Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်ရွှေတိုက်ပွဲ PNOပြည်သူ့စစ်စခန်း နှစ်ခုရ၊ ပြည်သူ့စစ် ၁၅ဦးထက်မနည်းသေဆုံးဟုဆို

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်စခန်းနှစ်ခုရရှိပြီး ပြည်သူ့စစ် ၁၅ ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းများ ရရှိကြောင်း ကရင်နီတော်လှန်ရေးအင်အားစု တာဝန်ရှိသူထံမှ သိရသည်။

ရှမ်းတောင်နှင့် ကရင်နီတော်လှန်ရေးအင်အားစုများသိမ်းပိုက်ခဲ့သည့် လွယ်လုံရွာမှ PNO စခန်းအားတွေ့ရစဥ်။ ဓာတ်ပုံ - The Dragon

ရဲခေါင်/People’s Spring

ညောင်ရွှေမြို့နယ်၊လွယ်လုံကျေးရွာအနီး PNO စခန်းနှစ်ခုကို ဇူလိုင် ၁၈ ရက်က သိမ်းပိုက်ရရှိခဲ့ခြင်းဟု ဆိုသည်။

“လက်နက်ကြီး၊ငယ် ၁၀လက်ကျော်ရတယ်။ ပူးပေါင်းတပ်မှ ထိခိုက်ပေးဆပ်မူရှိတယ်”ဟု အထက်ပါတာဝန် ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

ဇွန်လဆန်းပိုင်းကစတင်ခဲ့သော ရှမ်းတောင်နှင့် ကရင်နီပြည်သို့ စစ်ကောင်စီတပ်နှင့် PNO ၏ တစ်ဖတ်သတ်ထိုးစစ်ကို တော်လှန်ရေးအင်အားစုများက ဇူလိုင် ၁၈ ရက်ကစ၍ တန်ပြန်ထိုးစစ် ဆင်နေခြင်း ဖြစ်သည်။

ညောင်ရွှေမြို့နယ်ရှိ စံကားနှင့် ဆည်ခေါင်းကျေးရွာတို့တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဇူလိုင် ၂၀ရက်တွင် လေကြောင်း တိုက်ခိုက်ခဲ့သည်။

လက်ရှိ ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ရှောင်ဒေသခံ တစ်သောင်းကျော်ရှိနေကြောင်းလည်း Voice Of Pinlaung တာန်ရှိသူက လူထုနွေဦးသို့ အသိပေးသည်။

(ရှမ်းတောင်နှင့် ကရင်နီတော်လှန်ရေးအင်အားစုများသိမ်းပိုက်ခဲ့သည့် လွယ်လုံရွာမှ PNO စခန်းအားတွေ့ရစဥ်။ ဓာတ်ပုံ – The Dragon)

ဆက်စပ်သတင်းများ

သတင်း

ရွာလူကြီး ဦးထက်နိုင်ကို ကျေးရွာသင်္ချိုင်းကုန်းသို့ ဖမ်းဆီးခေါ်ဆောင်သွား၍ ရွာသားများက လိုက်သွားရာ PNOက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ကြောင့် ဦးထက်နိုင် သေ၊မသေ မသိရဖြစ်နေကြောင်း ဒေသခံကို ကိုးကားပြီး PNLAက ထုတ်ပြန်သည်။

သတင်း

PNO ပြည်သူ့စစ်သည် စစ်ရှောင်များအား တက်ကြွစွာအကူအညီပေးနေသည့် ခွန်ဇာခွန်ကို အညိုးအတေးဖြင့် လိမ်ညာခေါ်ယူသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ရာ၌လည်း နှိပ်စက်ခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောကြားထားသည်။

သတင်း

PNOသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ၌ စစ်ကောင်စီဘက်က အတူတိုက်ပွဲဝင်နေသည့် ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။