Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကွတ်ခိုင်မြို့နယ် ကာလိုင်ရွာစာသင်ကျောင်း TNLA ဝင်ခွင့်ပိတ်ထား၍ ကျောင်းသားများ စာသင်ရန် အခက်ကြုံ

စာသင်ကျောင်းရှေ့၌ ကျောင်းသူကျောင်းသားများ၊ ကျောင်းသားမိဘများ စုဝေးရောက်ရှိနေပြီး ကျောင်းတံခါးပိတ်ထား၍ ဝင်ခွင့်မရဘဲ စောင်ဆိုင်းနေမှုကိုလည်း တွေ့ရသည်။

(ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာစာသင်ကျောင်းကို တအာင်းတပ်မတော်(TNLA) က ကျောင်းအတွင်း ဝင်ခွင့် ပိတ်ပင်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ/7Star News)
(ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာစာသင်ကျောင်းကို တအာင်းတပ်မတော်(TNLA) က ကျောင်းအတွင်း ဝင်ခွင့် ပိတ်ပင်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ/7Star News)

▪️ကာလိုင်ရွာ စာသင်ကျောင်းဖွင့်နိုင်ရန် ညှိနှိုင်းနေဆဲဖြစ်ပြီး မလိုလားအပ်သည့်ရှုပ်ထွေးမှု အချို့ရှိနေဆဲဟု တအာင်းပြည်ပညာရေးကောင်စီထုတ်ပြန်

▪️ကွတ်ခိုင်ရှိ စာသင်ကျောင်းအချို့၌ တပ်စွဲထားသည့် KIAနှင့် MNDAA တပ်များ ဖယ်ရှားပေးရန် တောင်းဆိုထားဟု ကောင်စီအသိပေး

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာစာသင်ကျောင်းကို တအာင်းတပ်မတော်(TNLA)က ကျောင်းအတွင်း ဝင်ခွင့် ပိတ်ပင်လိုက်၍ ကျောင်းသားများ စာသင်ကြားရေး အခက်ကြုံနေကြောင်း ကချင်သတင်းရင်းမြစ်က အသိပေးသည်။

ဇွန်လ ၂၃ရက်ညပိုင်းက TNLA တပ်ဖွဲ့ဝင်များ ကျောင်းသို့ ဝင်ရောက်ကာ ကျောင်းရှိ ဆရာ၊ ဆရာမများအား မောင်းထုတ်ကာ စာသင်ကျောင်းကို ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ကချင်သတင်းဌာန 7Stars Newsက ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

ကချင်သတင်းရင်းမြစ် အချို့ကဖော်ပြသည့် ရုပ်သံမှတ်တမ်းတွင်လည်း ကာလိုင်စာသင်ကျောင်းတံတားကို သော့ခတ်ထားပြီး ကျောင်းတံခါးတွင် “သတိ တာဝန်ရှိသူမှ အပ မဝင်ရ။ ထိရောက်စွာ အရေးယူမည်”ဟု စာရေးသား ချိတ်ဆွဲထားသည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

(ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာစာသင်ကျောင်းကို တအာင်းတပ်မတော်(TNLA) က ကျောင်းအတွင်း ဝင်ခွင့် ပိတ်ပင်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ/7Star News)
(ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာစာသင်ကျောင်းကို တအာင်းတပ်မတော်(TNLA) က ကျောင်းအတွင်း ဝင်ခွင့် ပိတ်ပင်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – CJ/7Star News)

စာသင်ကျောင်းရှေ့၌ ကျောင်းသူကျောင်းသားများ၊ ကျောင်းသားမိဘများ စုဝေးရောက်ရှိနေပြီး ကျောင်းတံခါးပိတ်ထား၍ ဝင်ခွင့်မရဘဲ စောင်ဆိုင်းနေမှုကိုလည်း တွေ့ရသည်။

ထိုသို့ TNLAက ကျောင်းဝင်ခွင့် ပိတ်ထားခြင်းနှင့်ပတ်သက်၍ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်မေးမြန်းရာ တအာင်းပြည်ပညာရေးကောင်စီ(TLEC)ထံ ဆက်သွယ်ရန် လမ်းညွှန်သည်။

TLECကလည်း ကာလိုင်ရွာကျောင်းပိတ်ထားမှု အပါအဝင် လုံခြုံမှုအခြေအနေ အားမကောင်းသေးသည့် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း သတင်းထုတ်ပြန်ချက်ကိုယနေ့ (ဇွန်လ ၂၄ရက်)တွင် ထုတ်ပြန်သည်။

TNEC အနေဖြင့် ယခုပညာသင်နှစ်တွင် အခြေခံကျောင်းပေါင်း ၅၅၀ ကျော်တို့အား တာဝန်ယူပြီး ဖွင့်လှစ်သွားရန် ဆောင်ရွက်နေကြောင်း၊ သို့သော် သင်ကြားရေး ဆရာ၊မများ လုံလောက်စွာ မရရှိသေးတာကြောင့် အချို့ကျောင်းများမှာ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ပြီး၊ ကျောင်းတစ်ချို့သည် ရှုပ်ထွေးမှုများရှိနေပြီး ကလေးငယ် များနှင့် သင်ကြားရေးဆရာ/မများအတွက် လုံခြုံမှုများ အားနည်းလျက်ရှိတာကြောင့် လတ်တလောကာလတွင် ဖွင့်လှစ်ပေးနိုင်မည် မဟုတ်ကြောင်း ဖော်ပြသည်။

(ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာစာသင်ကျောင်းကို တအာင်းတပ်မတော်(TNLA) က ကျောင်းအတွင်း ဝင်ခွင့် ပိတ်ပင်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ/7Star News)
(ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာစာသင်ကျောင်းကို တအာင်းတပ်မတော်(TNLA) က ကျောင်းအတွင်း ဝင်ခွင့် ပိတ်ပင်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – CJ/7Star News)

ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသည် TLEC၏ အခြေပညာမူလတန်းကျောင်းများဖြစ်သည့် (၁) ဆာယာရွာ၊ (၂) ကုန်ချမ်းရွာ၊ (၃)ပန်လောရွာ၊ (၄) ဟိုဆိုင်ရွာ၊ (၅) လုံကိန်ရွာ၊ (၆)မန်မိုင်ရွာ၊ (၇) လွယ်ကန်ရွာ၊ (၈) မန်ပြိန်းရွာ စုစုပေါင်း အမကကျောင်း(၈)ကျောင်းတို့ဖြင့် ပတ်လည် ဝန်းရံထားသည့် အလယ်တန်းကျောင်းတစ်ခု ဖြစ်၍ အဆိုပါ ကျောင်းများမှ ကလေးများသည် သက်ဆိုင်ရာ ကျေးရွာကျောင်းတွင် မူလတန်းအဆင့်ပြီးစီးပါက အနီးဆုံးရှိ ကာလိုင်ကျေးရွာအလယ်တန်းကျောင်းသို့ တက်ရောက် ပညာသင်ကြား ကြရမည်ဖြစ်ကြောင်း ၊ ထိုကြောင့် ကာလိုင်ကျေးရွာ အလယ်တန်းကျောင်းဖွင့်လှစ်နိုင်ရေးသည် အနီးတဝိုက်ရှိ ဒေသခံ တိုင်းရင်းသားအားလုံးအတွက် အလွန်ပင်အရေးပါသည့်ကျောင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

သို့သော် ကာလိုင်ရွာ အလကကျောင်းအား ဒေသခံတိုင်းရင်းသားအားလုံးအတွက် ကျောင်းဖွင့်နိုင်ရန် TLEC မှ ညှိနှိုင်းဆွေးနေဆဲဖြစ်ပြီး မလိုလားအပ်သည့် ရှုပ်ထွေးမှုတစ်ချို့ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု အသိပေးသည်။

ထို့အတူပင် ကွတ်ခိုင်မြို့ ရပ်ကွက်(၇)ရှိ မြို့မစုစည်းကျောင်းဖြစ်သည့် အခြေခံပညာမူလတန်းကျောင်းတွင် KIAတပ်ဖွဲ့ဝင်များမှ ဝင်ရောက် တပ်စွဲထားဆဲဖြစ်၍ ကျောင်းအားဖွင့်လှစ်နိုင်ရန်အတွက် KIA အဖွဲ့မှ ကျောင်းဧရိယာပြင်ပသို့ ရွှေ့ပြောင်း ပေးရန် တင်ပြတောင်းဆိုထားလျက် ရှိသည်ဟု ထုတ်ပြန်သည်။

(ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာစာသင်ကျောင်းကို တအာင်းတပ်မတော်(TNLA) က ကျောင်းအတွင်း ဝင်ခွင့် ပိတ်ပင်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ/7Star News)
(ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာစာသင်ကျောင်းကို တအာင်းတပ်မတော်(TNLA) က ကျောင်းအတွင်း ဝင်ခွင့် ပိတ်ပင်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – CJ/7Star News)

အလားတူ ကျောင်းသူကျောင်းသား ၅၀၀ကျော် လက်ခံသင်ကြားပေးနေသည့် ကွတ်ခိုင်မြို့နယ် ရပ်ကွက်(၃)ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင်လည်း ကိုးကန့်တပ်မတော် MNDAAမှ ဝင်ရောက်တပ်စွဲထား၍ ကျောင်းအား ဖွင့်လှစ်ကာ သင်ကြားမှုများ ဆက်လက်ပြုလုပ်နိုင်ရန် MNDAA တာဝန်ရှိသူများ ထံ တင်ပြတောင်းဆိုထားကြောင်း ဖော်ပြထားသည်။

စာသင်ကျောင်းများအား စောလျင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ကျောင်းသားကျောင်းသူများ၏ ပညာရေးအား နှောင့်နှေးမှု မရှိစေရန် ငဲ့ကွက်သောအားဖြင့် TLEC နှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း TLECက ထုတ်ပြန်သည်။

ယခု ကျောင်းမဖွင့်နိုင်သေးသည့် ကျောင်းများတွင် ပုံမှန်တက်ရောက်စာသင်ကြားနေသည့် ကျောင်းသူ ကျောင်းသားများ ပညာသင်ကြားခွင့်အား မဆုံးရှုံးစေရန်အတွက် လတ်တလောတွင် နီးစပ်ရာ TLEC ကျောင်းသို့ သွားရောက်ကာ ပညာသင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းဒေသ လက်ရှိ စစ်ရေး၊နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်တားဘုန်းကျော်၏ ပြောကြားချက်များကို TNLA သတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် TNLAနှင့် အပစ်ရပ်စဲထားသော်လည်း TNLA တပ်စခန်း ရှိရာသို့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

သတင်း

ဇွန်လ ၁၁ရက်တွင်လည်း မန်တုံမြို့ စစ်ကောင်စီတပ်စခန်းဟောင်း၌ မိုင်းပေါက်ကွဲမှုကြောင့် မှိုသွားရှာသည့် စစ်ရှောင်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၌ယခုကဲ့သို့ လေကြောင်းမှ တိုက်ခိုက်မှုသည် စစ်ကောင်စီဘက်မှစတင်၍ ဟိုင်ဂင်အပြစ်ရဲ့စာချုပ်ကို ချိုးဖောက်လာခြင်းကို မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။