Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သပိတ်ကျင်းရှိ တွင်းငယ်ရဲစခန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်

အဆိုပါရဲစခန်းကို KIA၊ KPDFနှင့် ကျောင်းသားတပ်မတော်(ABSDF)ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် အောင်ပွဲခံနေစဉ်။ ဓာတ်ပုံ - သတင်းရင်းမြစ်

ဟန်နွေ၊မိထက်/People’s Spring

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ ​၏ တွင်းငယ်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ (ဇူလိုင် ၂၅ရက်)တွင် ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါရဲစခန်းကို KIA၊ KPDFနှင့် ကျောင်းသားတပ်မတော်(ABSDF)ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” ဒီကနေ့ ၁၁နာရီ ၂၀ မိနစ်မှာ တွင်းငယ်ရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့များ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တွင်းငယ် ရဲကင်းစခန်းရှေ့တွင် ပူးပေါင်းတပ်ဖွဲ့များ အောင်ပွဲခံနေသည့် ဓာတ်ပုံမှတ်တမ်းကိုလည်း စစ်ရေးသတင်းရင်းမြစ်က ပြသသည်။

ဓာတ်ပုံမှတ်တမ်းအရ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲများ ကိုင်လေ့ရှိသည့် လက်နက် ၆လက်ထက်မနည်း သိမ်းပိုက်ရရှိထားသည်ကိုလည်းတွေ့ရသည်။

သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် အောင်ပွဲခံနေစဉ်။ ဓာတ်ပုံ – သတင်းရင်းမြစ်

” တွင်းငယ်ရဲစခန်းရပါပြီ။ ဒီစခန်းက မိုးမိတ်-မန္တလေးလမ်းပိုင်းမှာရှိတဲ့ အခိုင်အမာတပ်ပါ။ စစ်‌ဒေသက မကြာခင်တရားဝင်ထုတ်ပါလိမ့်မယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးမှုများပြားကြောင်း သိရပြီး အသေးစိတ်ကို မသိရသေးပေ။

KIA ပူးပေါင်းတပ်သည် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို ယခု ဇူလိုင်လအတွင်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တပ်စခန်း ၃ခုကို သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အင်းနက်ကျေးရွာရှိ စစ်ကောင်စီစခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်အား တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးပြီး ရှစ်ဦးဖမ်းမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်သည့်။

သတင်း

ထီးချိုင့် နှင့် သပိတ်ကျင်းမြို့ကြား တကောင်းမြို့၊ အင်းနက်ကျေရွာရှိ စစ်‌ကောင်စီတပ်၏ ဆက်သွယ်ရေး တာဝါတိုင်ကုန်း စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၇ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။

သတင်း

ပုဂ္ဂလိက စီးပွားရေးနယ်ပယ်ကိုလည်း နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ဖိနှိပ်မှုတို့ကြောင့် မြန်မာ့စီးပွားရေး နယ်ပယ်သည်လည်း ပြန်လည်ဦးမော့စေရန် ခက်ခဲနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း ဖော်ပြသည်။