံမှ ၎င်းတို့လုယက်ထားသည့် ကားနှင့်ငွေကြေးများ၊ လက်နက်ခဲယမ်းအချို့လည်း တွေ့ရှိခဲ့သည်။

(ပြန်ပေးဆွဲငွေတောင်းနေသော တပ်မ(၉၉)မှ ဗိုလ်မှူးပါ လေးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)
(ပြန်ပေးဆွဲငွေတောင်းနေသော တပ်မ(၉၉)မှ ဗိုလ်မှူးပါ လေးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ – စကစ)

စစ်ကောင်စီလက်ထက်တွင် တရားဥပဒေစိုးမိုးမှုမရှိ‌တော့သည့်မူဆယ်မြို့၌ (၃)နှစ်တာကာလအတွင်း ပြန်ပေးဆွဲမှုအကြိမ် ၂၀ခန့်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် ဧပြီ ၉ရက်‌က မူဆယ်မြို့လယ်၌ ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးအား လက်နက်ကိုင်သူတစ်စုက ဆေးခန်းအတွင်းဝင်၍ ဖမ်းဆီး ပြန်ပေးဆွဲသွားကာ ငွေကျပ်သိန်းထောင်ချီတောင်း၍ ပြန်ရွေးခိုင်းခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ပြန်ပေးဆွဲမှုကျူးလွန်သူများ၏နောက်ကွယ်၌ ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်နေသော စစ်ကောင်စီနှင့်ပြည်သူ့စစ်များရှိနေသည်ဟု ဒေသခံများက ဆိုသည်။

” ၁၀၅ မိုင်က AA သိမ်းထားတယ်။ နယ်စပ်ကုန်သွယ်းရေးလည်း ရှိမနေဘူး။ ဝင်ငွေမရှိလို့ ဘိုင်ပြတ်နေတဲ့ စစ်ခွေးတွေက ဓားပြတိုက်စားနေတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၆ရက်ကလည်း မူဆယ်မြို့ရှိ ကျားဖြန့်လုပ်ငန်းအဓိကလုပ်ဆောင်သူ ပြည်သူ့စစ် ၁၁ဦးနှင့် မူဆယ်အခြေစိုက် ခလရ(၁၂၉) တပ်ရင်းမှူး ဗိုလ်မှူးရွှေမောင်ကို ရွှေလီမြို့၌ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

တပ်မ(၉၉)တပ်မမှူး၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ဗိုလ်မှူးရွှေမောင်ကို မတ်လ ၂၆ရက်တွင်ပင် ပြန်လွှတ်ပေးခဲ့သည်။ အပေးအယူအနေဖြင့် မူဆယ်ရှိ ကျားဖြန့်တရားခံများကို ဖမ်းဆီးလွှဲပြောင်းပေးရန် တရုတ်က တောင်းဆိုခဲ့ရာ မူဆယ်မြို့မှ အွန်လိုင်းလောင်းကစားလုပ်ငန်းများကို တရုတ်နှင့်ပူးပေါင်း၍ မတ်လ ၂၈ရက်မှ မတ်လ ၃၁ရက်အထိ စစ်ကောင်စီကစီးနင်းဖမ်းဆီးခဲ့သည်။

စစ်ကောင်စီလက်ထက် တရားဥပဒေစိုးမိုးမှုမရှိတော့သည့်ဒေသများ၌ ဖြစ်ပွားခဲ့သော ပြန်ပေးဆွဲမှုများ၊ဓားပြမှုများ၌ စစ်ကောင်စီအရာရှိများပါဝင်ပတ်သက်နေသည့်အထောက်အထားများ တွေ့ရှိရသည်။ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဒုဦးစီးမှူး အေးကိုကိုဦး ခေါင်းဆောင်သည့် ဓားပြအဖွဲ့ကို ဒေသခံများ၏သတင်းပေးမှုဖြင့် ဖေ​ဖော်ဝါရီ၂၉ ရက်တွင် ဖမ်းမိခဲ့သည့် ဖြစ်စဉ် ရှိခဲ့သည်။

ထို့အပြင် မန္တလေးမြို့၌ဖြစ်ပွားခဲ့သည့် ရွှေဆိုင်ဓားပြတိုက်မှုအချို့၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကျူးလွန်ခဲ့ခြင်းဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံသားလေးဦးကို တာချီလိတ်မြို့မရဲစခန်း၌ ဖမ်းဆီးထားသည်။ ဖမ်းမိသည့် တိရိစ္ဆာန်များကို မည်သည့်နေရာသို့ပို့မည်ကို မသိရသေးပေ။ အမှုကို လူစားထိုးရေး ကြိုးပမ်းမှုများရှိနေကြောင်းလည်း ဒေသခံအချို့ကပြောသည်။

သတင်း

ZRA နှင့် စစ်ကောင်စီ အရာရှိပိုင်းအကြား အဆက်အသွယ်ရှိကြောင်း၊ ZRA တပ်ဖွဲ့ဝင်များနှင့် ပြဿနာမဖြစ်စေရန် စစ်ကောင်စီ အရာရှိများက အောက်ခြေကို မှာထားကြောင်း ပြောသည်။

သတင်း

AAသည် ဇွန်လဆန်းတွင် ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲအား အရှိန်မြှင့်ဆောင်ရွက်ခဲ့ရာ ဇွန်လ ၂ရက်မှ ၇ရက်အတွင်း အမှတ်(၉)နယ်ခြားစောင့်တပ်ဖွဲ့(နခခ-၉)အပါအဝင် စခန်း၆ခုကို သိမ်းရခဲ့သည်ဟု အသိပေးထားသည်။

သတင်း

AAကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာ၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းဒေသ၌ အခြေခံစစ်သင်တန်း၊ အရာရှိသင်တန်းများ ပေးခဲ့ခြင်းဖြစ်သည်။