Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နောင်ချိုဒေသခံများအား ဆန်များပေးဝေဟု DPLA အသိပေး

တအာင်းတပ်မတော်(TNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် နောင်ချိုမြို့ဒေသခံများအား ဆန်များပေးဝေခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)က အသိပေးထုတ်ပြန်သည်။

နောင်ချိုဒေသခံများအား ဆန်များပေးဝေနေစဉ်။ ဓာတ်ပုံ - DPLA

ယောနသံ/People’s Spring

စစ်ဘေးရှောင်ရာမှ နေရပ်ပြန်လာကြသော နောင်ချိုဒေသခံ ပြည်သူများအား ဇူလိုင် ၁၉ ရက်တွင် လူသားချင်းစာနာမှုဖြင့် ဆန်များပေးဝေခဲ့သည်ဟု DPLAက ထုတ်ပြန်ထားသည်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)သည် ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနှင့် ဒုတိယပိုင်းတွင် TNLA နှင့် ပူးတွဲ တိုက်ပွဲဝင်နေခြင်းဖြစ်သည်။

” စစ်ကောင်စီကို ဖြုတ်ချဖို့ဆိုပြီး ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ဖြစ်လို့ အခုလို ပြည်သူ့အကျိုးအတွက် လုပ်နေတာကို ဂုဏ်ယူတယ်။ ဓနုမြေမှ မဟုတ်ဘူး မြန်မာနိုင်ငံဘယ်နေရာမဆို ပြည်သူ့အကျိုးလုပ်နေတာမြင်ရတာ ဝမ်းသာတယ်။ ဓနုပြည်သူတွေအနေနဲ့လည်း ဒီထက် တိုးတစ်မျိုး၊ ကျယ်တစ်မျိုး ပိုအားထည့်ပြီး တော်လှန်ရေးကို ပိုကူပေးဖို့လိုတယ်”ဟု ဓနုတိုင်းရင်းသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ