Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အပစ်ရပ်စဲရန် ဗဟိုညွှန်ကြားချက် မရှိ၊ တရုတ်အစိုးရ ဖိအားပေးနေဟု TNLA ပြော

အပစ်ရပ်စဲရန် တအာင်းတပ်မတော်(PSLF/TNLA) ဗဟိုက ညွှန်ကြားချက်မရှိသေးကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးသို့ ပြောသည်။

၁၀၂၇စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်းတွေ့ရသော TNLA ရဲဘော်တစ်ဦး။ ဓာတ်ပုံ - TNLA

” ဘရိတ်ခဏယူရအောင် ဘောလုံးကန်နေတာလည်း မဟုတ်။ ခဏခဏရပ်ရအောင်လည်း လက်ဝှေ့ထိုးတာ မဟုတ်။ လင်းလင်းသီချင်းကို ဆက်ဆိုကြရအောင်ပါ။ ရှေ့သို့… ရှေ့သို့… ချီတက်ကြစို့”

− ဗိုလ်ချုပ်တားဘုန်းကျော်

ဟန်နွေ/People’s Spring

TNLA၏ မဟာမိတ် ကိုးကန့်တပ်မတော်(MNDAA)က ဇူလိုင် ၁၉ရက်မှ ၃၁ရက်အထိ အပစ်ရပ်ထားရန် အောက်ခြေတပ်ဖွဲ့များအား ညွှန်ကြားထာသည့် အခြေအနေနှင့်ပတ်သက်ပြီး TNLA ဖွဲ့အနေဖြင့်လည်း ထိုသို့ အပစ်ရပ်ရန် ညွှန်ကြားမှုရှိ၊မရှိ မေးမြန်းရာ အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ ဖြေကြားလာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အပစ်ရပ်နဲ့ပတ်သက်ပြီး ဗဟို ညွှန်ကြားတာမရှိသေးဘူး။ လက်ရှိ တိုက်ပွဲ ပြင်းထန်နေတယ်။ တရုတ်အစိုးရလည်း ဖိအားပေးနေပါတယ်”ဟု လွေးယေဦးက ပြောသည်။

လတ်တလော တိုက်ပွဲပြင်းထန်နေသည့် နေရာဒေသများမှာ မိုးကုတ်၊ ကျောက်မဲ၊ မိုးမိတ် မြို့နယ်များဟုလည်း ၎င်းက ပြောသည်။

TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တာဘုန်းကျော်ကလည်း “ဘရိတ်ခဏယူရအောင် ဘောလုံးကန်နေတာလည်း မဟုတ်။ခဏခဏရပ်ရအောင်လည်း လက်ဝှေ့ထိုးတာ မဟုတ်။ လင်းလင်း သီချင်းကိုဆက်ဆိုကြရအောင်ပါ။ ရှေ့သို့… ရှေ့သို့… ချီတက်ကြစို့”ဟု ယနေ့ နေ့လယ်ပိုင်းတွင် လူမှုကွန်ရက်၌ ရေးသားခဲ့သည်။

TNLAသည် ဇွန်လ ၂၅ရက်တွင် ၁၀၂၇စစ်ဆင်ရေး အပိုင်း(၂)ကို မဟာမိတ်များနှင့်အတူ ဖော်ဆောင်ခဲ့ရာ နောင်ချိုမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်ပြီး ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ် မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

TNLA အနေဖြင့် ဇူလိုင် ၁၄ရက်က ကိုးကန့်တပ်မတော်နှင့်အတူ အပစ်ရပ်စဲမှု ၄ရက်ကြာ ပြုလုပ်ခဲ့သေးသည်။ ဇူလိုင် ၁၄ရက်ည ၁၂နာရီမှ ၁၈ရက် ည ၁၂နာရီအထိ အပစ်ရပ်ထားရန် ကြေညာခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ရှိခဲ့၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အပစ်ရပ် ကြေညာမှု ၄ရက်အတွင်း တိုက်ပွဲအကြိမ် ၂၀ကျော်ဖြစ်ခဲ့သည်ဟုဆိုသည်။

အလားတူ ကိုးကန့်တပ်မတော်သည်လည်း ၄ရက်ကြာ အပစ်ရပ်ထားသော်လည်း လားရှိုးတွင်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ယခုတွင်လည်း တရုတ်အစိုးရ၏ တောင်းဆိုချက်ကြောင့် ဇူလိုင် ၁၉ရက်မှ လကုန်ပိုင်းအထိ ၁၃ရက်ကြာ အပစ်ရပ်ထားမည်ဟု MNDAAက အောက်ခြေသို့ ညွှန်ကြားထားသော်လည်း မြေပြင်၌ တိုက်ပွဲများ ရပ်နားခြင်းမရှိဘဲ လားရှိုးမြို့နှင့်အနီး တိုက်ပွဲများမှာ နေ့စဉ်ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)အနေဖြင့် ၄ရက်တာ အပစ် ရပ်ခဲ့သော်လည်း စစ်ကောင်စီတပ်က ထိုးစစ် ဆင်၍တိုက်ပွဲအကြိမ် ၂၀ကျော်ဖြစ်ခဲ့သည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၌ ယနေ့(ဇူလိုင် ၁၈) တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကြောင့် အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံတို့က အသိပေးသည်။

သတင်း

မိုးမိတ်မြို့ပေါ် တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးသည် ဇူလိုင်လ ၁၄ ရက်ကတည်းက ထွက်ပြေးသွားပြီး ယခုအခါ TNLA ရဲတပ်ဖွဲ့က မြို့လုံခြုံရေးယူထားကြောင်း ဒေသခံများကပြောသည်။

သတင်း

TNLA နှင့် မဟာမိတ် ကိုးကန့်တပ်ဖွဲ့(MNDAA) တို့သည် ဇူလိုင် ၁၄ရက်ည ၁၂နာရီမှ ဇူလိုင် ၁၈ရက် ည ၁၂နာရီအထိ ၄ရက်တာ တစ်ဖက်သတ်အပစ်ရပ်ထားခြင်းဖြစ်သည်။