Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမိတ်တစ်မြို့လုံးကို ထိန်းချုပ်ထားပြီး စစ်ကောင်စီဗျူဟာကုန်းကို ထိုးစစ်ဆင်နေဟု PLA ပြော

PLAက ယနေ့(ဇူလိုင် ၂၅ရက်) ညနေပိုင်းတွင် မိုးမိတ်နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ရာ မိုးမိတ်သည် PLA၏ အောင်မြေဖြစ်ကြောင်း၊ မဟာမိတ် TNLA(တအာင်းတပ်မတော်)နှင့် အခြားသော မဟာမိတ်များ၏ အောင်မြလည်းဖြစ်ကြောင်း အသိပေးကာ မှတ်တမ်းဓာတ်ပုံအချို့ကို ဖော်ပြသည်။

မိုးမိတ်မြို့၌ တွေ့ရသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)မှ ရဲဘော်များ။ ဓာတ်ပုံ - PLA

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုးမိတ်မြို့ တစ်မြို့လုံးကို တော်လှန်ရေးပူးပေါင်းတပ်က ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

PLAက ယနေ့(ဇူလိုင် ၂၅ရက်) ညနေပိုင်းတွင် မိုးမိတ်နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ရာ မိုးမိတ်သည် PLA၏ အောင်မြေဖြစ်ကြောင်း၊ မဟာမိတ် TNLA(တအာင်းတပ်မတော်)နှင့် အခြားသော မဟာမိတ်များ၏ အောင်မြလည်းဖြစ်ကြောင်း အသိပေးကာ မှတ်တမ်းဓာတ်ပုံအချို့ကို ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ခဲ့သည့် မှတ်တမ်းဓာတ်ပုံတွင် မိုးမိတ်မြို့ ဆိုင်းဘုတ်ရှေ့၌ PLA ရဲဘော်ရောက်ရှိမှု အပါအဝင် PLA ရဲဘော်အချို့၏ လှုပ်ရှားမှု ဓာတ်ပုံများကို တွေ့ရသည်။

အဆိုပါ ထုတ်ပြန်မှုနှင့်ပတ်သက်၍ PLA သတင်းပြန်ကြားရေးတာဝန်ရှိသူအား မိုးမိတ် အခြေအနေကို မေးမြန်းရာ “မိုးမိတ် တမြို့လုံးကိုတော့ ထိန်းချုပ်ထားပါပြီ။ ဗျူဟာကုန်းကိုတော့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်”ဟု ဖြေကြားသည်။

TNLA၏ ဇူလိုင် ၂၄ရက် ယမန်နေ့ စစ်ရေးအခြေအနေ ဖော်ပြချက်တွင်လည်း မိုးမိတ်ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းတစ်ခုဖြစ်သည့် ဗျူဟာကုန်းကို ယမန်နေ့ နေ့လယ်က စတင် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု အသိပေးထားသည်။

TNLAနှင့် မဟာမိတ်များသည် ဇွန်လ ၂၅ရက်မှစတင်၍ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ပြန်လည်ဖော်ဆောင်ခဲ့ရာ တစ်လအတွင်း မိုးကုတ်၊ နောင်ချိုမြို့များကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ကျောက်မဲ၊ မိုးမိတ်မြို့များကိုလည်း ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ လက်ကျန် တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်းရှိ ပန်မထိပ်ရွာအနီးနှင့် အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်စခန်းအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် PDF မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများသိမ်းဆည်းရမိပြီး ရန်သူ့အလောင်း ၂၀ ရှင်းလင်းနိုင်ခဲ့ကြောင်း TNLAက ယနေ့ ထုတ်ပြန်သည်။

သတင်း

မိုးမိတ်မြို့ပေါ် တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးသည် ဇူလိုင်လ ၁၄ ရက်ကတည်းက ထွက်ပြေးသွားပြီး ယခုအခါ TNLA ရဲတပ်ဖွဲ့က မြို့လုံခြုံရေးယူထားကြောင်း ဒေသခံများကပြောသည်။

သတင်း

မိုးကုတ်မြို့အရှေ့ပိုင်း ကြက်ခြံနှင့် အမှိုက်ပုံနေရာအနီးတဝိုက်တွင် စစ်ကောင်စီတပ် လပခ၊ ခလရ (၇၁၊၈၈)နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၌ယခုကဲ့သို့ လေကြောင်းမှ တိုက်ခိုက်မှုသည် စစ်ကောင်စီဘက်မှစတင်၍ ဟိုင်ဂင်အပြစ်ရဲ့စာချုပ်ကို ချိုးဖောက်လာခြင်းကို မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။